အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိသာစေတဲ့အချက် (၆)ချက်

ချစ်သူရွေးကြတဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာလဲ။ တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ် သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး … သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင် သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ။ (၂) စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ် တခါတရံ ကိုယ်ချစ်တဲ့သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။ … Read more