၇ရက်သားသမီးများ ဟောစာတမ်း (8.4.2021 မှ 14.4.2021 အထိ)

8.April.2021 မှ 14.April.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း တနင်္ဂနွေ ဒီကာလမှာတော့ ထီဝါသနာပါသူများ ၂အစ ၉အဆုံးထီလက်မှတ်ကိုတွေ့ရင် ကံစမ်းလိုက်ပါ။ လုပ်ငန်းခွင် အတွင်းတပည့်လက်သား တွေကပိုမိုအားကိုးယုံကြည်လာတတ်ပါတယ်။ တစ်ခုသတိထားရမှာက မိမိထူးချွန်နေမှုကို အထက်စီနီယာတွေက မနာလိုဖြစ်တတ်ပါတယ်။ ကျန်းမာရေးမှာတော့ ဒူးနာတတ်ပါတယ်။ အထိုင်အထမကောင်း ဖြစ်ရ တတ်ပါတယ်။ အမျိုးသမီးများမီးယပ်ဆိုင်ရာရောဂါတွေကို သတိထားပါ။ အကျိုးဆောင်လုပ်ငန်းများ၊ ပူးပေါင်းလုပ်ဆောင်မှုများ အောင်မြင်မည်။ ကိုယ်တိုင်တွင် အဆင်ပြေသော်လည်း အနီးကပ်သူများ အခက်အခဲ ဖြစ်နေခြင်းအပေါ် အထောက်အကူ ပြုရမည်။ မိမိ၏စေတနာကို ထိရောက်စွာပြသခွင့်ရပါလိမ့်မယ်။ လူအများရဲ့ ချစ်ခင်ခြင်းတွေကိုခံရတတ်ပါတယ်။ လူအများအကြားမိမိကောင်း သတင်းတွေပျံ့နှံကျော်ကြားတတ်ပါတယ်။အိမ် ကိစ္စတွေ၊နေရာထိုင်ခင်းကိစ္စတွေအတွက်ပူပန်နေရတတ်ပါတယ်။ငွေအဝင်ကြမ်းပါလိမ့်မယ်။ ဆုကြေး၊ဘောနပ် ဆိုတာမျိုးရလွယ်ပါတယ်။ အလုပ်အော်ဒါတွေများများရလွယ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူဝိုင်းဝိုင်းလည် နေမည်။ ချစ်ရသူ ကိုဖွင့်ပြောဖို့ မတွန့်ဆုတ်နေသင့်ပါဘူး။ အိမ်ထောင်ဘက်ရဲ့လေးစားအထင်ကြီးခြင်းကိုရလိမ့်မယ်။ ချစ်ခြင်းတရား … Read more