မနက် မနက် စားနေတဲ့ အီကြာကွေးဖြစ်လာပုံ ရာဇဝင်..

အီကြာကွေး အီကြာကွေးဆိုတဲ့ မုန့်တမျိုးကို လူတိုင်းကြားဖူးမှာပါ။ ဒါပေမယ့် သူ့ရဲ့ ရာဇဝင်လေးကိုလည်း သိချင်နေကြမယ့်သူတွေ ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အီကြာကွေးဖြစ်လာပုံကို ပြောပြပေးပါမယ်။ အီကြာကွေးကို 油條 yóutiáo ယိုထျောင်း လို့ အမည်တွင်ပြီး Chinese Cruller, Chinese Oil Stick, Chinese Doughnut ဆိုပြီး လူသိများပါတယ်။ မလေး၊ အင်ဒိုနဲ့ စင်ကာပူမှာတော့ Char Kway/Cakwe/Kueh/Kuay လို့ ခေါ်ပါတယ်။ သူက ဇာတိမူလကတော့ တရုတ်နိုင်ငံကပါ။ တရုတ်ရိုးရာ အစားအစာ တစ်ခုဖြစ်ပြီး မနက်စာအဖြစ် စားသုံးကြပါတယ်။ ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကတော့ တရုတ်တွေရဲ့ ပါးစပ်ရာဇဝင်အရတော့ ယွဲ့ဖေး ဆိုတဲ့ တရုတ်သူရဲကောင်းဆီကနေ စတင်ခဲ့ပါတယ်။ ယွဲ့ဖေးဆိုတာ တရုတ်သမိုင်းထဲက နာမည်ကြီး သစ္စာရှင် … Read more