ရာသီပြောင်းမှာ ချောင်းဆိုး၊ ရက်ကြပ်ဖြစ်လျှင်

ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်သူများ ချက်ချင်းသောက် ချက်ချင်းပျောက်စေမည့် ဆေးနည်း ချောင်းဆိုး၊ ရင်ကြပ်၊ သလိပ်ကပ်၊ ဘာကြောင့် ချောင်းဆိုးဆိုး၊ ရင်ကျပ်ကျပ် ပဲးပင်ပေါက် ရှိရင် အဆင်ပြေတယ်ဗျ။ ညအိပ်ယာဝင် မနက် အိပ်ယာထ နှစ်ကြိမ် ပဲပင်ပေါက် ရေနွေးစိမ်၍ သောက်ပါ။ ချက်ချင်းသောက် ချက်ချင်းပျောက်၊ အဆင်ပြေစေမယ်ဗျာ။ လွယ်လွယ်လေးပါနော်။ ပုံမှာ ပြထားတဲ့အတိုင်း ပဲပင်ပေါက်ကို ခွက်တစ်လုံးထဲ ထည့် ရေနွေးထည့်ပြီး သောက်ယုံပါပဲနော်။ မင်္ဂလာရှိသောနေ့ ဖြစ်ပါစေ။ အနာရောဂါ ကင်းရှင်းကြပါစေ။ အစဉ်လေးစားလျှက်။ ကိုႀကီးစိုး Unicode ချောင်းဆိုး၊ ရင်ကျပ််၊ သလိိပ်ကပ်သူများ ချက်ချင်းသောက် ချက်ချင်းပျောက်စေမည့် ဆေးနည်း ချောင်းဆိုး၊ ရင်ကြပ်၊ သလိပ််ကပ်၊ ဘာကြောင့် ချောင်းဆိုးဆိုး၊ ရင်ကျပ်ကျပ်် ပဲးပင်ပေါက် ရှိရင် အဆင်ပြေတယ်ဗျ။ … Read more

လူငါးဦးထက်ပိုစီးလာသူများအား ထောင်တစ်လချမှတ်

ဧရာဝတီတိုင်းတွင်လူငါးဦးထက်ပိုပီးခရီးမသွားရ ရန်ကုန်တိုင်း ဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ အလုပ်သမားများ လာရောက်ခေါ်ဆောင်သူ ၇ ဦးအား ရေကြည်မြို့နယ်၊ တရားရုံးက ကူးစက်ရောဂါတိုက်ဖျက်ရေး ဥပဒေအရအလုပ်နှင့်ထောင်ဒဏ် ၁ လစီ ယနေ့ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်ရှိ ပုလင်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူဒေါ်သီတာပါ လူ ၄ ဦးနှင့် နေပြည်တော်တိုင်းမ် မှုခင်းသတင်းမီဒီယာအဖွဲ့မှ ဇေယျာမင်းထက်ပါ သတင်းထောက် ၃ ဦးတို့မှာ ငါးသိုင်းချောင်းမြို့အပိုင် မြက်တိုအုပ်စု၊ တောင်ယာတန်းကျေးရွာမှ အလုပ်သမား ၁၃ ဦးကို အလုပ်ပြန်ဝင်ရန် ဧပြီလ ၂၆ ရက်နေ့က ကား ၂ စီးဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ခေါ်ဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ရာ ရေကြည်မြို့နယ်၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများက … Read more

အမှုအခင်းရှိလျှင်၊ပစ္စည်းပျောက်လျှင်၊နေထိုင်မကောင်းလျှင်၊ချမ်းသာချင်လျှင်၊ စစ်တိုက်သွားလျှင် ရွတ်ရမည့် ဂါထာတော်

သာမညဆရာတော်ဘုရားကြီးအထူးပေးသောဂါထာ ဥုံ- သိဒ္ဓိဘုရားထိပ်မှာထား ၊ နားမှာ ဗြဟ္မာ ၊ ၊လက်မှာ သိကြား ၊ ခါးမှာ ဘီလူး ၊ ဒူးမှာ ခြင်္သေ့ ၊ခြေမှာ နဂါး ၊ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။ ဥုံ – ကောက္ကုသံ ၊ ဥုံ – ကောဏဂုံ ၊ ဥုံ- ကဿဖ ၊ ဥုံ – ဂေါတမ ၊ ဥုံ – အရိမေတ္တယျ ၊ ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။ ဓာတ်တော်ဝင် ၊မဟာဝင် ၊ဧရာဝင် ၊မဟာဝိနေယာ ၊ဗောဓိရှစ်တန် ၊ဥာဏ်တော်( ၁၈ ) ပါး ၊ … Read more

စံပါယ်ပန်း စနစ်တကျ စိုက်ပျိုးနည်း

စံပါယ်ပန်း စိုက်ပျိုးနည်း စံပါယ်ပန်းကို မိုးဦးကာလတွင် အပင်ပျိုးထောင် စိုက်ပျိုးကြသည်။ အပင် မစိုက်ခင်မြေဆွေး နွားချေးဆွေးများကို စိုက်မည့်နေရာတွင်ကျင်းထူး ပြီးထည့်ပေးရမည်။ (အချိုးနှုန်းကတော့ ၁ကျင်းလျှင် ၅၀၀ မှ ၁၀၀၀ ဂရမ် နှုန်း) ပြီးလျှင် အပင် ကိုင်းတက် (Sucker) ဒါမှမဟုတ်ရင်အမြစ်ထွက်ပြီး ကိုင်းကူး/ကိုင်ထိုးပင် (layering/ cutting) အပင်တွေကိုစိုက်လို့ရပါပြီ။ ၁ နှစ်သားဆိုရင် ပန်းစပွင့်တာပါဘဲ.. စိုက်တဲ့အချိန်မှာ 3 ပေ 5 ပေခြား ပြီးစိုက်ကြပါတယ်.. စံပါယ်ပန်းဟာမိုးဦးကျတွင် စတင်ပွင့်ကြပါသည်။ အချို့ဒေသတွင် စံပါယ်ပန်း စောစော ပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလ လောက်မှာ အပင်ပြုပြင်ပေး ရပါတယ်။ ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ … Read more

သံလျှင်မြို့မှ ခြံဝင်းထဲရောက်နေသော ၀က်ဝံကြီးအား မိပြီ

သံလျင်မြို့တွင် ဝက်ဝံသုံးကောင် ရောက်ရှိနေ သံလျင်အမှုထမ်းရပ်ကွက် တရုတ်သင်းချိုင်းအနီးတွင် ဝက်ဝံသုံးကောင် ဧပြီ ၂၆ရက် ကရောက်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းကပြောသည်။ လက်ရှိတွင် တောင်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ဝက်ဝံသုံးကောင်ကိုဖမ်ဆီးနေကြောင်း သိရပြီး ၊ အဆိုပါ ဝက်ဝံသုံးကောင်သည် သံလျင်အမှုထမ်းရက်ကွက် နောက်ကျောတရုတ်သင်းချိုင်းအနီးမြေ၄ဧကခန့်ကျယ်ဝန်းသည့်ခြံဝင်းတစ်ခုတည်းရောက်ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။ “ဝက်ဝံသုံးကောင်က ဘယ်ကဘယ်လိုရောက်နေတယ်ဆိုတာ စဉ်းစားလို့မရဘူး။ဝက်ဝံရောက်နေတယ်ဆို လူတွေကလာကြည့်ကြတာရှိတယ် အဲလိုလူမစုဘို့မေတ္တာရပ်ခံထားရတယ်”ဟု‌ဦးအောင်နိုင်ထွန်းကပြောသည်။ ယင်းခြံဝန်းသည် လူမနေဘဲ ခြံစောင့်တစ်ဦး သာရှိသည်ဟုသိရသည်။လက်ရှိအချိန်တွင် သက်ဆိုင်ရာသို့တင်ပြထားပြီး ဝက်ဝံသုံးကောင်ကို ဖမ်းမိနိုင်ရေးဆောင်ရွက်နေသည်ဟုသိရသည်။ ဇော်ထွန်း TheFifthWaveNews သန်လျင်၊ အောင်ချမ်းသာကဝက်ဝံကိုဖမ်းမိ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက် အမှုထမ်းရပ်ကွက် ဘောဂလမ်းက ခြံထဲရောက်နေတဲ့ ဝက်ဝံကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ အဲ့ဒီဝက်ဝံကို ဒီကနေ့ မနက်ပိုင်းကစပြီးသစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေ ပူးပေါင်းဖမ်းဆီးနေတာဖြစ်ပါတယ်။ မိုးရွာနေတာကြောင့် … Read more

ရှေးဟောင်းခြင်္သေ့ရုပ်ပါးစပ်ထဲက မြက် နှင့် သူတို့ပြောသော အဆောင်ကောင်းဟူသည်

အဆောင်ကောင်းဆိုတာ ရှေးဟောင်းဘုရားတွေ ရောက်တဲ့အခါ ဘုရားကျောင်းဆောင်တွေရဲ့ အနားက ခြင်္သေ့ရုပ်ထုတွေကို သေချာကြည့်ကြပါ ပါးစပ်ထဲ မြတ်ပင် ပေါက်နေတာများတွေ့ခဲ့ရင် အမြန် နှုတ်ယူပါ အလွန်ကို အစွမ်းရှိပါတယ်နှုတ်မှာငုံပြီး စကားပြော ပြောသမျှအောင်ပါတယ် နောက်တစ်ခုက ဘယ်ညောင်ပင်ပဲဖြစ်စေ ညောင်ပင်ကြီးအောက် ညောင်ပင်အငယ်ပေါက်စလေး တွေ့တာနဲ့အချိန် မဆိုင်းပါနဲ့ ချက်ချင်းနှုတ်ယူပါ ဘုရားညောင်ရေအိုးရေနဲ့သွေးပြီး ကြည့်ရင် အမြင်ဓာတ်ရပါတယ် ပေါက်ပင်တစ်ပင်ရဲ့ အရှေ့ဘက်တည့်တည့် ကျီပေါင်းများတွေ့ပါက အမြန် ဖျတ်ယူပါ မိမိမွေးနေ့တိုင်း သွေးသောက်ပါ ပီယ အောင်ပါတယ် အိမ်မြှောင်အမြီး ၂ခွ ပီယ သိဒ္ဓိ အိမ်မြှောင်အမြီး ၂ခွ ရှိသောအိမ်ဟာ လဘ်လာဘ အလွန်ပွင့်ပါတယ် ဒါအပြင် အဆိပ်ရှိသတ္တဝါများလည်း မလာကြပါ ဖဲလည်းနိုင်ပါတယ် ပြစ်ချက်တခုက ကိုယ့်စိတ်ကို ထိန်းရခက်တာပါပဲ အဆောင်အနေနဲ့ဆောင်မယ်ဆိုပါက ပံ့သကူ အသေကို အခြောက်လှမ်း … Read more

အုန်းလွဲ ၊ နောက်ကျောတက်နေလျှင်

နောက်ကျောတက် ဇက်ကြောတက် လက်ပြင်ငုတ် အုံးလွဲနေသူများ အတွက် နာရီပိုင်းအတွင်း ပျောက်တဲ့ နည်းလေးပါ။ အဆင့် (၁) ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နဖူးပေါ်တင် ခေါင်းကို နောက်လှန်နိုင်သလောက် လှန်ဖိထားပါ။ ခါးမပါသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။ အဆင့် (၂) ခြေစုံရပ် ခါးကို မတ်မတ်ထား လက်နှစ်ဖက်ကို နောက်စေ့မှာကပ်ပြီး ခေါင်းကို ရှေ့ဖိနိုင်သလောက် ဖိပါ။ ခါးကုန်းမသွားပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး ပြည့်ရင် ဖြည်းဖြည်း လွှတ်ပါ။ အဆင့် (၃) ခြေစုံရပ် ခါးကို မတ်မတ်ထား ဘယ်ဘက်လက်ကို ခါးထောက်ထားပြီး ညာဘက်လက်က ဦးခေါင်းကို အပေါ်ကနေ ညာဘက်ပါနိုင်သလောက် ဆွဲဖိထားပါ။ ခါးမပါစေနဲ့။ ၁၀ စက္ကန့်ရေပြီး … Read more

နှစ်ရှည် ထိပ်ကပ်နာအတွက် ဒီနည်းလေးနှင့် စမ်းကြည့်ပါ

ထိပ်ကပ်နာ ဆေးနည်း ကျွန်တော် ထိပ်ကပ်နာ ဖြစ်နေတာ ၅. နှစ်လောက် ရှိနေပါပီ ။ ဘယ်ဆေးနဲ့မှ မသက်သာခဲ့ပါဘူး ဒန့်ဒလွန် အမြစ်ကိုသွေးပီး လည်ပင်းမှာလိမ်းကြည့်ပါ ။ တကယ် သက်သာပါတယ် ။ နှာခေါင်းပွင့်တယ် ချွဲမထတော့ဘူး နေရတာ သက်သာတယ် ။ အအေးမခံပါနဲ့ အခုမှလိမ်းတာ သုံးရက်လောက် ပဲရှိသေးတယ် ။ ထိပ်ကပ်နာဝေဒနါရှင်အားလုံး ပျောက်ကင်းကြပါစေ တကယ်သက်သာတာပါ ။ နဲနဲပူတယ် စပ်လဲစပ်တယ် လိုင်းပေါ်ဆေးနည်းပေးတဲ့သူတွေလဲ ကျေးဇူးတင်ပါတယ် ဘဝတူတွေသက်သာပါစေ ရှိန်း ဝင့် သူ အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့ Unicode ထိပျကပျနာ ဆေးနည်း ကျွန်တော် ထိိပ်ကပ်နာ ဖြစ်နေတာ ၅. နှစ်လောက် ရှိနေပါပီ ။ ဘယ်ဆေးနဲ့မှ မသက်သာခဲ့ပါဘူး ဒန့်ဒလွန် အမြစ်ကိုသွေးပီး … Read more

ရန်ကုန်မြို့နှင့်မန္တလေးမြို့ အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ(၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးဆက်လက် ထစ်ချုန်းရွာမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ … Read more

မိုးများမည့် ဒေသများ

မိုးများပါလိမ့်မယ် ၂၀၂၀ ဧပြီလ ၂၇ရက်မှ ၃၀ရက်နေ့အတွင်း ကလေး ၊ကလေးဝ ၊ဂန့်ဂေါ ၊ထီးလင်း ၊ကန်ပက် လက် ကျော ၊မင်းတိုင်ပင် ၊ပုလဲ ၊ယင်းမာပင် ၊ဆားလင်းကြီး ၊မုံရွာ ၊ကနီ ၊ဘုတလင် ၊ကျောက်ကာ ၊ချောင်းဦး ၊မြောင် ၊မြင်းမူ ၊စစ်ကိုင်း ၊မန္တလေး ။။မြစ်ငယ် ၊တံတာဦး ၊အမရပူရ ၊ ကျောက်ဆည်၊ မြစ်သား ၊ကူမဲ ၊ဝမ်းတွင်း ၊မိတ္ထီလာ ၊သာစည် ၊ပျော်ဖွယ် ၊ရမည်းသင်း ၊တပ်ကုန်း ၊ပုသိမ်ကြီး ၊မတ္တရာ ၊စဥ့်ကူး၊ရေနံသာ၊ကျောက်မြောင်း ၊ရွှေဘို ၊ခင်ဦး၊ရေဦး ၊ ကားဘိုး ၊ဒီပဲရင်း ၊တန့်ဆည် ၊ဇီးကုန်း ၊ထန်းတပင် ၊မြေဒူး ၊ကန့်ဘလူ ၊ကျွန်းလှ ၊ချပ်သင်းချပ်ကြီး၊ကောလင်း၊ပင်လယ်ဘူး ၊ဝန်းသို ၊အရာတော် … Read more