သွေးပေါင်ကျတတ်သူတွေ သတိထားသင့်တဲ့ အချက် ၅ ချက်

သွေးပေါင်ကျတတ်သူတွေ သတိထားသင့်တဲ့ အချက် ၅ ချက်နှင့်စားပေးရမယ့်အစားများ… သွေးပေါင်ချိန် ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ သွေးပေါင်ကျခြင်းဟာ သွေးတိုးခြင်းလိုပဲ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။ သွေးပေါင်ကျခြင်းဟာ မွေးရာပါ သွေးအားနည်းခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ ဟော်မုန်း မညီမျှတဲ့ အခါမျိုးမှာ ဖြစ်ပေါ်တတ်ပြီး ရေရှည်စွဲမြဲသောက်သုံးတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မကြာခဏ သွေးပေါင်ကျတတ်သူတွေ သတိထားပြီး လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) ရေများများ သောက်ပါ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျတတ်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ သင့်အနေနဲ့ မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ … Read more