အရေပြားအထူးကုဆရာဝန်များ လုံးဝ မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းများ

အရေပြားအထူးကုဆရာဝန်များ မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းများ အလှကုန်ပစ္စည်းတိုင်းက အသားအရေအလှအပကို ကူညီထောက်ပံ့ပေးဖို့ ထုတ်လုပ်ထားတယ်ဆိုပေမယ့်လည်း အလှကုန်ပစ္စည်းတိုင်းက မိမိအသားအရေနဲ့ မတည့်တာကြောင့် သေချာရွေးချယ်အသုံးပြုသင့်ပါတယ်။ အဲ့ဒီများပြားလှတဲ့ အလှကုန်တွေထဲကမှ အရေပြားဆရာဝန်တွေက မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းတွေရှိပါတယ်။ ဘော်ဒီလိုးရှင်းနဲ့ လက်အတွက်လိုးရှင်းများ လိုးရှင်းတွေမှာ ရေဓာတ်ပါဝင်မှုများစွားပါဝင်ပြီးတော့ အသားအရေမခြောက်ဖို့အတွက် သင့်တော်ပါတယ်။ ဒါပေမဲ့ လိုးရှင်းထက်စာရင် ခရင်မ်တွေက အသားထဲပိုစိမ့်ဝင်နိုင်တာကြောင့် ခရင်မ်များကိုသာ အသုံးပြုသင့်ပါတယ်။ Sunscreen စပရေးများ စပရေးများကိုဖြန်းတဲ့အခါ အရေပြားပေါ်မရောက်ဘဲ သူ့ရဲ့အာနိသင်ကပြယ်သွားတဲ့အပြင် အသားထဲထိစိမ့်မဝင်နိုင်ပါဘူး။ ပြီးတော့ နေရာင်ကာခရင်မ်လိုမျိုး ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မကာကွယ်ပေးနိုင်ပါဘူး။ ခြေထောက်ပေါင်းတင်ဆေးများ အရေပြားအထူးကုဆရာဝန်များက ခြေထောက်ပေါင်းတင်ဆေးများသုံးစွဲဖို့ကိုလည်း အားမပေးပါဘူး။ ခြေထောက်ပေါင်းတင်ဆေးများအစား ခရင်မ်များကိုသာ အသုံးပြုပေးခြင်းအားဖြင့် ခြေဖနောင့်အသားမာတက်ခြင်းမှ ကင်းဝေးပြီး ခြေဖဝါးလေးများကို နူးညံ့စေပါတယ်။ အမဲရောင် မျက်နှာပေါင်းတင်ဆေး အမဲရောင်မျက်နှာပေါင်းတင်ဆေးများက အသားအရေကို ထိခိုက်ပျက်စီးစေပြီး အရေပြားတည်ဆောက်မှုကို … Read more