၇ရက်သားသမီးများ ဟောစာတမ်း (1.4.2021 မှ 7.4.2021 အထိ)

1.April.2021 မှ 7.April.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း တနင်္ဂနွေ မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှုများ အားလုံးတွင် ဂုဏ်သိက္ခာကျဆင်းစေသော ဖြစ်ရပ်များ ကြုံတွေ့နေရတတ် ပါသည်။ ယခုကာလများအတွင်း နှုတ်လွန်၊ လက်ပါ၊ ပြောဆိုမိခြင်းမျိုး အထူးရှောင်ကြဉ်ရန် လိုအပ်ပါသည်။ လူလိမ် ခံရခြင်းနှင့် ငွေလိမ်ခံရခြင်းမျိုး ကြုံတွေ့ရတတ်ပါသည်။ သူတစ်ပါးကို ယုံကြည်မှုလွန်ကဲခြင်းတို့ မဖြစ်စေရန် အထူး သတိထား ရှောင်ကြဉ်ပါ။ ထီပေါက်ခြင်း၊ ငွေဝင်ခြင်း၊ ရာထူးတိုးခြင်း၊ နိုင်ငံခြားခရီးသွားရခြင်းများ၊ နိုင်ငံခြားသား များနှင့် ပူးတွဲစပ်တူလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရခြင်းများတွင် အထူးအဆင်ပြေပါလိမ့်မည်။ မိဘနှင့် အနည်း ငယ်သဘောထား မတိုက်ဆိုင်ခြင်းဖြစ်တတ်၍ သတိထား ဆက်ဆံပါ။ သူငယ်ချင်းကောင်း များ ကြောင့် မိမိအခက် အခဲများအဆင်ပြေမှုရမည်။ ဤကာလထဲတွင် သားသမီးရတနာရလိုသူများ ရလွယ်တတ်သည်။ လူငယ်များ … Read more