ဝဲနှင်းခူ အစိုအခြောက် အကင်းမသေပဲ ခဏသာပျောက်ပြီး ပြန်ဖြစ်နေလျှင်

#ဝဲနှင်းခူ အစိုအခြောက် ရွာမှမိန်းမပျိုလေးတဦးသည် ခြေသလုံးတွင်ဝဲနှင်းခူပေါက်နေသဖြင့် အင်္ဂလိပ်/မြန်မာဆေးပေါင်းစုံဖြင့်ကုသရာ အကင်းမသေ။ခဏသာပျောက် ပြီးပြန်ဖြစ်တော့စိတ်ပျက်နေတာ။ ခွေး/ဆိတ်တွေဝဲစားလျှင် သပွတ်အခါးသီးနှင့်တကြိမ်တည်းပွတ် သည်နှင့်ပျောက်သောကြောင့် အခြားသူတွေကသပွတ်ခါးသီးနှင့် ကုရန်အကြံပေးကြည့်သည်။ အိုးတိုက်တာနဲ့ဆိုတော့မခံနိုင်ဘူးဟုငြင်းသည်။ အမှန်မှာတိရစ္ဆာန် ဆေးနှင့်ကုသည်ဟုအစ။အနောက်ခံရမှာစိုးလို့ပါ။ နောက်တော့ကုဖြစ်သည် ကုနည်းက ဆေးနည်း သပွတ်အခါးသီးအစိုဆို ကျေသွားအောင်ထုပါ။အခြောက်ဆိုအ ပေါ်ယံအခွန်ပါးကိုခွါ။အစေ့တွေထွက်လာမည်။ နောက်နူးလာပြီးအမျှင်တွေ ပျော့သွားသလိုအူတိုင်ပါပျော့လာမည် အနာပေါ်ဖိပွတ်။ပွတ်ပါ။အူတိုင်မှ ဆပ်ပြာမြှုပ်လိုထွက်လာမည်။၁၅မိနစ် ခန့်လုပ်ပါ။အမြှုတ်တွေအတိုင်းထားပါ ရေမဆေးရပါ။ သေချာအောင် နောက်နေ့တကြိမ်ဆက်လုပ်ပါ။ငါးရက်ခန့်ကြာ မှာစပျောက်သည်။ ဆေးကုပြီးတာ( ၇)လရှိပြီဖြစ်ကြောင်း။ပြန်မထလာကြောင်းပြောပြရာ။ မိမိက ဒီရောဂါပိုးဟာနက်ရှိုင်းစွာနေတတ်လို့ ပေါ်ယံသာသေပြီးအ တွင်းကောင်များကျန်နေနိုင်သည်ဖြစ်၍နောက် (၆)လထိကောင်းမှသေချာမှာဟုပြောခဲ့သည်။ ဆရာကြီးသာဂဒိုးပြောသောမောင်သံချောင်း၏ရောဂါပျောက်ပုံ ကိုသဘောကျသည်။သူ့မှာခြေနှစ်ဘက်စလုံး ကြီးမားကျယ်ပြန့်ပြီးထုထယ် ကြီးမားသောဝဲနှင်းခူကြီးဖြစ်နေသူ။ဆေးပေါင်းစုံနေပြီ။မပျောက်။ တနေ့ရွှေတဂုံဘုရား ရေဆိုးမြောင်းလုပ်အားပေးရာသို့ရောက် သွားပြီးကြည့်ရှုနေစဉ်မြောင်းထဲချော်ကျတော့အနာကတစစ် စစ်နှင့်ခံလို့ကောင်း။ သုံးပေကျော်နက်သောမြောင်းထဲမှ ာတနာရီကျော် လုပ်အားပေးလိုက်သည်။ ငါးရက်ကြာသောအခါ အနာဖေးလိုကွာလာပြီးလုံးဝကောင်းသွား တော့သည်။ ဝဲ နှင်းခူပိုးသည်အပုပ်အစပ်ကိုအလွန်ကြိုက်ရာ အစားကောင်းတွေ ရပြီထင်ပြီးအကုန်ထွက်လာတော့သူ့ထက်ကြီးတဲ့ပိုးကစားပြစ်လိုက်တာာပါ … Read more