၇ရက်သားသမီး ဟောစာတမ်း 11.2.2021 မှ 17.2.2021 အထိ..

11.2.2021 မှ 17.2.2021 အထိ တစ်ပတ်တာ ၇ရက်သားသမီးများ ဟောစာတမ်း တနင်္ဂနွေ ယခုအပတ်အတွင်း ငွေကြေးကုန်ကျမှုများ အလွန်များပြားနေလိမ့်မည်။ စုဆောင်းထားသော ငွေကြေးများ ရုတ်တရက်သုံးစွဲရခြင်းများကြုံမည်။မထင်မှတ်ဘဲခရီးတွေထွက်ရတတ်ပါတယ်။ အိမ်ပြောင်း၊အိမ်ရွှေ့ကိစ္စများ ဒီအပတ် အတွင်းကြုံနေရတတ်ပါတယ်။ မိဘ၊အကြီးအကဲကျန်းမာရေးအညံ့များကြုံတွေ့ရတတ်ပါသည်။ ကိုယ်တိုင် ရဲ့ကျန်းမာရေးကတော့ထင်သလောက်အညံ့အဆိုးမရှိနိုင်တာကိုတွေ့ရပါတယ်။ဆောင်ရွက်လိုသော ဆန္ဒမရှိသည့် ကိစ္စရပ်များကို တာဝန်ယူလုပ်ကိုင်ရခြင်းများ ရှိနေမည်။ တစ်ပါးသူကတိပျက်၍ အလုပ်ကိစ္စများ ထင်သလောက် တိုးတတ်မှုမရှိနိုင်ပါ။အခြားနေရာဋ္ဌာနများမှာ ယာယီတာဝန်ထမ်းဆောင်ပေးရတတ်ပါတယ်။ ဒုက္ခများနေတဲ့မိတ်ဆွေ တွေကို လူအားကိုယ်အားနဲ့ကူညီပေးရတတ်ပါတယ်။ တစ်ခုသတိထားရမှာက ဆရာတင်မှားတတ်ပါတယ်။ အရေး ကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဒီကာလအတွင်းချမှတ်လို့မကောင်းသေးပါဘူး။အချစ်ရေးနဲ့ပတ်သတ်ပြီး ချိန်းဆိုထား တာတွေလွဲရတတ်ပါတယ်။ ချစ်သူခင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်လို့မရတတ်ပါဘူး။ အိမ်ထောင်ရေးမှာ ထင်သ လောက်ညံ့နေတာမျိုးမရှိပါဘူး။ အိမ်ထောင်ဘက်နဲ့ တိုင်တိုင်ပင်ပင်ရှိမယ့်ကာလတစ်ခုပဲဖြစ်ပါတယ်။ ပညာရေး မှာတော့ ပညာသစ်တစ်ခု စတင်သင်ယူလို့မကောင်းသေးပါ။ အကျိုးပေးဂဏန်း..၅/၆/၈ အထူးဟော… အလုပ်များကိစ္စများနေမည်။ ယတြာ…အောင်သပြေပန်းဘုရားကပ်လှူလိုက်ပါ။ တနင်္လာ … Read more

၇ရက်သားသမီးများ ဟောစာတမ်း (04.2.2021 မှ 10.2.2021 အထိ)

04.2.2021 မှ 10.2.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း တနင်္ဂနွေ ယခုကာလများအတွင်း အမှုဟောင်း၊ ပြဿနာဟောင်းများကို ဖြေရှင်းနိုင်မည်။ ဆင်ခြင်တုံတရားနှင့် အသိ ပညာများကို အသုံးချ၍ ဆောင်ရွက်သော ကိစ္စများမှသာအောင်မြင်တတ်ပါတယ်။ အလုပ်တစ်ဖက်နှင့်ပညာရှာ ရပေ မယ့် ထူးခြားတဲ့ပညာရေးအောင်မြင်မှုများရရှိမည်။ ကတိပျက်သွားသော စာချုပ်စာတမ်းများကို ပြန်လည်ချုပ်ဆို ရလိမ့်မည်။ စီစဉ်ပြီးမှ ပျက်ယွင်းသွားသော ခရီးစဉ်များကို ပြန်လည်သွားရောက်ရခြင်းများ ကြုံမည်။ အမှုဖြစ်၍ အလုပ်မှ ထုတ်ပယ်၊ အပြစ်ပေးခံရသူ၏ အလုပ်တာဝန်များကို လွှဲပြောင်း တာဝန်ယူရခြင်းများ ရှိမည်။ ဤကာလ အတွင်း အအေးမိခြင်း၊နှာစေးခြင်းများဖြစ်တတ်သည်။ အအေးမခံရပါ။ ငွေဝင်များသလို အထွက်လည်းများမည်။ လက်အောက်ငယ်သားများအတွက် အနည်းငယ် စိတ်ရှုပ်နေရမည်။ အိမ်ထောင်ရေးကံမညံ့ပေမယ့်တစ်ခါတစ်ရံ အိမ်ထောင်ဖက်နှင့် သဘောကွဲလွဲမည်။ ထီကံကောင်းနေ၍ထီထိုးလိုပါက ၉၆၅ ဂဏန်းတွဲထိုးပါ။ အလုပ်သစ် … Read more