မြောင်းမြ မြန်မာ့စီးပွါးရေးဘဏ်ကို စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ဝိုင်းထားပြီး ဘဏ်အတွင်းမှ သေနတ်ဖောက်သံထွက်ပေါ်

မြောင်းမြ မြန်မာ့စီးပွါးရေးဘဏ်ကို စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ဝိုင်းထားပြီး ဘဏ်အတွင်းမှ သေနတ်ဖောက်သံထွက်ပေါ် မြောင်းမြမြို့ မြန်မာ့စီးပွါးရေးဘဏ်ကို အာဏာသိမ်းနှင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့ နေ့လည် ၁၁နာရီခန့်တွင် အကာအရံအတားဆီးများချကာ ပိတ်ဆို့ထားခဲ့ပြီးနောက် ဘဏ်အတွင်းမှာ သေနတ်ဖောက်သံ ထွက်ပေါ်ခဲ့ပါတယ်။ ဘဏ်အတွင်းသို့ စစ်သားများ၊ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှ အကြီးတန်းအရာရှိများ ဝင်ရောက်သွားပြီးနောက် သေနတ်သံထွက်ပေါ်ခဲ့တာပါ။ အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ပြည်သူများကတော့ သေနတ်သံကြားရသော်လဲ အော်ဟစ်ဆူညံသံများကို မကြားရဘူးလို့ ဆိုပါတယ်။ သေနတ်ပစ်ဖောက်ရသည့် အကြောင်းကို ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်သားတစ်ဦးမှာ သေနတ်အား ကျောသိုင်းလွယ်၍ သတိဆွဲအလေးပြုစဉ် ကျည်ဆံထွက်သွားတယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းများအရတော့ ဘဏ်အတွင်းရှိ ငွေတိုက်သော့ကို သေနတ်ပစ်ဖောက် ဖျက်ဆီးတယ်လို့လဲ ထွက်ပေါ်နေပါတယ်။ ဘဏ်ဝန်ထမ်းများကို ရဲတပ်ဖွဲ့မှ ရုံးမတက်မနေရဖြင့် နေအိမ်များမှ လာရောက်ခေါ်ယူသွားခြင်းများ … Read more