ယနေ့ကျင်းပနေတဲ့ ကုလလူ့အခွင့်ရေးကောင်စီအစည်းဝေး (မြန်မာပြန်အသေးစိတ်)

ယနေ့ကျင်းပနေတဲ့ ကုလလူ့အခွင့်ရေးကောင်စီအစည်းဝေး၌ နေပြည်တော် ဆန္ဒပြပွဲအတွင်း သေနတ်ဖြင့်အပစ်ခံခဲ့ရသည့် မမြသွဲ့သွဲ့ခိုင် အကြောင်း အမည်နှင့်တကွ ဖတ်ကြားတင်သွင်း ❗ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်အင်ဒရူး က ၁။ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ တကယ်ရှိခဲ့တယ်ပဲထားဦး စစ်တပ်အနေဖြင့် အာဏာသိမ်းစရာ လုံးဝမရှိကြောင်းနှင့် ၂။ အာဏာသိမ်းအဖွဲ့ကို နိုင်ငံတကာမှ လုံးဝအသိအမှတ်မပြုကြဖို့ တိုက်တွန်းပြောကြား။ ဆက်လက်ကျင်းပနေသည့် ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးအစည်းဝေးပွဲအတွင်း အာဏာသိမ်း စစ်အုပ်စုက ခန့်အပ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနေရာ ရယူထားသည့် ဦးကိုကိုနိုင်က “လက်ရှိ မြန်မာနိုင်ငံဟာ ထိခိုက်လွယ်သည့် အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့အတူ ပြင်းထန်သည့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့်အတွက် ဒီမိုကရေစီစနစ်ကိုပြောင်းလဲကျင့်သုံးနေသည့်အချိန် အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရပ်တန့်အောင် မလုပ်စေချင်ကြောင်း” ပြောကြား။ မြန်မာ့လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်သောမတ်စ်အင်ဒရူးက ၁။ ဖမ်းဆီးထားသူများအား … Read more