ဝမ်းလဲမှန်ပါတယ် သွားလဲ တနေ့၂ကြိမ်တိုက်ပါရက်နဲ့ ခံတွင်းနံ့ နံနေရင် ဒီနည်းလေးလုပ်ကြည့်

ဝမ်းလဲမှန်ပါတယ် သွားလဲ တနေ့၂ကြိမ်တိုက်ပါရက်နဲ့ ခံတွင်းနံ့ နံနေရင် ဒီနည်းလေးလုပ်ကြည့်နော် ကျမအသက် ၃၃ နှစ်အိမ်ထောင် ရှိပါတယ် ဆရာ။ အစာအိမ်ကတော့ အပူအစပ်စားရင် နည်းနည်းအောင့်ပါတယ်။ ခန္ဓာကိုယ်က အပူဓာတ်များလို့ အသားကအမြဲ ပူနေတတ်ပါတယ်။ ဒါပေမဲ့ ဝမ်းလဲမှန်ပါတယ်။ အဲ့တာကို ခံတွင်းနံ့နံလို့ပါ ဆရာ။ သွားလဲ တနေ့ ၂ကြိမ် တိုက်ပါတယ်။ ထမင်းစားပြီးတိုင်းလဲ ပလုတ်ကျင်းပါတယ်။ ဒါပေမဲ့ နံတာ မပျောက်သွားပါဘူး။ ခံတွင်းအနံ့ နံတာာကို ကိုယ့်ဖာသာသိနေတော့သူများနဲ့ စကားပြောရမှာ စိတ်ကမလုံဘူးဖြစ်ပါတယ်။ ခံတွင်းနံ့ ပျောက်ဆေးတွေလည်း သုံးဖူးပါတယ်။ မရပါဘူးဆရာ။ ခံတွင်းအနံ့ နံတာပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါလားဆရာ။ ဝမ်းထဲမှာ လေပူရှိလို့ပါ။ မနက်ရေမချိုးမီ ဆန်ဆေးရေအကြည် တစ်ဖန်ခွက်သောက်ပါ။ ခံတွင်းအနံ့တက်တာ သက်သာလာပါလိမ့်မယ်။ ဆန်ဆေးရည်က အအေးပါ။ အပူကိုနိုင်ပါတယ်။ … Read more