အပူဆုံးလအဖြစ် မှတ်တမ်းဝင်သွားသော စက်တင်ဘာ
အပူဆုံးလအဖြစ် မှတ်တမ်းဝင်သွားသော စက်တင်ဘာ ၂၀၂၀ ခုနှစ် စက်တင်ဘာလဟာ နှစ်ပေါင်း ၃၀ အတွင်းက စက်တင်ဘာလတွေထဲမှာ အပူပြင်းဆုံး စက်တင်ဘာလအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာလဟာ ကမ္ဘာ့မြောင်ခြမ်းရဲ့ နွေဥတုအဆုံး (ဆောင်းအစ) ဖြစ်ပြီး၊ တောင်ခြမ်းရဲ့ ဆောင်းဥတုအဆုံး (နွေအစ) ဖြစ်ပါတယ်။ တနည်းအားဖြင့် နေရောင်ခြည်ဟာ အီကွေတာအနီးမှာ ကျရောက်နေချိန်၊ ရာသီဥတုကူးပြောင်းနေချိန်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကြီးမားတဲ့တောမီးများ၊ ပြင်ထန်တဲ့မုန်တိုင်းများနှင့် အပူချိန်တိုးမြင့်မှုများကြောင့် ၂၀၂၀ စက်တင်ဘာလဟာ ၂၀၁၉ စင်တင်ဘာလထက် အပူချိန် ၀.၀၅ ဒီဂရီ ဆဲလ်စီးယပ်စ် တိုးလာခဲ့ပြီး အပူချိန်တိုးခြင်းဒဏ်ကို နိုင်ငံအတော်များများခံစားခဲ့ရပါတယ်။ အထူးသဖြင့် ဆိုက်ဘေးရီးယားမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသများ၊ တောင်အမေရိကနဲ့ သြစတျေးလျဒေသအချို့မှာ ပုံမှန်ထက်ပိုသော အပူချိန်များရရှိခဲ့ပါတယ်။ အပူချိန်မှတ်တမ်းများအရ ၂၀၂၀ ဇွန်လမှာ ပုံမှန်အေးနေကျ ဆိုက်ဘေးရီးယားရဲ့ မြို့တစ်ခုမှာ … Read more