စီးပွားရေး ငွေရေးကြေးရေး လာဘ်လာဘ အဆင်ပြေစေရန် ..

ပရုပ် ထောပတ် မီးထွန်းအစီအရင် ယခုဖြစ်ပျက်နေတဲ့ မိတ်ဆွေတို့၏အနာဂါတ်အရေး မသေချာမရေရာဖြစ်နေသည့် ပစ္စုပ္ပန်ကပ်ဘေးကာလတွင် မဝေခွဲနိုင်သော၊ စိတ်ဆုံးဖြတ်ချက်ချမရသောကိစ္စများ ဖြစ်နေကြမယ်ဆိုတာကို တွေးမိနေပါတယ်။ ထို့ကြောင့်စွန့်စားလုပ်ကိုင်နေထိုင်နေရသူများကလည်း အမှားအယွင်း​တွေဖြစ်တတ်ပြီး ဘဝအတက်အကျ မြန်တတ်သည့်ကာလပါ။ စီးပွားရှာရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရပ်များကြောင့် ငွေရေးကြေးရေးလာဘ်လာဘ ပျောက်ဆုံးပြီး စိတ်ပူပင်သောကရောက်နေကြသူများ မိမိအိမ် တစ်မိသားစုလုံး တစ်ယောက်ကိုတစ်ယောက် စိတ်ဝမ်းကွဲနေကြပြီး ရန်ဖြစ်ရန်များဖြစ်နေကြသူများ ကံဇာတာ အနိမ့် အမြင့် အလိုက်တိုက်ပွဲဝင်နေကြပြီး ဆင်းရဲခြင်းကိုကျော်ဖြတ်နေကြရသူများ ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလျင်မြန်ဆုံးအလိုရှိပါက အကောင်းဆုံးနည်းလမ်းတစ်ရပ်ကို မျှဝေပေးပါရစေ။ ညနေပိုင်း(6:00Pmမှ7:00Pm)အချိန်အတွင်း ပရုပ်ပြား{၂ပြား၊၃ပြားခန့်} ကို ဇာဂနာအချွန်လေးနှင့် ညှပ်ယူပြီး ထောပတ်ဆီတွင် နှစ်လိုက်ပါ။ ထို့နောက် ထောပတ်နှစ်၍ယူထားသောပရုပ်ပြားကို ကြေးခွက်လေးထဲတွင် ထည့်ပြီး မီးရှို့ကာ မိမိ၏ အိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား နေ့စဉ် ညနေတိုင်း ပူဇော်ပေးရပါမည်။ … Read more