ကလေးက ဝတုတ်နေတာပဲ လို့ပြောခံရရင် နောက်နေ့ဖျားရော .. အဲလိုဖြစ်တာကို အံံ့မိခြင်းလို့ခေါ်ပါတယ် ..

ကလေးက ဝတုတ်နေတာပဲ လို့ပြောခံရရင် နောက်နေ့ဖျားရော .. အဲလိုဖြစ်တာကို အံံ့မိခြင်းလို့ခေါ်ပါတယ်(အံ့မိခြင်းပျောက်စေဖို့) အံံ့မိခြင်း အံ့မိတယ်ဆိုတာဘာဖြစ်တာလဲ အရောင်းအဝယ်တွေကောင်းနေရင်းကနေ ဗြုန်းကနဲ လာဘ်တွေတိတ်သွားတယ် ဈေးရောင်းအား ကျသွားတယ် ငွေတွေဝင်နေရင်း ငွေဝင်ရပ်သွားတယ် ကျန်းမာရေးကောင်းနေရင်းကနေ ဖောက်သွားတယ်…. စသဖြင့်ပေါ့နော် … အကောင်းတွေကနေ မကောင်းဖြစ်သွားတယ်ဆိုတာ တစ်ကယ်တော့အံ့မိသွားတာ။ ဘာကြောင့်အံ့မိလဲဆိုတော့ ဥပမာ ကျွန်တော်အဝတ်အစားအသစ်ဝတ်တာမြင်ရင် ” ဟာ …လန်းနေပါလား… အံမယ် … အဆင်ပြေနေပါလား လှလို့ ပလို့ ဝလို့ပါလား ” အဲလို အံ့ဩတကြီးပြောခံရရင် အံ့မိပါတယ် ရွှေတွေငွေတွေနဲ့အပြင်သွားတယ် အဲ့မှာကိုယ့်ကိုမြင်တဲ့သူတွေက ဟာ….. မင်းကြည့်ကောင်းလာတယ် ဈေးတွေကိုယ်အရမ်းရောင်းနေရတဲ့အခါမှာ ဟာ…အရမ်းရောင်းရတယ်နော် မင်းကိုအားကျတယ်…. အဲ့လိုမျိုးကိုယ့်ကိုပြောလာတဲ့စကားတွေက ကာယကံရှင်ကိုထိပါတယ် အံ့မိစေပါတယ်ဗျာ ကလေးလေးဝဝတုတ်တုတ်လေးကို သနပ်ခါးအဖွေးသားလူးပီး ရပ်ကွက်ထဲခေါ်သွားတော့ဘေးကလူတွေက ဟယ်နင့်ကလေးလေးကဝတုတ်နေတာ ပဲ ချစ်စရာကြီးနော် … Read more