ဝ လာစေနိုင်သည့် နည်းလမ်း (၆သွယ်)
ဝ လာစေမည့် နည်းလမ်းများ မကြာခဏ မေးလာကြတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ၀ လာအောင် ဘယ်လိုလုပ်ရမလဲ။ ဘာဆေးစားရမလဲ ဆိုတာပါပဲ။ အခုခေတ်မှာ အ၀လွန်ရောဂါများကြောင့် ပိန်ဆေး၊ အဆီချဆေးများ ထုတ်လုပ်ရောင်းချ၊ စားသုံးနေကြပေမယ့် ပိန်နေသူများအတွက် ၀လာစေမည့် ဆေးနည်းတွေကတော့ ရှားနေတာကို တွေ့ရပါတယ်။ ၀ဆေးအချို့ ရှိနေပေမယ့် သဘာဝအတိုင်းမဟုတ်ရင် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေတာကို သတိထားရပါမယ်။ လူကို ဘာကြောင့်ပိန်စေသလဲဆိုတဲ့ အကြောင်းရင်းကို သိအောင်အရင်လေ့လာပြီး ရှောင်ရန်၊ ဆောင်ရန်တို့ကို လိုက်နာပေးလိုက်ရင် သဘာဝအတိုင်း ပြန်ဝလာပါလိမ့်မယ်။ ပိန်စေတဲ့အကြောင်းရင်းများ အဆာလွန်ခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျိုးရိုးလိုက်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အစာမချေနိုင်ခြင်း၊ အအိပ်အစားနည်းခြင်း၊ အစပ်စားလွန်းခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။ ဆီးချို၊ ကင်ဆာ၊ အရိုးပါး၊ ခံတွင်းပျက် စတဲ့ရောဂါများ … Read more