စီးပွားတိုး၊လာဘ်ရွှင် ၊ ဘုန်းပွင့် ၊ကံပွင့် ယတြာ

“စီးပွားတိုး လာဘ်ရွှင် ဘုန်းပွင့် ကံပွင့်”(ပွဲတွေ့ယတြာ) နှစ်ဆန်းတစ်ရက်နေ့မှာ နှစ်သစ်ကို အလှူအတန်းဖြင့် ကျက်သရေရှိစွာ ဖြတ်သန်းနိုင်ကြပါစေ တစ်နှစ်တာလုံး ကံကောင်း လာဘ်ရွှင်စီးပွားတိုးစေရန်ပြုလုပ်ရတဲ့ ယတြာကိုဖော်ပြပေးလိုက်ပါတယ်။ လက်ရှိကပ်ဘေးအခြေအနေအရ ယတြာလုပ်ဖို့အခက်အခဲ ရှိနေကြမယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ အာရုဏ်တက်အချိန်တွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ပန်း ၈မျိုးဖြင့် နို့ထမင်း ၁ပန်းကန် ကပ်လှူရင်းနှစ်တစ်နှစ်တာ ကာလအတွင်း စီးပွားတိုးစေဖို့ အခြား အခြားသော လိုအင်ဆန္ဒများ ပြည့်စုံအောင်မြင်စေဖို့ ဆုတောင်းပါ။ ပန်း ၈မျိုးအား ဘုရားပလ္လင်ခြေရင်းနား၌သော်လည်းကောင်း၊ဘုရားပလ္လင်အောင်တွင်ထည့်၍လည်းကောင်း လှူဒါန်းပူဇော်နိုင်သည်။ ပန်း ၈မျိုး အုန်း ကံကော် ဇော်စိမ်း ဝါး မေမြို့/ပျဉ်းမ သပြေ/သီဟိုဠ် ထန်း/ဒန်း/နှင်းဆီ ရွက်လှ အတာပန်း၊ပရိတ်ပန်းမှာ ပန်း၈မျိုး ပါပါတယ်။ နို့ထမင်း နွားနို့,နို့မှုန့်,နို့ဆီ တစ်မျိုးမျိုးဖြင့်ဆန်၊ထမင်းကို ချက်ပြုတ်နိုင်သည်။(တစ်နှစ်လုံးလည်း မိမိတို့ဆန္ဒရှိသလို … Read more

11ဦးထပ်တိုး ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးဖြစ်လာ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။ ၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် … Read more

သတ်မှတ်လူဦးရေထက် ကျော်လွန်နေတဲ့ အကျည်းထောင်တွေ သမ္မတ လွတ်ငြိမ်းနဲ့ လူလျှော့ပါပြီ

COVID 19 ကြောင့် သတ်မှတ်လူဦးရေထက် ကျော်လွန်နေတဲ့ အကျည်းထောင်တွေ သမ္မတ လွတ်ငြိမ်းနဲ့ လူလျှော့ပါပြီ။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက အကျဉ်းထောင်တွေ တော့ ယနေ့စပါပြီ။ တစ်ဆင့်ခြင်းအနေနဲ့ ရန်ကုန် နဲ့ ကျန်အကျဉ်းထောင်တွေ နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပါလိမ့်မယ်။ နှစ်သစ်ကူးကာလ ကချင်ပြည်နယ် အကျဉ်းထောင်/စခန်းများမှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ တစ်ထောင့် ခုနှစ်ရာကျော်ရှိ မိုးညှင်း၊ ဧပြီ ၁၅ နှစ်သစ်ကူးကာလ ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်/စခန်းများမှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ စုစုပေါင်း (၁၇၅၆) ဦးရှိကြောင်း ကနဦး သိရသည်။ မြန်မာနှစ်သစ်ကူးအခါ သမယတွင် ကချင်ပြည်နယ်အတွင်း အကျဉ်းထောင် အကျဉ်းစခန်းများမှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအနေနှင့် မြစ်ကြီးနားအကျဉ်းထောင်မှ (၈၃၉)ဦး ဗန်းမော်အကျဉ်းထောင်မှ (၃၀၈)ဦး မိုးညှင်းအကျဉ်းထောင်မှ (၅၃၈)ဦး ပူတာအို အကျဉ်းထောင်မှ (၇၁)ဦး တို့ ဖြစ်ကြောင်း … Read more

အချစ်ရေးတွင် လူရွေးမှားပြီဟု သိသာစေနိင်သော အချက်လေးများ

ချစ်သူရွေးကြတဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာလဲ။ တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ် သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး … သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင် သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ။ (၂) စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ် တခါတရံ ကိုယ်ချစ်တဲ့သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။ … Read more

ကျန်းမာရေးအတွက် အကျိုးရှိလှသော မြေဇာမြက်ပင်

မြေဇာမြက်ပင် မြေဇာမြက်ပင်ကို လူတိုင်းသိကြပြီး အချို့က ယုံကြည်ရာ ဓလေ့အရ နည်းအမျိုးမျိုး နှစ်သက်စွာ အသုံးပြုကြသည်။ မြေဇာပင်ကို ဟိန္ဒီဘာသာအရ ဒုရ်မာ -လက်တင်ဘာသာအရ C y n o d o n D a c t v l o n လို့ခေါ်ကြသည်။ မြေဇာမြက်သည် ရောဂါမျိုးစုံအတွက် အလွန်အသုံး ဝင်ပြီး အခြားဆေးဖက်များနဲ့လည်းတွဲဖက်ဖော်စပ်ပြီူ သုံးစွဲကြပါတယ်။မြေဇာပင် ၃ မျိုးပါတယ် ၁။မြေဇာ အညို ၂။မြေဇာ အဖြူ ၃။မြေဇာကြီးဆိုကြီး ၃ မျိုးမှာ အာနိသင်မှာ အများအားဖြင့် တူညီသည်။ တစ်မျိုးစီ၏ ရသာ အကျိုးသွားမှာ – ၁ – မြေဇာညို ချို … Read more

ဘယ်အရာမဆို အောင်နိုင်သူဖြစ်ဖို့ မေတ္တာစိတ် သာ လက်ကိုင်ထားပါ

မေတ္တာစိတ် လက်ကိုင်ထားသူသည် နောက်ဆုံး၌ဘယ်အရာမဆို အောင်နိုင်မှု ရယူမည်ဖြစ်ပါတယ် ရဟန်း စသော သူတော်ကောင်းပုဂ္ဂိုလ်တို့သည် မေတ္တာတရားကို စိတ်နှလုံးသား၌ အမြဲ ကိန်းအောင်းနေစေရ၏ တစ်ခါတစ်ရံ၌ လောကဓံ တစ်စုံတစ်ခု ကြုံတွေ့ရလျှင် ငါသည် လူယုတ်မာမဟုတ်၊တရားနှင့် ပျော်မွေ့ နေသူတည်း၊ ဘာအကြောင်းဖြစ်စေ လူ့လောကတစ်ခွင် ကျင်လည်နေရခိုက်အခါမှာ တွေ့ကြုံရသော ပြဿနာဟူသမျှကို မေတ္တာစက်ဖြင့် ဖြေရှင်းသွားမည်၊ မေတ္တာတရားသာ လက်ကိုင်ထားသွားမည်ဟူ၍ ခိုင်မြဲစွာ နှလုံးပိုက်ထားရာ၏။ မေတ္တာကို အဖော်ပြု၍ မေတ္တာတရား ရင်ဝယ် ပိုက်ထားလျှင် စိတ်မချမ်းသာစရာ တွေ့ကြုံရသော်လည်း စိတ်ချမ်းမြေ့ဖွယ်ရာ အမြင်မှန်ရလာပါမည်။ မေတ္တာတရား လက်ကိုင်မထားဘဲ မခံချင်စိတ်၊သည်းမခံနိုင်စိတ်၊ ဒေါသ, မာန စသော အခြားနည်းဆိုး လက်ကိုင်ထားလျှင် မှားသွားလေပြီဟူ၍သာ မှတ်ပါ။ ထို့ကြောင့် မေတ္တာတရားကို လက်ကိုင်ထားခြင်းထက်ကောင်းသောအရာ မှန်သော အလုပ် … Read more

ရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် လွတ်မြောက်လာခဲ့သူ

“ရတနာသုံးပါး ဂုဏ်ကျေးဇူး”ကြောင့်ဝူဟန် ဗိုင်းရပ် ရောဂါ မှ “သေရွာပြန်”ခဲ့သူ တစ်ဦး အကြောင်း” ကျွန်တော် ခံစားခဲ့ရတဲ့ “ဝူဟန်းဗိုင်းရပ်”အကြောင်းလေးပါ။ ဘာကြောင့်-ဝူဟန်း ကျွန်တော့် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသလဲ? မလာအောင် ဘယ်လိုလုပ်နိုင် ဆိုတာ နဲ့မလှုပ်နိုင်ဘဲ “နာရီပေါင်း (၁၄၀) ကျော်” ကိုမခံသာတဲ့ “မရာဏာပိဒုက္ခ” ကိုကျော်လာခဲ့ပုံအတွေ့အကြုံလေးပါ။ ပထမဉီးဆုံး-“သေရွာပြန်”ခဲ့တာ ဟာ “ရတနာသုံးပါး ဂုဏ်ကျေးဇူး”ကြောင့်ဆိုတာပါပဲ။ (“Ventilator” မှာ-သေမင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မေတ္တာစူးစိုက်ပို့ပေးနေခဲ့ကြတဲ့, ဆရာ​တော် ခေမာဓေမမ္မာ၊အောက်စ်ဖို့ ဆရာတော်၊တိပိဋ္ဌက ရွှေစင်ဆရာတော်ဘုရားကြီး၊ဂုတ်ထိပ်ဆရာတော်ဘုရားကြီး ဦးပညာဝံသ ၊ထိသိ စွန်းလွန်းဆရာတော် ဦးသုမန၊ သဘာဝရိပ်သာ မှ ဆရာတော်အမှုးထားပြီး ဘုန်းဘုန်းများ ဆရာလေးများ၊မိုးကုတ်ရိပ်သာ မှ ဆရာလေးများ ။ပြည် ဝိဇ္ဇောဒယ မှ ဆရာသမားများအချိန်ပြည့်တရားအားထုတ်ပြီး သစ္စာတိုင်တည်မေတ္တာပို့နေတဲ့ မိခင်ကြီး ဒေါ်အေးမြင့် ၊ … Read more

12ဦးထပ်တိုးသဖြင့် ရောဂါအတည်ပြုလူနာ ၇၄ ဦးဖြစ်လာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။ ၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-063)၏ သတင်းကို (၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။ ၃။ သို့ဖြစ်ရာ (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် … Read more

စီးပွားတက်မည့် အိမ် ဆောက်နည်း

နေစရာအိမ်ဆောက်မယ်ဆိုရင် (တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ။) ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက အိမ်ဆောက်ရင် လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။မြင်လဲမြင်ဆရာ ပါ။ သူရေးခဲ့တဲ့ စာစုကို ပြန်ဖော်ပြလိုက်ပါတယ်။ နေစရာအိမ်ဆောက်မယ်ဆိုရင် ဝေဒင်္ဂတို့ နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား-၀တ်-နေ-ရေး ကြောင့်ပဲမဟုတ်လား။ အဲဒီ စား-၀တ်-နေ-ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်ကပြောရာမှာ ဘာမှမဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက် ကျယ်ပြန့်လေပါပဲ။ စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှမစားလို့ မ၀တ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မ၀တ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။ ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေ၇တာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံရတာ တွေဟာ အဲဒီစားဝတ်နေ ဆိုတဲ့ ဟာကြီးကြောင့်ပါ။ ဗုဒ္ဓ၀ါဒီပီပီပြောရရင် ခန္ဓာအိမ် … Read more

သင်္ကြန်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

သင်္ကြန်သမိုင်း ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်က ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါ။ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ သိကြားမင်း – ဗြဟ္မာမင်း တခါက ဗရာမာလို့ ခေါ်တဲ့ ဗြဟ္မာမင်း အာစိဟာ ဒေဝနတ်အပေါင်းတို့ရဲ့ဘုရင် သကြားမင်းကို စစ်ရူံးခဲ့ပါတယ်။ ဒီအချိန်မှာ သိကြားမင်းက စစ်ရူံးခဲ့တဲ့ ဗြဟ္မာမင်းအာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနိုင်းမူကို စစ်ရှူံးတဲ့ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ ဂနေဆာ ဗြဟ္မာမင်းက အလွန်အင်မတန် တန်ခိုးကြီးတဲ့အတွက် … Read more