အိမ်မှာနေရင်း အဆီကျဖို့ ကြက်သွန်နီကို ဒီလိုလေးသုပ်စားပါ ..

အိမ်မှာနေရင်း အဆီကျဖို့ ကြက်သွန်နီသုပ်စားကြရအောင် အဆီကျစေတဲ့ ကြက်သွန်နီသုပ် ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက်အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။ (၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲထည့်ပါ။ (၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။ (၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။ (၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်းအနည်းငယ် လှီးထည့်နိုင်ပါသည်။ (၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။ (၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း … Read more