ဆွမ်းဦးပုညရှင်စဖွင့် ၊ကောင်းမှုတော် နှင့် မင်းကွန်းလဲ ဖွင့်တော့မည်
စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု ကလေး ဇူလိုင် ၁၃-၂၀၂၀ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဘုရားစေတီတွေကို ဘုရားဖူးခရီးသွားလာလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း သာသနာရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။ ဒီလို ခွင့်ပြုခဲ့တာဟာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားတာတော့ မဟုတ်ဘူး။ တိုင်းအစိုးရကနေ ခရိုင်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီတွေကို ညွှန်ကြားထားတာမျိုးတော့ ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ဘုရားဖူး လာရောက်လည်ပတ်တာများတဲ့ ဘုရားတွေနဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးတွေမှာ ဘုရားဖူးခွင့်၊ လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုဖို့အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့ကနေစတင်ပြီး သက်ဆိုင်ရာမြို့နယ်၊ခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့တွေဆီကို လမ်းညွှန်အကြောင်းကြားခဲ့တာ … Read more