အသားအရည်ကြည်ပြီးတင်းတင်းလေးနဲ့ မျက်နှာပေါ်ကအမဲစက်တွေပါးချင်တဲ့သူတွေအတွက်

အသားအရည်ကြည်ပြီးတင်းတင်းလေးနဲ့ မျက်နှာပေါ်ကအမဲစက်တွေပါးချင်တဲ့သူတွေအတွက် ဆန်နဲ့ မျက်နှာပေါင်းတင်နည်းလေးတင်ပေးလိုက်ပါတယ် လုပ်ပြီးတာနဲ့ မျက်နှာလဲသိသိသာသာGlow ပြီး ကြည်လာတယ် ဒီနေ့မှာက ဆန်နဲ့မျက်နှာ ပေါင်းတင်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်. အဓိက ကအခုလိုအခါမှာ နေ့တိုင်းအပြင်ထွက်နေရပြီးတိုက်ပွဲဝင်နေကြတဲ့သူတွေအတွက်လဲ နေလောင်ဒဏ်ကြောင့်အသားအရည် ခြောက်တာ ညိုတာတွေကိုအိမ် ပြန်လာတဲ့အခါ အိမ်မှာ လွယ်လွယ်ကူကူနဲ့ ပေါင်းတင်ပြီး Self Relax လေးရဖို့အတွက်ဒီနည်းလေးကိုတင်ပေးလိုက်တာပါ. ကိုယ်တိုင်လဲ လုပ်ပါတယ်. ယောကျာ်းလေးရော မိန်းကလေးပါ လုပ်လို့ရပါတယ်. ဆန်နဲ့ မျက်နှာပေါင်းတင်တဲ့အတွက် အသားအရည်က ကြည်ကြည်တင်းတင်းလေးဖြစ်တယ် နေလောင်ဒဏ်တွေကြောင့်မျက်နှာညိုမဲတာတွေလျော့နည်းစေတယ် မျက်နှာပေါ်ကအမဲစက်တွေတဖြည်းဖြည်းသက်သာစေတယ် ဆန်ကအပူဓာတ်တွေစုပ်စေတဲ့အတွက် ပေါင်းတင်တဲ့အခါမှာလဲမျက်နှာကအပူ တွေစုပ်ယူပေးပါတယ် ချွေးပေါက် ကျယ်တာလဲသက်သာစေပါတယ် ဆန်နဲ့မျက်နှာပေါင်းတင်နည်း.. ပထမဆုံးဆန်လက်တဆုပ်စာကို ရေဆေးပြီး ခွက်တခုထဲထည့်ပြီး ရေစိမ်ထားပါ ၁၀မိနစ်လောက်စိမ်ပြီးပြီဆို ကျောက်ပြင်မှာ ဆန်ကိုသွေးပါ အဖြူရောင် အနှစ်ရတဲ့အထိလုပ်ပါ ရလာတဲ့အနှစ်ကိုခွက်တခုထဲထည့်ပြီး မျက်နှာအနှံ့သုတ်လိမ်းပြီး ၁၅ မိနစ် မိနစ် … Read more

မျက်နှာပေါ်က နေလောင်ကွက်များနှင့် အမဲစက်၊ မှဲ့ခြောက် များ ၂ပတ်အတွင်းသက်သာပျောက်ကင်းလိုလျှင်

မျက်နှာပေါ်က_အမဲစက်_အမာရွတ်_မှဲ့ခြောက်_နေလောင်ကွက်များ၂ပတ်အတွင်းသက်သာပျောက်ကင်းမည့် ဆေးနည်း အမဲစက်မှဲ့ခြောက်နေလောင်ကွက်သက်သာပျောက်ကင်းတဲ့နည်းလေးပါ။ လက်တွေ့စမ်းသပ်ကာလ ၂ပတ်အတွင်း အတော်သက်သာလို့ မျှဝေပေးလိုက်ပါသည်။ အားလူးကို သနပ်ခါးသွေးသလိုသွေးပြီး…မျက်နှာသစ်ပြီးလိမ်းပါ။ တစောင်းလက်ပတ်ရှိကထည့်သွေးပါ။ မရှိလဲ အာလူးနဲ့ ရေနဲ့ သွေးလိမ်းပါ။ ခြောက်မှ မျက်နှာထပ်သစ်ပြီး Cream တခုခုလိမ်းပေးပါ။ လက်တွေ့စမ်းသပ်ပြီးမှ ဒီပို့စ်ကို တင်လိုက်ပါသည်။ အလွယ်ကူဆုံး နည်းလေးပါ။ (အာလူးပါးပါးကပ်လဲရသည်။ ခဏခဏ ကွာကျ၍ ဒီနည်းသုံးသည်။) အမဲစက်များ တဖြည်းဖြည်းပါလာပြီး ပန်းရောင်အနေထားသို့ ရောက်ရှိလာပါလိမ့်မည်။ ဆက်လိမ်းပေးပါ။ သွေးပြီးရင် ကျောက်ပြင်ပေါ် ပုံအပါအတိုင်း မှောက်ထားပါ။ မဲမသွားရန်။ ကျောက်ပြင်သီးသန့် မထားနိုင်ပါက ကြွေပန်းကန်ပြားလေးထဲ မှောက်ထားပေးပါ။ တညလုံး လိမ်းမအိပ်ပါနှင့်။ တင်းလွန်းလျှင် မျက်နှာအသားနုသည့်အတွက် အသားကွဲနိုင်ပါသည်။ လိမ်းပြီး ခြောက်သွားလျှင် မျက်နှာသစ်ပေးပါ။ မျက်နှာလိမ်း Cream တခုခု လိမ်းထားပါ။ လှပ တင့်တယ်ကြပါစေ … Read more