လှီးထားတဲ့ သစ်သီးလေးတွေ အညိုရောင် ပြောင်းမသွားအောင် ဒီလိုလုပ်ထားပါ

အားလုံးပဲမင်္ဂလာပါနော်။ ပန်းသီးတို့ သစ်တော်သီးတို့ လို အသီးအနှံတွေ လှီးပြီးရင် ဧည့်သည်ကို ဧည့်ခံတာ ခဏပဲရှိသေး အညိုရောင်ပြောင်းသွားလို့ စိတ်ညစ်နေကြပြီလား။ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေရှိတယ်နော်။ ဒီတခါ လှီးထားတဲ့ သစ်သီးတွေကို အညိုရောင်ပြောင်းမသွားအောင် ပြုလုပ်လို့ရမယ့် နည်းလမ်း ၃ သွယ်ကို မျှဝေပေးချင်ပါတယ်နော်။ ဆားရေ အရင်ဆုံး ရေ ၂ ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်းနဲ့ နည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ သေချာမွှေပေးလိုက်ပါ။ ပြီးရင် လှီးထားတဲ့ အသီးကိုထည့်ပြီး ၅ မိနစ်လောက် စိမ်ထားလိုက်ပါ။ အဲဒါဆို ပြန်ဆယ်ပြီး ရေစစ်ပေးလိုက်ပါ။ နာရီအတော်ကြာ အထားခံပါတယ်နော်။ စားခါနီး ရေနဲ့ ထပ်ဆေးလိုက်လို့ရပါတယ်နော်။ ပျားရည် ရေနွေးနွေးတစ်ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းထည့်လိုက်ပါ။ ပြီးရင်သေချာလေး မွှေပေးလိုက်ပြီး လှီးထားတဲ့ အသီးကို … Read more