ကင်းလွတ် ယူနစ် ၁၅၀ဆိုတဲ့အဓိပ္ပါယ်
လျှပ်စစ်မီတာခများကို ဧပရယ်လအတွက် ယူနစ် ၁၅၀ ကင်းလွတ်ခွင့် ဆိုတဲ့အဓိပ္ပါယ်ကိုသေချာစဉ်းစားကြည့်ပါက ဧပရယ်လအတွက်အသုံးပြုသောယူနစ် စုစုပေါင်းထဲမှ ကင်းလွတ်ခွင့်ရသော ယူနစ် ၁၅၀ နုတ်ပြီးမှ ကျန်သည့်ယူနစ်ကို လျှပ်စစ်မီတာခ တွက်ချက်ကောက်ယူရမည်ဟု မိမိကတော့နားလည်သိရှိပါသည်။ နိုင်ငံတော်အတိုင်ပင်ခံ အမေစုမှ ဧပရယ်အတွက် လျှပ်စစ်မီတာယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရမည်ဟု ကြေငြာချက်ကို နားထောင်ရသောအခါ တစ်တိုင်းပြည်လုံးမှ ပြည်သူများက လက်ရှိအစိုးရ၏ပြည်သူလူထုပေါ်ထားရှိသောမေတ္တာတရားကို ကျေးဇူးအထူးတင်ဝမ်းမြောက်လျှက်ရှိကြပါသည်။ သို့သော် တနင်္ဂနွေညနေက အိမ်သို့မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓါတ်အားခတောင်းခံလွှာရောက်ရှိလာသောအခါ ဓါတ်အားခတောက်းခံလွှာကိုသေချာကြည့်မိမှ လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းမှ ပြည်သူအများစုထံမှ စုစုပေါင်းသုံးစွဲထားသောယူနစ်ထဲမှ ကင်းလွတ်ခွင့်ရရှိသော ယူနစ်၁၅၀ ကို အရင်နုတ်၍တွက်မထားဘဲ သုံးစွဲယူနစ်စုစုပေါင်းကို အရင်တွက်ပြီးမှ ယူနစ်၁၅၀အတွင်း အနည်းဆုံးဈေးနှုန်းဖြင့်ဆောင်ရသော ၃၅ ကျပ် ၅၀ကျပ် ၇၀ကျပ် ၉၀ကျပ် ၁၁၀ကျပ် ထိ ၁၁၅၅၀ကျပ် ကိုနုတ်ပြီးတွက်ပေးထားပါသည်။ဒါပြည်သူအပေါ်ကိုထားရှိသောလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းရဲ့ စိတ်ဓါတ်ကိုတွေ့မြင်လိုက်ရပါသည်။ အဲဒီတော့ … Read more