SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို မိုးကုတ်မြို့လယ်ကဈေးထဲမှာ လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား လက်သည်မပေါ်သေး

SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို မိုးကုတ်မြို့လယ်ကဈေးထဲမှာ လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့က SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းဟာ ဒီကနေ့ မနက်ပိုင်းက မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့ မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး က ဘီဘီစီကိုပြောပါတယ်။ ဦးကျော်ဝင်းကို လူ၂ယောက်က ချုပ်ပြီး ကားပေါ်တင်သွားတာလို့ မျက်မြင်တွေက ပြောတယ်။ ဦးကျော်ဝင်းနဲ့အတူ သူ့အသိတစ်ယောက်လည်းပါတယ်။ သူ့ကိုတော့ ထားခဲ့ပြီး ဦးကျော်ဝင်းကိုပဲခေါ်သွားတာ။ မိသားစုနဲ့လည်း အခုထိ အဆက်အသွယ် မရသေးဘူးလို့ သိရတယ်။ ”လို့ ဦးလှမိုးဦးကပြောပြပါတယ်။ ဦးကျော်ဝင်းကို ဖမ်းဆီးသွားသူတွေဟာ မျက်နှာကို mask နဲ့ဖုံးအုပ်ထားပြီး ဘယ်အဖွဲ့ က ဆိုတာမိသားစုကိုဆက်သွယ်လာတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့အနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်TNLA တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေထွက်ပြေး … Read more