ရှင်မထီးတန်ဆောင်းမှဟောကိန်းများ အတော်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်

ဤစာကိုရေးရန် ရက်ပေါင်းများစွာ ချီတုံချတုံ ဖြစ်ခဲ့သည်။ အရူးစာရင်း လူယုတ်မာစာရင်း ကြပ်မပြည့်သူစာရင်း တစ်ဖက်ပိတ်စာရင်း သွင်းကာ အလှောင်ခံရမည်ကိုလည်း ကောင်းစွာသိထားပါသည်။ ဤစာကို မြင်တွေ့ကြားသိခဲ့ရသည့် အတိုင်းသာ ရေးပါသည်ဟု ကျိန်ဝံ့ပါသည် ဘာသာရေးယုံကြည်သက်ဝင်ခြင်း နှင့်လည်း နည်းနည်းမျှမသက်ဆိုင်ကြောင်း ဦးစွာပြောလိုပါသည်။ ၂၀၁၆ တုန်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် ငွေကြေးကြပ်တည်း ရည်းစားနှင့်ကွဲနေစဉ် ကြံရာမရဖြစ်ကာ ရွှေတိဂုံဘုရား ညတိုင်းသွားနေချိန်ဖြစ်ပါသည်။ဘာသာမဲ့ သိပ္ပံသမားများအနေဖြင့် ကြည့်သော် ကျွန်တော်မှာ ဒုက္ခများချိန် ဘုရားရှိခိုးသော ဉာဏ်ပညာနုံနဲ့သူသာဖြစ်ချိမ့်မည်။ ဉာဏ်ပညာကြီးမြင့်သူ အဆင့်မြင့် ဗုဒ္ဓဘာသာများအမြင်အရကြည့်လျှင် လောကဓံကို ကြံ့ကြံ့မခံဘဲ သက်ရှိ ထင်ရှားမရှိတော့သော ဘုရားကို အလကားနေအလကားဂျီတိုက်ပူဆာ နေသူ ဖြစ်ချိမ့်မည်။ သို့သော် မည်သူတွေမည်ကဲ့သို့ မြင်ခြင်း ဆိုသည့်ကိစ္စထက် စိတ်ဆင်းရဲနေချိန်တွင် ရွှေတိဂုံဘုရားကို ဖူးမြင်ရလျှင်ပင် စိတ်ထဲ … Read more