အတွင်းစိတ်ပုတ်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ

လူတစ်ယောက်ရဲ့ စိတ်ထားကို ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အပြင်မှာ လူတွေနဲ့ ဆက်ဆံနေတဲ့ ပုံစံကို ကြည့်ပြီး အတွင်းစိတ်ကို သိအောင် လုပ်လို့ မရနိုင်ပါဘူး။ အတွင်းစိတ် ပုတ်ပြီး စိတ်ထားကောင်းတဲ့သူပုံစံမျိုး ဟန်ဆောင်ထားတတ်တဲ့သူတွေလည်း ရှိနေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အတွင်းစိတ်ပုတ်နေတဲ့သူ ဟုတ်၊ မဟုတ်ကို ခွဲခြားလို့ ရတဲ့ အချက်လေးတွေ ရှိနေပါသေးတယ်။ ဒါတွေကတော့ အခုလိုပါနော်…။ (၁) ပူလောင်တတ်တယ် အတွင်းစိတ် ပုတ်တဲ့သူတွေမှာ ရှိနေတဲ့ အချက်က ပူလောင်မှုပါပဲ။ သူတို့တွေက တခြားသူတွေ သူတို့ထက်သာတာမျိုးကို သဘောမကျသလို တခြားသူတွေကို အကောင်းမြင်ပေးတာမျိုးလည်း မလုပ်နိုင်ကြပါဘူး။ ဒီအတွက် သူတို့ဆီမှာ တခြားသူတွေကို မကျေနပ်တဲ့ အကြောင်းမျိုးတွေ ကြားရတတ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ မကျေမနပ် ပူလောင်မှုကိုလည်း တခြားသူတွေကို အထင်သေးတဲ့ … Read more