ဘေးဥပါဒ် မဖြစ်စေဘဲ မြန်မြန်ဆန်ဆန် ဝိတ်ကျစေမယ့် နည်းလမ်း

ဘေးဥပါဒ် မဖြစ်စေဘဲ မြန်မြန်ဆန်ဆန် ဝိတ်ကျစေမယ့် နည်းလမ်း ဝိတ်ကျဖို့ဆိုတာ မိန်းကလေးအများစုရဲ့ စိတ်ကူးအိပ်မက် ပန်းတိုင်တစ်ခုပါ။ ကိုယ်ဝတ်ချင်တဲ့ အကျီ၊ ဂါဝန်လေးတွေ ဝတ်နိုင်ဖို့အတွက် စိတ်ကူးထဲက လိုချင်မိတဲ့ ခန္ဓာကိုယ်အချိုးအစားလေးရဖို့ ကြိုးစားရတာလည်း တစ်နေ့တစ်နေ့ အမောပါပဲ။ ဒါပေမယ့် နည်းမှန်လမ်းမှန်အတိုင်း မလုပ်ဘူးဆိုရင်တော့ ဘယ်လောက်ပဲကြိုးစားကြိုးစား ရလဒ်ကောင်းတွေက ဝေးသထက် ဝေးသွားလို့နေပါလိမ့်မယ်။ တတ်နိုင်သမျှ ဟင်းသီးဟင်းရွက် များများစားပေးပါ ကိုယ်စားနေတဲ့ ထမင်းဟင်းပွဲထဲမှာ ၅၀ ရာခိုင်နှုန်းလောက် အသီးအရွက်တွေပါဝင်နေတယ်ဆိုရင်တော့ ကျန်းကျန်းမာမာနဲ့ ဝိတ်ကျဖို့အတွက် လမ်းကြောင်းမှန်ပေါ် စတက်နေပါပြီ။ မနက်စာ ကောင်းကောင်းစားပါ အစာစားချိန်တွေအကုန်လုံးက တန်းတူအရေးပါတယ်ဆိုပေမယ့်လည်း တစ်နေကုန် ကောင်းကောင်းလှုပ်ရှားသွားလာနိုင်ဖို့အတွက် မနက်စာကောင်းကောင်းစားဖို့ကတော့ အရေးကြီးဆုံးပါပဲ။ မနက်စာစားတဲ့အခါ ကယ်လိုရီ ၄၀၀ နဲ့ ၅၀၀ ကြားရှိတဲ့ အစားအစာများကို ရွေးချယ်ပေးပြီး ကြက်ဥ၊ … Read more