မွေးရက်အလိုက် ကံကောင်းစေမယ့် အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ
တစ်ခါတစ်လေ သဘာဝလွန်အကြောင်းအရာမျိုးတွေဆိုတာ မယုံလို့လည်းမရပါဘူး။ ဒီတော့ လိုအပ်တဲ့အခါမျိုးမှာ အသုံးချနိုင်ဖို့အတွက် သင့်ရဲ့မွေးရက်နဲ့လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်တွေက ဘယ်လိုမျိုးတွေလဲ၊ အရေးကြီးတဲ့အချိန်မျိုးတွေမှာ ရှောင်ရမယ့်အရောင်တွေဟာ ဘယ်လိုအရောင်တွေဖြစ်မလဲဆိုတာလေးကို ဖော်ပြပေးသွားမှာပါ။ ကိုယ်မွေးတဲ့ရက်လေးနဲ့လိုက်ပြီး ရှာရုံပဲနော်။ ၁ ရက်နေ့၊ ၁၀ ရက်၊ ၁၉ နဲ့ ၂၈ ရက် နေရဲ့လွှမ်းမိုးမှုအောက်မှာ ရောက်နေတဲ့ ၁ ကဏန်းသမားတွေဟာ လိမ္မော်ရောင်၊ အဝါနဲ့ ရွှေရောင်တွေကို သုံးနိုင်ပါတယ်။ အမည်းနဲ့အနီတို့ကိုတော့ ရှောင်ရှားပါနော်။ ၂ ရက်နေ့၊ ၁၁ ရက်၊ ၂၀ နဲ့ ၂၉ ရက် ၂ ကဏန်းသမားတွေဟာ သဘာဝကြီးရဲ့အုပ်စိုးမှုအောက်ကို ရောက်နေတဲ့အတွက်ကြောင့် အစိမ်းရောင်ဟာ သူတို့အတွက် ကံအကောင်းဆုံးအရောင်တွေပါပဲ။ ဒီအပြင် သဘာဝအရောင်တွေထဲ ပါဝင်နေတဲ့ အပြာရောင်၊ နို့နှစ်ရောင်နဲ့ ငွေရောင်တို့ကိုလည်း သုံးဆောင်ဝတ်ဆင်နိုင်ပါတယ်။ … Read more