(4)လပိုင်းအတွက် ၇ ရက်သားသမီး တစ်လစာဟာစာတမ်း

တနင်္ဂနွေ သားသမီးအတွက် တနင်္ဂနွေနေ့သားသမီးများသည်အလုပ်အကိုင်အောင်မြင်မှုနှင့် ကြုံတွေ့မည်။ဆရာကောင်းမိတ်ဆွေများနှင့်ဆုံမည်။ မမျှော်လင့်ထားသောအကူညီများရရှိမည်။ ဤလတွင် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်းမလုပ်သင့်ပါ၊ တစ်ပိုင်းတစ်စဖြစ်တတ်သည်။ အပြိုင်အဆိုင်မနာလိုသူပေါများမည်။ ခရီးရှည် ရက်ရှည်ခရီးမထွက်သင့်ပါ။ သူများဦးစီးသောခရီးဝေး မထွက်သင့်ပါ။ အစားအသောက်မှား၍ အစာအဆိပ်သင့်တတ်သည်။ အထူးသဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်၍ အထူးဂရုစိုက်ပါ။ ချစ်သူနှင့်အိမ်ထောင်မရှိသူများ ချစ်သူရည်းစားအသစ်ရမည်၊ အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားမည့်လဖြစ်မည်။ အိမ်ထောင်ရေးအဆင်ပြေမည့်လဖြစ်သည်။ ဤအချိန်တွင် အညံ့များပြေပျောက်စေရန်….. ယတြာ—–အိုးတစ်လုံးတွင်သဲအပြည့်ထည့်ပီး ရေအနည်းငယ်လောင်းပါ၊ ပီးလျှင် ရွှေထီး၊ ငွေထီးစိုက်၍ ဘုရားတွင်လှူပါ။ တနလာၤ သားသမီးအတွက် ဤလအတွင်း ဘယ်သွားသွား၊ ဘယ်လာလာ မိမိထက်ကြီးသူ၊ ငယ်သူနှစ်ဦး ဒုက္ခပေးမှုကိုခံရမည်။ မိမိရဲ့အတွင်းကိစ္စများသူတစ်ပါးကိုမတိုင်ပင်ကောင်းပါ။ ငွေရေးကြေးရေး အချေးအဌားအကျိုးမပေးပါ။သူတစ်ပါးအတွက် အာမခံပေးတာတာဝန်ယူပေးတာအကျိုးမပေးပါ။သူများကိစ္စ မိမိကိစ္စဖြစ်တတ်သည်။ ရပ်ဝေးမှ သတင်းကောင်းကြားရမည်၊ခရီးထွက်ရမည်။ ပညာရေးတွင် အင်တာဗျူးအောင်မြင်ခြင်း၊ ရာထူးရာခံတိုးခြင်း၊ အတန်းစားမေးပွဲများ အမှတ်ကောင်းများဖြင့်အောင်မည်။ အကြီးအကဲအားပေးချီးမြှောက်ခြင်းခံရမည်။ အသက်၂၄၊ … Read more