အိမ်သုံး လျှို့ဝှက်နည်းလမ်းလေးတွေ တန်ဘိုး အလွန်ရှိသော သဘာဝဆေးမြီးတိုများ

အိမ်သုံး လျှို့ဝှက်နည်းလမ်းလေးတွေ တန်ဘိုး အလွန်ရှိသော သဘာဝဆေးမြီးတိုများ မဖြစ်မနေ မှတ်သားထိုက်သော အိမ်သုံး လျှို့ဝှက်နည်းလမ်းလေးတွေ တန်ဘိုး အလွန်ရှိသော သဘာဝဆေးမြီးတိုများ ဝက်ခြံပျောက်နည်း ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကိုအရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကိုလိမ်းပေးပါက 0က်ခြံများ ပျောက်ပါသည်။ အရိုးစူးလျှင်ပျောက်နည်း ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါကလျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။ ခြေထောက်ကို သံစူးလျှင် သက်သာနည်း သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။ ဆံပင်မကျွတ်စေသောနည်း အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါကပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။ အိပ်ပျော်နည်း ဒန်းကျွဲစေ့ခြောက်ကိုမီးနှင်လှော် အမှုန့်ပြုပြိးကော်ဖီနှင့်ရောသောက်ပါ။ ခေါင်းကိုက်သက်သာနည်း ကိုယ်လက်ပင်ပန်းပြီးခေါင်းကိုက်လျှင် သံပုရာသီးတစ်ခြမ်းကိုအနှပ်ရည်ကျကျထဲသို့ိ ထည့်ပြီးသောက်ပါက ခေါင်းကိုက်သက်သာပျောက်ကင်းပါသည်။ နှလုံးရောဂါနှင့် နှလုံးတုန်ပျောက်နည်း ဗာဒံံစေ့အနည်းငယ်ကို ညက်အောင်ထောင်းပြီး နွားနို့နှင့်ရောစပ်ပြီးနေ့စဉ်မှန်မှန်သောက်ပါက နှလုံးရောဂါနှင့်နှလုံးတုန်မောပန်းတာ … Read more