ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၃) မျိုး

ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၃) မျိုး ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။ ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။ (၁) မုန့်ဖုတ်ဆိုဒါရည် လိုအပ်သောပစ္စည်းများ မုန့်ဖုတ်ဆိုဒါ ၄ဇွန်း ဆား ၂ ဇွန်း ရှာလကာရည် ၁ခွက် မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်လိုက်ပါ။ ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်။ (၂) Asprin Asprin ဆေးပြား ၂ပြားကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ … Read more