၇ရက်သားသမီး ဟောစာတမ်း (14.1.2021 မှ 20.1.2021 အထိ)

14.1.2021 မှ 20.1.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ယခုကာလအတွင်းလုပ်ငန်းစီးပွားရေးတိုးတတ်လာဖွယ်ရှိနေပါတယ်။ပြည်တွင်း၊ ပြည်ပခရီးကိစ္စများ အဆင်ပြေ ချောမွေ့နေမည်။ အလုပ်တွေများပြားနေတဲ့ကြားမှ တိုးတတ်အောင်မြင်မည်။ ယခင်ဖြစ်ပေါ်နေသော အခက် အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။ စာရွက်စာတမ်းကိစ္စ၊စာချုပ်ကိစ္စ၊ အလုပ်အော်ဒါလက်ခံခြင်း ကိစ္စများ အောင် မြင်စွာ ဖြေရှင်းနိုင်မည်။ အလုပ်လျှောက်ထားသူများ၊အင်တာဗျူးဖြေထားသူများအလုပ်ရလာတတ်ပါတယ်။ တစ်ပါးသူလက်သို့ ရောက်ရှိ နေသော မိမိပိုင်ပစ္စည်းများ၊ မိသားစုပိုင်ပစ္စည်းများ လက်ဝယ် သို့ ပြန်လည်ရောက်ရှိ လာနိုင်ပါသည်။ မိမိကိုဒုက္ခပေးနေသူများ သူ့အကုသိုလ်နဲ့သူဒုက္ခရောက်သွားပါလိမ့်မယ်။ အမှုအခင်းဖြစ်လုဆဲဆဲ ကိစ္စများရှိနေရင်တော့ ပပျောက်သွားအောင် ဆောင်ရွက်နိုင်လိမ့်မည်။ သူများတွေရဲ့အလုပ်အကိုင်အဆင်မပြေမှုများ တတ်နိုင်သ၍ကူညီခွင့်တွေရလာတတ်ပါတယ်။ အမိအဖတွေကိုဒီကာလအတွင်းငွေကြေးထောက်ပံ့လာ နိုင်ပါလိမ့် မယ်။ မည်သည့်ကိစ္စကို ဆောင်ရွက် သည်ဖြစ်စေ ထူးခြား တိုးတတ်၊ အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည် ဖြစ် ပါသည်။ … Read more