အဖုအကျိတ်ပေါ်တတ်လျှင် သိမ်းထာပါ

ကုသရန် ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေရန် လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန်ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျနည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီး တို နည်းလေးအား ဝေငှပေးခဲ့ ပါသည်။ ဘေးထွက်ဆိုးကြိုးများလည်းမရှိပါသောကြောင့် စိတ်ချယုံကြည်စွာ သုံးနိုင်ပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကိုသုံးကြမှထုတ်နုတ်ဖေါ်ပြပါသည်။ ရေးသူ(ဦးဇော်ဝင်း -ကုန်းဇောင်းတိုက်နယ်ဆေးရုံ)။ ဆေးနည်း (၁) ထုံး(ကွမ်းစားထုံး) (၂) မန်ကျည်းမှည့်(အစေ့မပါ) (၃) ပျားရည်စစ် ထိုသုံးမျိုးကို အဖုအကျိတ်အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီးနယ်ပေးပါ။ လက်ဖဝါးပေါ်တင်ကာနယ်ထားသောထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာရောစပ်သွားသောဆေးကိုအဖု အကြိတ် ပေါ်တင်ရန်ဖြစ်ပါသည်။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည်။ပြန်ပြီးမခွာရပါ။ တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှတင်ပေးနိုင်ပါသည်။ အဖုအကျိတ်ဖြစ်ကာစဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည်။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။ လိုသူတို့သုံး … Read more

ကျီးပေါင်း၊အရွတ် ၊အကျိတ် နှင့် အဆိပ်ပြေဆေး ငွေပန်းဥ

ငွေပန်း ဆေးအသုံးဝင်ပုံ အရသာမှာအနည်းငယ်ပူ၊ စပ်၊ချို၊ဆိမ့် သည်။ ငွေပန်းဥ သည် အရိုးနဲ့ ချဉ်ဆီ ကို အားဖြစ်စေသည်။ ခါး ၊ဒူး ၊အရွတ်တွေကို အားဖြစ်စေသည်။ကျည်းပေါင်းကို သက်သာစေသည် အကျိတ်ကို ပျောက်စေသည်။သွေးအားကို ဖြစ်စေသည်။နို့ကို ထွက်စေသည်။ ငွေပန်းဥ ကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျိုသောက် ငပိရည်နဲ့ တို့စား. ပြုတ်စား. အစာလဲကြေ. နူတ်ကို လည်း မြိန်စေတယ်။ အဆိပ်အတောက်ရှိသည့် အင်းဆက် ပိုးမွှားများ ကိုက်ခံရလျှင် ဖြစ်စေ. အဖုအကြိတ်. ထွက်လျှင်ဖြစ်စေ ငွေပန်းဥ ကို သွေးပြီး လိမ်းပေးနိုင်သည်။ သို့မဟုတ်ငွေပန်းဥ ကို ဟင်းချို ချက်သောက်ပေးလျှင်လည်း ကုသနည်းအဖြစ် အသုံး ပြုနိုင်ပါသည်။ ငွေပန်းဥ ကို ဟင်းလျာထဲ ထည့်ချက်စားပေးပါက. အနာများကို အကျက်မြန်စေပါသည်။ … Read more

သံကိုပင်ပြတ်စေသည်ဟုဆိုသော လက်ပံခါးပင် ဆေးဖက်ဝင်အသုံး

လက်ပံခါးပင် လက်ပံခါးပင် အထက်လှန်သွားသွင် အပွင့်ဖြူပြီး အစွမ်းကြီးသည်ဟုမှတ်ဖူးပြီး သူရဇ္ဇမဂ္ဂဇင်းတွင် ထူးဆန်းသောလက်ပံခါးပင်အကြောင်းရေးဖူးပါသည်။ လက်ပံခါးပင်သည် ဂမ္ဘီရနှင့် သိပံ္ပသဘောပေါင်း၍နှောကာ သံပြတ်သည်ဟုဆို၍ လူအချို့ သဲသဲမည်းမည်း ရှာဖွေခြင်း ရှိကြသည်။တကယ်အရောင်းအ၀ယ်မျိုးမမြင်ဖူးပါ။ ကျွန်တော်သိသောလက်ပံခါးပင် ကျွန်တော်ရောက်ရှိတွေ့ဖူးသော လက်ပံခါးပင်ကြီးမှာကလေးမြို့နယ်၊ကံသာယာရွာအကျော်၊ကြက်ဖိနပ်ရွာသို့ မရောက်မီကလေး-တမူးကားလမ်း၏ညာဘက် တွင်ရှိပါ သည်။ ကြားသိသောလက်ပံခါး အလွန်ထူးသောသတ္တိရှိကြောင်း၊သံကိုရိုက်သွင်းပြီး၊အုတ်နီခဲကျိုးကို ချိတ်ဆွဲထားခဲ့ပါက သံချောင်းပြတ်ကျသည်ဟုဆိုပါသည်။ လက်ပံခါးဆေး ကိုမြိုပါက အလွန်မောပန်းပြေကြောင်း ၊ဆီးချိုဝေဒနာရှင်များ အတွက် နတ်ဆေးသဖွယ် သက်သာပျောက်ကင်းခြင်းသည့် အမှန်ဖြစ်သည်ဟု ဆိုပါသည်။ ပေါက်ရောက်ပုံနှင့်အပင် လက်ပံခါးကို တောင်မရိုး(အဖို)နှင့်မှားတတ်ကြပါသည်။လက်ပံခါးပင်ကြီးပေါက်ရောက်ရာ နဘေးချုံငယ် ပင်များမှ အပမည်သည့် အပင်လတ်များ မပေါက် ဟုဆိုပါသည်။ အကြောင်းမှာ အပင်၏ အစေး သည်ပြင်းထန်သော ဓာတ်သဘောကြောင့်ဖြစ်လေသည်။အပင်ကြီးမျိုးဖြစ်ပြီးပေကျွန်တော်တွေ့ခဲ့သောအပင်မှာ ပေ(၁၀၀)အထက်တွင်ရှိပါသည်။ အဆူးပြောင်းပြန်ရှိပြီး အပွင့်ဖြူသေးလေးများပွင့်ပါသည်။ သံပြတ်ခြင်းဟုတ်မဟုတ်တင်ပြရပါလျှင် သံမစစ်သော အိမ်ရိုက်သံ၊တွင်(သွပ်) ရောနှောထားပါက … Read more

သံဃာ့ အသုံးအဆောင်ပစ္စည်းများ၏ လှူဒါန်းရခြင်းအကျိုး

ယပ်လှူရခြင်း အကျိုး (၉) မျိုး ၁။ ပူပန်မှုသောကမရှိခြင်း။ ၂။ ခန္ဓာကိုယ်အေးမြချမ်းသာခြင်း။ ၃။ စိတ်အေးမြချမ်းသာခြင်း။ ၄။ ရာဂမီးတောက်လောင်မှု ကင်းရှင်းခြင်း။ ၅။ ဒေါသမီးတောက်လောင်မှု ကင်းရှင်းခြင်း။ ၆။ မောဟမီးတောက်လောင်မှု ကင်းရှင်းခြင်း။ ၇။ ဒိဋ္ဌိမီးပူကင်းရှင်းခြင်း။ ၈။ မာနမီးပူကင်းရှင်းခြင်း။ ၉။ ရန်သူများကိုအောင်နိုင်ခြင်း။ ဖိနပ်လှူရခြင်း အကျိုး (၄) မျိုး ၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။ ၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။ ၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။ ၄။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။ ထီးလှူရခြင်း အကျိုး (၈) မျိုး ၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။ ၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။ ၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။ … Read more

အမျိုးသားများအတွက် မှဲ့ အဟော

အမျိုးသားမှဲ့ အဟော ၁။နဖူးပြင်ဘယ်ဘက်က်၌ရှိသောမှဲ့သည် စိတ်ထားမမှန်ကန်သူဖြစ်တက်သည်။ ၂။နဖူးပြင်ညာဘက်၌ရှိသောမှဲ့သည် ကောင်းကျိုးအလွန်ပေး၍ချမ်းသာသုခနှင့်ပြည့်စုံသူဖြစ်တက်သည်။ ၃။မျက်ခုံး၏ ဘယ်ဘက်၌ရှိသောမှဲ့သည် စိတ်ဓာက်ပိုင်းခိုင်မာ၍ ရဲရင့်ပြတ်သားသောသဘောရှိတက်သည်။သုံးစွဲစိစစ်တက်သည်။ ၄။မျက်ခုံး၏ညာဘက်၌ရှိသောမှဲ့သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်အောင်မြင်တက်သည်။ ၅။နဖူးပြင်ဗဟိုတည့်တည့်တွင် ထင်ရှားစွာရှိသောမှဲ့သည်ငွေကြေးချမ်းသာသော သူဌေးသူကြွယ်ဖြစ်တက်သည်။ ၆။ညာဘက်နှာခေါင်းနား၌ရှိသောမှဲ့သည် သားသမီးသေဆုံးတက်သည်။ ၇။ဘယ်ဘက်နှာခေါင်းနား၌ရှိသောမှဲ့သည် မျက်ရည်ခံဟုခေါ်သည်။ ဇနီးဖြစ်သူအား ခိုက်တက်သည်။ ၈။ညာဘက်ပါးပြင်ပါးစပ်၏အစွန်း၌ရှိသောမှဲ့သည် အျကျိုးမရှိသောကိစ္စကိုသာပြောတက်သည်။ ၉။ဘယ်ဘက်ပါးပြင်ပါးစပ်၏အစွန်း၌ရှိသောမှဲ့သည် သူတစ်ပါးအကြောင်းကို စိတ်ဝင်တစားပြောဆိုတက်ပြီး ထင်ရှားကျော်ကြားတက်သည်။ ၁၀။မေးစေ့အလည်တည့်တည့်၌ရှိသောမှဲ့သည် အိမ်ထောင်ဆက်များတက်သည်။မိန်းမပွေတက်သည်။ ၁၁။ရင်ဘက်အလည်တည့်တည့်တွင်ရှိသောမှဲ့သည် ရတနာရွှေအိုးဟုခေါ်ပြီး ကြွယ်ဝချမ်းသာတက်သည်။ ၁၂။လက်ယာဘက်ဝှေးစေ့တွင်ရှိသောမှဲ့သည် မယားရပြီးမကြာမိသေဆုံးတက်သည်။ ၁၃။ညာဘက်နားရွက်တွင်ရှိသောမှဲ့သာ် အသက်ရှည်တက်သည်။ ၁၄။ဘယ်ဘက်နားရွက်တွင်ရှိသောမှဲ့သည် ကြမ်းတမ်းစွာလုပ်ကိုင်စားသောက်ရတက်သည်။ ၁၅။လည်ပင်း‌ပေါ်တွင်ရှိသောမှဲ့သည် ထင်ရှားအောင်မြင်တက်သည်။ ၁၆။လည်ပင်းညာဘက်တွင်ရှိသောမှဲ့သည် စိတ်ထားမွန်မြတ်၍ချမ်းသာတက်သည်။ ၁၇။လည်ပင်းဘယ်ဘက်တွင်ရှိသောမှဲ့သည် ထင်ရှားကျော်ဇောတက်သည်။ ၁၈။ရင်ဘက်ညာဘက်တွင်ရှိသောမှဲ့သည် သားသမီး၏ ကောင်းကျိုးကိုခံစားရတက်သည်။ ၁၉။ညာဘက်နို့အုံအောက်တွင်ရှိသောမှဲ့သည် ရန်လိုတက်၍ ကောင်းကျိုးပေးသည် ၂၀။ညာဘက်နံရိုးအောက်တွင်ရှိသောမှဲ့သည် ချမ်းသာတက်သည်။ ၂၁။ရင်ဘက်ဘယ်ဘက်တွင်ရှိသောမှဲ့သည် ဒေါသထွက်သည်။ ၂၂။ညာဘက်နို့အုံအောက်တွင်ရှိသောမှဲ့သည် … Read more

စက်ဘီးမြို့တော်လေးအားလွမ်းမိသည်

စက်ဘီးမြို့တော် “…လှည်းနောက်ြ်မီးထက်၊ ခြေတွဲလောင်းလေးယှက်ပြီး၊ သံသာသီတော့ပေ၊ တောင်ခြေမဝေးတဝေး၊ ဖွေးဖွေးတည်နေ၊ စေတီကျောင်းကန်ပြာသာဒ်များနဲ့၊ ဘုရားဇရပ်တို့ ပျော်စရာပေ..” ၁၉၃၀ ဝန်းကျင် ယခုလိုတစ် ဝါတွင်း၌ မန်္တလေးသူလေးတွေ လှည်းယဉ်ကျော့စီးပြီး မန်္တလေး တောင်သို့ ဘုရားဖူးလည်သည့် မြင် ကွင်းကို ဆရာမြို့မငြိမ်းက “တစ်ဝါ တွင်း” သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ် သည်။ ထိုခေတ် ထိုအချိန်က မန်္တလေး တွင် ဘိုင်စကယ်ဟုခေါ်သည့် စက်ဘီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေလောက်ပြီ။ သို့သော် ထိုစက်ဘီးများကိုယောက်ျားဘသားကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။ မန်္တလေးမြို့ မျက်နှာဖုံးနာမည် ကျော်အနုပညာရှင် ရွာစားကြီး စိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ် ကြီးနှင့် မက်မက်မောမော ဓာတ်ပုံ အရိုက်ခံခဲ့သည်။ အင်္ဂင်္လိပ်ခေတ်မှာ ခေတ်ဆန်သည့် မြန်မာမိန်းမပျိုလေး ကလည်း ဆံထုံးထုံးကာ ရှန်ဟဲညွန့် ပိုးထည်လက်ရှည် အင်္ကျီဖားဖားနှင့် … Read more

Autoဂီယာ မောင်းနှင်သူများ ဂရုစိုက်ရမည့် အချက် ၆ချက်

Automatic Transmission (အော်တိုဂီယာ) အတွက်ဂရုစိုက်ရမယ့်အရာ၆ချက်။ Gear box က Engine ကဲ့သို့ အရေးကြီးပါတယ်၊ Gear Box ပျက်ရင် ကားမောင်းလို့မရပါဘူး၊ ပြင်ဆင်စရိတ်ကလဲ မသေးတဲ့အတွက် သိကောင်းစရာ အချက်တချို့ ကျတော်သိသလောက်လေးတင်ပြလိုက်ပါတယ်။ ၁။ ရေအရမ်း မြုပ်အောင်မမောင်းပါနဲ့ ရေကြီးတယ်ဆိုတာ ရန်ကုန်မှာ နှစ်စဉ်ဖြစ်နေကြပါ၊ လူတွေက ဓာတ်ဆီကားဆို ရေထဲ မမောင်းသင့်ဘူး၊ ဓာတ်ဆီ အင်ဂျင်က ရေထိ မခံဖူးဘဲ သိကြတာပါ၊ အမှန်တော့ Automatic transmission ကိုလဲ ထိခိုက်စေပါတယ်။ သူအလုပ်လုပ်လို့ ဆီတွေပူလာရင် အဆင်ပြေအောင် pressure release valve လေးတွေပါပါတယ်၊ အဲက တဆင့် ရေဝင်ရင် transmission ပျက်စီး နိုင်ပါတယ်။ ရေနည်းနည်း ဖြတ်မောင်းတာ ဘာမှ … Read more

လက်ဖက်ခြောက်ဖတ်လေးတွေရဲ့ အသုံးဝင်လျှို့ဝှက်ချက်လေးများ

သုံးပြီးသားလက်ဖက်ခြောက်ဖတ်များကို လွင့်မပစ်ပဲအသုံးပြုခြင်း ၁ – ဈေးကဝယ်လာတဲ့ ငါး အရမ်းညှီနံ့ နံ့နေရင်လက်ဖက်ခြောက်ဖတ်တွေနဲ့ ငါးကို ပြုတ်ခြင်းဖြင့် ငါးညှီနံ့ပျောက်သွားစေတယ်။ ၂ – လက်ဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ရော ဖုံတက်နေတဲ့ပြူတင်းပေါက် မှန်ရွံ့ပေနေတဲ့ ဖိနပ် တွေကို ဆေးကြော ပေးပြီး အဝတ်သန့်နဲ့ ပြန်ပွတ်တိုက်ပေးပါက သန့်ရှင်း တောက်ပြောင်သွားပါမယ်။ ၃ – လက်ဖက်ခြောက်ဖတ်( အချိုခြောက် / အကြမ်းခြောက်)တွေကိုရေအေးနဲ့ ရောစပ်ပြီး အပင်တွေကိုလောင်းပေးရင် သဘာဝမြေငြဇာ ရရှိပြီး အပင်တွေကို သန်စွမ်းစေတယ်။ ၄ – လက်ဖက်ခြောက်ဖတ်တွေကို အခြောက်လှန်းပြီး ကြက်ဥနဲ့ ပြုတ်စားရင် မွေးကြိုင်ပြီး အရသာရှိပါတယ်။ ၅ – လက်ဖက်ခြောက်ဖတ်ကို အခြောက်လှန်းပြီး မီးရှို့ရင် အနံ့သက်ဆိုးတွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးပါတယ် … Read more

သွေးကြောတွေကို ရှင်းလင်းမယ်

သင့်သွေးကြောကို သန့်စင်နိုင်သော အစားအစာများ သွေးကြောအတွင်း နံရံထဲမှာ အခဲဖတ်တွေ စုဆောင်းမှုဖြစ်လာရင် သွေးကြောပိတ်ဆို့မှုတွေဖြစ်လာပြီး သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အခဲဖတ်တွေဟာ သွေးထဲမှာ လှည့်ပတ်နေတဲ့ပစ္စည်းတွေဖြစ်တဲ့ အဆီ၊ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ အညစ်အကြေးနဲ့ ဖိုက်ဘရီယမ်တွေ စုစည်းပြီး အနည်ထိုင်နေတာပါ။ သွေးကြောပိတ်ဆို့တာကြောင့် နှလုံးသွေးကြောရောဂါ၊ သွေးကြောရောဂါအမျိုးမျိုး၊ နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်ရောဂါတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် သွေးကြောတွေကျန်းမာပြီး ပိတ်ဆို့မှုမရှိဖို့က အလွန်အရေးကြီးပါတယ်။ အောက်ပါအစားအစာတွေက သွေးကြောသန့်စင်ပေးပြီး ပိတ်ဆို့မှုမဖြစ်အောင် ကူညီပေးနိုင်တဲ့ အစားအစာတွေပါ။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို ကျဆင်းစေနိုင်တာကြောင့် သွေးကြောကျန်းမာရေးအခြေအနေကောင်းမွန်နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ နှလုံးသွေးကြောကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။ သလဲသီး ၂၀၁၅ ခုနှစ်အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ လေ့လာမှုအရ သလဲသီးမှာ ပါဝင်တဲ့ အစွမ်းထက်လွန်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (အထူးသဖြင့် … Read more

ပါးစပ်အဖုအပိန့်၊နားရောဂါ၊ခြေဖဝါးကွဲ၊ခေါင်းတခြမ်းကိုက်၊ပွေးနာ၊ကြက်မျက်သင့်ခြင်းတို့အတွက် ဇွန်ပန်း

ဇွန်ပန်း (Zasminum Auriulation) ဇွန်ပန်းကို ငယ်စဉ်ကတည်းက ဖတ်စာထဲရော မိမိပတ်ဝန်းကျင်အနီးအနားမှာပါ ရင်းနီးနေကြမည်ဖြစ်သည်။ငယ်ငယ်က စွဲနေအောင်သင်ခဲ့ရတာကလေးပါ။ “ဇွန်ပန်းရုံအနီး နွံထဲ၌လှည်းဘီးကျွံနေသည် ကူ၍တွန်းပေးကြပါ။လေးလွန်း၍ မတွန်းနိုင်ဘူးလား။ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ “ဆိုသောကဗျာလေးပါ။ စပယ်ပန်း နှင့် ဇွန်ပန်း မျိုးရင်းစိတ်တူသော်လည်း အပွင့်နှင့်မွှေးရနံ့ လေးက တစ်မျိုး တစ်ဘာသာဆီ သူ့ ရနံ့ နှင့်သူ ကွဲပြားပါသည်။ စပယ်ရနံ့ က သင်းပျံ့ပျံ့လေးနှင့်မွှေးပြီး ဇွန်ပန်းရနံ့ က အတန်သင့်ပိုစူးရှသယောင်ယောင်ထင်ရသည်။ စပယ်ပန်းက တစ်ပွင့်နှစ်ပွင့် ကပ်ပြီးနမ်းရှိုက်ရန်အဆင်ပြေသလောက် ဇွန်ပန်းလေးများကြ လက်ခုပ်ထဲအဆုပ်လိုက်ထည့်ပြီးတော့ အားရပါးရ နမ်းရှိုက်လိုက်ရမှ စိတ်ကျေနပ်သယောင်ခံစားမိသည်။ ဇွန်ပန်းလေးတွေက သေးငယ်တာလည်း ပါမည်ဖြစ်သည်။ စပယ်ပန်းက ဖြည်းဖြည်းခြင်း နမ်းရှိုက်မှ သူ့ ရနံ့ မွှေးချိုချိုလေးဖြင့် လူကိုလန်းဆန်းလာသလို ဇွန်ပန်းကိုတော့ဖြင့် ရနံ့ ပိုသည်ထက် အားပါးတရ … Read more