မျက်နှာပေါ်က အရေးကြောင်းနဲ့ ဝက်ခြံ တွေကင်းဖို့ဆိုရင်
မျက်နှာပေါ်ကဝက်ခြံနဲ့ အရေးကြောင်းတွေပျောက်ကင်းဖို့ အုန်းဆီ၊ မုန့်ဖုတ်ဆိုဒါတို့နဲ့ နေ့တိုင်းမျက်နှာသစ်မယ် နေ့စဉ်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေထဲမှာ မျက်နှာသစ်ဆပ်ပြာလည်း ပါဝင်နေပါတယ်။ မျက်နှာသစ်ဆပ်ပြာဟာ အသားအရေ စိုပြေလှပဖို့အတွက် အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ မျက်နှာသစ်ဆပ်ပြာထက် အသားအရေထိန်းသိမ်းဖို့ သဘာဝမျက်နှာသစ်ဆပ်ပြာကိုပြုလုပ်လိုက်ရအောင်ပါ။ အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါဟာ အသားအရေအတွက် အကျိုးကျေးဇူးများပြီး သဘာဝပစ္စည်းတွေမို့ အရေပြားပျက်စီးမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ဝက်ခြံ၊ မျက်နှာမှာ အနီစက်ဖြစ်တာ ၊ အမာရွတ်တွေနဲ့ အရေးကြောင်းတွေအပါအဝင် ဆဲလ်အသေတွေကို ဖယ်ရှားလို့ရနိုင်ပါတယ်။ ပါဝင်ပစ္စည်း မှုန့်ဖုတ်ဆိုဒါ အုန်းဆီ ပါဝင်ပစ္စည်းတွေကို ဘယ်လောက်သုံးမယ်ဆိုတာကတော့ သင့်အသားအရေအမျိုးအစားပေါ်မှာမူတည်ပါတယ်။ အသားအရေက ထိလွယ်ရှလွယ်တဲ့ အသားအရေ (Sensitive Skin) ဆိုရင် အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ၂ ချိုး ၁ ချိုးရောစပ်ပေးရပါမယ်။ တခြားအသားအရေအတွက်ဆိုရင်တော့ … Read more