အချိန်အခါမဟုတ် ရွာသွန်းနိုင်သော ဖျက်မိုး သတိပြုပါ

“အချိန်အခါမဟုတ်ရွာသွန်းနိုင်သောဖျက်မိုး သတိ” ၇.၁၁.၂၀၂၀ ညနေ ၄ နာရီ ၂၅ မိနစ် တောင်တရုပ်ပင်လယ်ပြင်မှ တိုင်ဖုန်း မုန်တိုင်းဂိုနီ “GONI ” ရဲ့ ကြွင်းကျန် တိမ်တိုက်များဟာ ကပ္ပလီ ပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ် ။ ထိုဖြစ်စဥ်ကြောင့် မနက်ဖြန်နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ပဲခူးတိုင်းဒေကြီး ၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာသွန်း နိုင်ပါတယ်။ နေပြည်တော် ၊ မန္တလေးတိုင်းဒေသကြီးအောက်ပိုင်း ကယားပြည်နယ် ၊ ရခိုင်ပြည်နယ်အောက်ပိုင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်းနှင့်ချင်းပြည်နယ် တို့မှာနေရာ ကွက်ကျား မိုးရွာသွန်းနိုင်ပါတယ်။ မနက်ဖြန် မဲပေးမည့် မိဘပြည်သူများအနေနဲ့ နံနက်ပိုင်းမှာ မိုးလေကင်းလွတ်နိုင်သော်လဲ ညနေပိုင်းမှာတော့ အထက်မှာဖော်ပြထားသည့် နေရာများမှာတော့ ထီးလိုအပ်လျှင် ဆောင်သွား ဖို့ အကြံပြုလိုပါတယ် … Read more