လေးဖက်နာနှင့် အရိုးကျီးပေါင်းတက်ရောဂါအတွက် စမ်းကြည့်ပါ
ကြက်ဆီထမင်းချက်စားမယ်
ကြက်ဆီထမင်းချက်နည်း ဒီနေ့ မာမီ ချက်ပြပေးသွါးမှာကတေါ့ ယိုးဒယါးကြက်ဆီထမင်း ပဲဖြစ်ပါတယ် ။ ကြက်ဆီထမင်းကို ၄ယောက်စာအတွက် ချက်ပြုတ်နည်းလေးကို ပြန်လည်မျှဝေပေးပါတယ်နော်.. လိုအပ်သောပစ္စည်းများ ထမင်း ဆန်ချိန်ခွက် ၃ခွက်၊ ကြက်ပေါင်ခြမ်း ၃ခြမ်း (အဆီများများ) ၊ကြက်ရိုး ၃၀ကျပ်သား ၊ ကြက်သွန်ဖြူ ၃ဥ (၁၅မွှာ)ချင်း အနည်းငယ် ၊ ဆား အနည်းငယ် ၊နာနတ်ပွင့် ၁ပွင့် ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ဇွန်း ၊ ငရုတ်ကောင်းမှုန့်  အနည်းငယ် ၊သကြား ထမင်းစားဇွန်း ၁ဇွန်း ၊ပျားရည် ဇွန်းသေး ၁ဇွန်း မုန်လာဥအနေတော် ၁ဥ ငရုတ်သီးအနီတောင့် ၅တောင့် ၊သံပုရာရည် ထမင်းစားဇွန်း ၁ဇွန်း (သို့ ) ရှာလကာရည် ဇွန်းသေး ၁ဇွန်း … Read more
လူနာအမှတ်(၁၉၀)နေခဲ့သည့် သက္ကယ်ကျွန်းတစ်ရွာလုံးကိုကျန်းမာရေးစစ်မှာ ဖြစ်ပြီး အိမ်းနီးချင်းများ၏ပြောပြချက်
တောင်ကုတ်မြို့မှမလေးရှားပြန်ကိုဗစ်လူနာနေထိုင်ခဲ့တဲ့ သက္ကယ်ကျွန်းတစ်ရွာလုံးကိုကျန်းမာရေးစစ်မယ် မလေးရှားပြန် လူနာအမှတ်(၁၉၀)နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သက္ကယ်ကျွန်းက တစ်ရွာလုံးကို ကျန်းမာရေးစစ်ဆေးသွားမှာဖြစ်ပြီး ဖြစ်နိုင်ခြေရှိသူတွေကို ဒီနေ့တို့ဖတ်ယူသွားမယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲဒီလူနာအမှတ်(၁၉၀)ဟာ မေလ(၁၁)ရက်က ရန်ကုန်ကိုရောက်ခဲ့ပြီး တောင်ကုတ်မြို့ကို ပြန်လာချိန်မှာတော့ လမ်းမှဆင်းပြီး သက္ကယ်ကျွန်းကို ပြန်သွားခဲ့တာလို့ သိရပါတယ်။ “သူ့ကို မလေးရှားပြန်မှန်းသိလို့ လိုက်လို့မိတာနဲ့ သူရောက်နေတာနဲ့ ရက်နည်းနည်းကွာတယ်။ ဆွေမျိုးတွေ တောင် ပတ်တွေ့ပြီးလောက်ပြီထင်တယ်။ ကျွန်တော်တို့က ပတ်တွေ့ထားတဲ့ သူတွေအကုန်လုံးကို တို့ဖတ်ယူမှာ။”လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က O Media ကို ပြောပါတယ်။ အဲဒီလူနာဟာ သက္ကယ်ကျွန်းကနေကိုယ်တိုင်လှော်တက်ကိုင်ပြီး ရွာမကိုသွားခဲ့ပါတယ်။ ရွာမကတဆင့် (၁၆)မိုင်ဝေးတဲ့ တောင်ကုတ်ဆေးရုံကိုတော့ ကျန်းမာရေးအဖွဲ့စီစဉ်ပေးတဲ့ယာဉ်နဲ့ ဒီနေ့ မနက်ပိုင်းမှာပဲရောက်ရှိသွားပြီလို့ သိရပါတယ်။ “သူ့ရွာကိုရောက်သွားတာ။ ရောက်သွားပြီးတော့ … Read more
ဘင်္ဂလားပင်လယ်အော်တွင် အဆိုးရွားဆုံးဖြစ်လာနိုင်သည့် မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်လူငါးသန်းကျော်ကို ပြောင်းရွှေ့
ပြင်းအားအဆင့် ၅ ဟာရီကိန်းမုန်တိုင်းတစ်ခုနှင့် ညီမျှသော အလွန့်အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုက ယခုအခါ ပိုမို အရှိန်အားကောင်းလာနေပြီး မေလ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းများသို့ ဝင်ရောက်တိုက်ခတ်သွားရန် ရှိနေသည်။ ယခုအခါ အဆိုပါ နှစ်နိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်များသည်လည်း မုန်တိုင်းအန္တရာယ်ကြောင့် ပြည်သူ ငါးသန်းကျော်တို့ကို ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးရေး စီစဉ်လုပ်ဆောင်နေကြရလျက် ရှိသည်။ တစ်နာရီ အမြန်နှုန်း ကီလိုမီတာ ၂၂၀ မှ ၂၃၀ ( ၁၃၇ မိုင်ကနေ ၁၄၃ မိုင်အထိ) နှုန်းဖြင့် ရွေ့လျားနေသော အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းသည် ၁၉၉၉ ခုနှစ်က အိန္ဒိယအရှေ့ပိုင်း အိုဒီရှားပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် စူပါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် အဆိုးရွားဆုံး … Read more
Mask ကို စနစ်တကျတပ်ပါဆိုပြီး သေမင်းတွေနဲ့ သတိပေးလိုက်တဲ့ မုံရွာ
Maskတပ်ကြဖို့ သေမင်းတွေနဲ့ သတိပေးလိုက်တဲ့ မုံရွာ ဒီနေ့မနက် ကန်သာယာ (ယာယီ)ပျံကျဈေးထဲကို သေမင်းလေးယောက် လမ်းလျှောက်ထွက်လာပါတယ်။ မင်းတုန်းမင်း လေးဘက်ထောက်သွားတဲ့ခေတ်က သေမင်းတွေမဟုတ်တော့ သေမင်းတွေက ခေတ်မှီလှပါတယ် Mask ကို စနစ်တကျတပ်ပါဆိုတဲ့ ဗီနိုင်းတွေကိုင်ပြီး အသံချဲ့စက်နဲ့ ” ဟား ဟား.. ဟား.. Mask တပ်ကြ Mask မတပ်ရင် မင်းတို့ကို ခေါ်သွားရလိမ့်မယ် ” ဆိုပြီး သတိပေးကြေငြာပါတယ်။ တို့မုံရွာက သေမင်းတွေ မြင်မှ အပြေးအလွှား Mask တပ်ကြတာပါလား…. Hpone Naing Phyo။Ko Aung Nay Myo (Save Monywa) Unicode Maskတပ်ကြဖိို့ သေမင်းတွေနဲ့ သတိပေးလိုက်တဲ့ မုံရွာ ဒီနေ့မနက်် ကန်သာယာ (ယာယီ)ပျံကျစျေးထဲကို သေမင်းလေးယောက် … Read more
အသည်းအဆီဖုံးခြင်း ဖြစ်လျှင်
အသည်းအဆီဖုံးခြင်းနဲ့ဆေးဖက်ဝင်အပင်များ အသည်းအဆီဖုံးခြင်းသည် ဆယ်စုနှစ်အတွင်း အဖြစ်များသော ရောဂါဖြစ်၏ . ယခင် အသည်းရောဂါမှာ အသားဝါ ရိုးရိုးသာ ဖြစ်ပြီး ဖြစ်ပြီး – ပထမ မျက်စိဝါ နောက်ဆုံး ဆီးဝါပြီး တိုင်းရင်းဆေး အမှတ် ( ၁ ) မက်လင်ချဉ်ဆေး … ( ရှေးဆေးကျမ်းများမှ သေမှပုတိက သလိပ်ပုပ်နိုင်ဆေးနည်းကို ယူထားသောဆေး )ဖြစ်ပြီး အဓိကမှာ ( မက်လင်သီး – မက်လင်ခေါက် ) တို့ဖြစ်သည်။ မက်လင်သီးသည် အလွန်ချဉ်ပြီး ဟင်းချက်ရာတွင် ထည့်သွင်း အသုံးပြုကြသည့် တောဓလေ့ သုံး အသီးဖြစ်သည်။ မက်လင်သီး. မက်လင်ခေါက်တို့သည် အသည်းအတွက်အလွန်ကောင်းပြီး အသည်းရောင်ခြင်း. အသားဝါခြင်း. ဆီးဝါခြင်း တို့ကို အလျှင်အမြန်ကောင်းစေကြောင်း သိရပါသည်။ ၁၉၉၅ … Read more
အော်တိုကားလေး မောင်းတတ်အောင် သင်ပေးမယ်
အော်တိုကားတွေပေါ် မှာတွေ့ရမှာက P R N D 2 L P က Park၊n/ N က Neutral သို့မဟုတ် No Gear၊ D က Drive၊ R က Reverse၊ L က Low ဆိုပြီး တွေ့မှာပါ P ကတော့ အလွယ်ဆုံးနဲ့ အတိုဆုံးပြောရမယ်ဆိုရင်တော့ P က ကားရပ်ထားချိန် ရွေ့မသွားစေဖို့ သုံးတာပါ။ P Position မှာ ဂီယာမောင်းတံထားရင် ကားရွေ့မရတာက ဘာလို့လဲဆိုတော့ အော်တိုဂီယာဘောက်ထဲမှာ ဂီယာမိန်းရှပ် (Output Shaft) ကို Lock လုပ်ထားတဲ့ ပင်နယံ (Pinion) နဲ့ Lock Switch … Read more
တောင်ကုတ်၊တောင်တွင်းကြီး၊ ပန်းတနော် မလေးပြန်၃ဦး ထပ်မံတွေ့ရှိ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၃၉) ခုအား (၁၈-၅-၂၀၂၀) ရက်နေ့ ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ – COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရပါသည်။ ၂။ (၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၉၁) ဦးရှိပြီဖြစ်ပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦး ရှိပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ ၅။ (၁၈-၅-၂၀၂၀) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန (DMR) … Read more
တစ်နာရီလျှင် မိုင်(၁၄၀)နှုန်းဖြစ်လာသည့် စူပါဆိုင်ကလုန်းမုန်တိုင်းကြီး သတင်းထုတ်ပြန်ချက်
စူပါဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ် (၁၇/၂၀၂၀) (၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်)(မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန်ထုတ်ပြန်ချက်) စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အခြေအနေ ၁။ (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း( Super Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၃၂၅) မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၇၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၄၀၀)မိုင်ခန့်နှင့် ပုသိမ်မြို့ … Read more
အိမ်မှာ အဆင်မပြေဖြစ်နေတတ်သည့် နိမိတ် ၉မျိုး
လူသိနည်းသော နိမိတ်များ (၉) ၁။ အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်ပါတယ်။ ၂။ နာရီ အကွဲ အပျက် ချိတ်မထားပါနဲ့။ ရုတ်တရက် ထမြည်ရင် သေနိမိတ်ပါ။ ၃။ ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ ၂ မျိုးတည်း တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ၄။ နံရံကို ဆေးစိမ်း မသုတ်ပါနဲ့။ ရုတ်တရက် အဆိပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ၅။ အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး စတာတွေ မထားပါနဲ့။ အိမ်သားတွေ မကြာခဏ ခိုက်ရန်ဖြစ်တတ်ပါတယ်။ ၆။ အိမ်ထဲမှာ လှုပ်ကုလားထိုင် မထားပါနဲ့။မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။ ၇။ ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲ မစိုက်ပါနဲ့။ ဘာလုပ်လုပ် … Read more