တစ်ခွက် (၃၀၀၀) မက ရောင်းနေတဲ့ သရက်သီးဖာလူဒါ လုပ်နည်း

တစ်ခွက် (၃၀၀၀) မက ရောင်းနေတဲ့ သရက်သီးဖာလူဒါ လုပ်နည်း စိန်တစ်လုံးသရက်သီးမှည့်တွေ ပေါ်နေပြီဆိုတော့သရက်သီးကြိုက်သူတွေအတွက် ခါတိုင်းနဲ့မတူ တမူထူးတဲ့ သရက်သီးဖျော်ရည် လုပ်နည်းလေး မျှဝေချင်ပါတယ် ချိုချိုအေးအေးမွှေးမွှေးလေးမို့ အခုလို ရာသီဥတုပူတဲ့အချိန်နဲ့ အတော်ပါပဲ(ရေးပေးထားတဲ့အချိုးက သုံးခွက်စာရပါတယ်)*စိန်တစ်လုံး သရက်သီးမှည့်နှစ်လုံး လိုပါတယ်အရင်ဆုံး သရက်သီး တစ်ခြမ်းကို ခပ်သေးသေးအတုံးလေးတွေ တုံးထားပြီး ကျန်တဲ့ တစ်လုံးနဲ့တစ်ခြမ်းကို အနှစ်ကြိတ်ထားပေးပါမယ် သရက်သီးအနှစ်ထဲက စားပွဲဇွန်းနှစ်ဇွန်းစာကို ဖယ်ထားပြီး ကျန်နေတဲ့အနှစ်ထဲကို နို့ဆီ စားပွဲဇွန်း သုံးဇွန်းထည့်မွှေထားပေးပါမယ်*နွားနို့ ၄၀၀ml ကို သကြား စားပွဲဇွန်း‌လေးဇွန်း ဆားအနည်းငယ်ထည့်ပြီး ခပ်ပျစ်ပျစ်ကလေး ရအောင် တည်ထားပေးပါမယ် ရေနွေးဆူဆူမှာ သာကူစေ့ စားပွဲဇွန်း သုံးဇွန်းကို ထည့်ပြုတ်ပါတယ် သာကူမျက်ဆံပျောက်ကာနီးအချိန်မှာ ရေစစ် ရေဆေးပြီး ရေခဲရေထဲစိမ်ထားပေးပါမယ် ရေနွေး ၃၀၀ml ကို အနည်းငယ်ပူအောင်တည်ပြီး … Read more