ဝါညစ်နေတဲ့သွားတွေကိုဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် နည်းလမ်း

ဝါညစ်နေတဲ့သွားတွေကိုဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် နည်းလမ်း သွားဖြူချင်တဲ့သူတွေနဲ့ သွားဝါလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဝါညစ်နေတဲ့သွားတွေကို ဖြေးဖြေးချင်းစီပြန်ဖြူလာစေမယ့် အိမ်တွင်းဖြစ်နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ ချက်ချင်းကြီးဖြူလာမှာမျိုးတော့မဟုတ်ပေမယ့် ၃ ရက် တစ်ခါ၊ ၅ ရက် တစ်ခါ ပုံမှန် မပျက်အကွက် လုပ်ပေးမယ်ဆိုရင်တော့ ဝါနေတာတွေ တဖြေးဖြေးလျော့သွားပြီး ပြန်ဖြူလာမှာပါ။ မျိုးရိုးအရသွားဝါတာမျိုးကျတော့ အိမ်တွင်းနည်းလမ်းလောက်နဲ့ အဆင်မပြေပါဘူး။ သွားဆေးခန်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး လေဆာပစ်တာမျိုးလုပ်မှသာ အဆင်ပြေပါလိမ့်မယ်။ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်ဖြူ၊ သံပယိုရည် (သို့) သံပုရာရည်၊ သွားတိုက်ဆေး၊ နနွင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ကြက်သွန်ဖြူ ၅ တက်ကို အခွံခွာပြီး ပန်းကန်လုံးလေးထဲ ခြစ်ချပေးပါ။ သံပယိုရည် (သို့) သံပုရာရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာ ညှစ်ချပြီးနယ်ပေးပါ။ သွားတိုက်ဆေးကိုလည်း စားပွဲတင်ဇွန်း ၁ ဇွန်းစာ … Read more

အချိန် နှစ်မိနစ်ထဲနဲ့ သွားတွေကိုဖြူဖွေးတောက်ပြောင်လာစေမယ့် နည်းလမ်း ..

လှပတဲ့အပြုံးတပွင့်ဟာ လူတစ်ယောက်ရဲ့ အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။ ဒီလိုလှပတဲ့ အပြုံးတပွင့်ကို ပိုင်ဆိုင်ဖို့ဆိုတာ သွားတွေရဲ့အလှတရား မပါပဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ သင့်ရဲ့သွားတွေလှပလာစေဖို့အတွက် သွားဆေးခန်းမှာ ပိုက်ဆံတွေအများကြီး မသုံးချင်ဘူးဆိုရင် အိမ်မှာပဲသွားတွေကို ဖြူဖွေးလှပလာအောင် ပြုလုပ်လို့ရပါတယ် ကော်ဖီသောက်ခြင်းနဲ့ ဆေးလိပ်၊ ကွမ်း စတာတွေဟာ သွားတွေကိုဝါစေတဲ့ အဓိကပြဿနာတွေဖြစ်ပြီး သွားတွေရဲ့ကြွေလွှာကိုသာမက အတွင်းသွားရိုးရဲ့ သဘာဝအရောင်ကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သွားတွေကိုဖြူဖွေးတောက်ပစေဖို့ သွားဆေးခန်းမှာဂျီးချွတ်တာတွေ သွားခြစ်တာတွေပြုလုပ်ရင်တောင်မှ ခဏတာပဲဖြူဖွေးတောက်ပစေသလို သွားကျင်ခြင်းဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။ ဒီလိုငွေကြေးကုန်ကျမှုနည်းပါးပြီး သဘာဝအတိုင်း သွားတွေကို လှပလာစေဖို့အတွက်ဆိုရင် ပါဝင်ပစ္စည်းနှစ်မျိုးတည်းပါတဲ့ အိမ်တွင်းကုထုံးတစ်ခုနဲ့ စမ်းကြည့်စေချင်ပါတယ် ၁။ မုန့်ဖုတ်ဆိုဒါ ၂။ အုန်းဆီ နည်းလမ်းက ရိုးရှင်းပါတယ် မုတ်ဖုတ်ဆိုဒါကို အုန်းဆီနဲ့ခပ်ပျစ်ပျစ်လေး ရောနှောလိုက်ပါ။ ပြီးလျှင်သွားတိုက်ဆေးသဖွယ် အသုံးပြုပြီး သွားပွတ်တံနဲ့ သင့်ရဲ့သွားတွေကို ဖြည်းညင်းစွာပွတ်တိုက်ပေးပါ … Read more