အတွင်းဒဏ်လက်တွေ့ပျောက်တဲ့ တောဇီးဖြူပင်(ခေါ်)တောင်ဇီးဖြူ ဒီအပင်ကို တောဇီးဖြူပင်လို့ ခေါ်ပါတယ်။ အခြားအခေါ်အဝေါ်လည်း ရှိကောင်းရှိနိုင်မယ်။ မည်သို့ပင် ခေါ်စေကာမူ လက်တွေ့လုပ်သူကိုယ်တိုင်က အပင်ကိုကိုင်ပြပြီး ပြောပြနေတာဖြစ်လို့ ယုံမှားမှု မရှိကြပါနဲ့။ဖြစ်ပုံက ဒီလိုပါ။ ထိုင်းကို အလုပ်သွားလုပ်တဲ့မိတ်ဆွေတစ်ဦးက အလေးတွေကို မ,ရ ပင့်ရတော့ ‘အတွင်းဒဏ်ဖြစ်နိုင်တယ် ဖြစ်တဲ့အခါ အလွယ်တကူသောက်ရအောင်’လို့ တွေးပြီး ရောဂါမဖြစ်သေးသော်လည်း သူသိထားတဲ့အတိုင်း တောဇီးဖြူပင်ကို သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး ပုလင်းတွေထဲမှာ ထည့်သိမ်းထားခဲ့ပါတယ်။ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးက အလုပ်ရုံမှာ အလေးတွေကို မ,ပင့်နေရလို့ ရင်ဘတ်အောင့်နေတာ တစ်နေ့ပြီးတစ်နေ့ ပိုပြီးအောင့်လာ နာလာတဲ့အခါ အိမ်မှာပြန်နားတော့မယ်လို့ ပြောပြတော့ ပုလင်းထဲသိမ်းထားတဲ့ဆေးကို အလုပ်ရုံမှာဘဲ သောက်ခိုင်းပြီး သက်သာလာလို့ ရက်အနည်းငယ်မှာပင် ရင်ဘတ်အောင့်တာ လုံးဝပျောက်ကင်းပြီး အလုပ်ဆက်လုပ်နိုင်ပါတယ်။ တစ်နှစ်နီးပါးလောက် ရောဂါထပ်မဖြစ်တော့တာကို တွေ့ရပြီးနောက် မိတ်ဆွေက မြန်မာပြည်ကို … Read more