၂ဦးထပ်တိုး ဓာတ်ခွဲအတည်ပြု လူနာ (၁၂၁)ဦးရှိလာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၁-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၅) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၈၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။ ၂။ အဆိုပါလူနာ (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။ ၃။ (၂၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာ (၁၂၁)ဦးရှိပြီ ဖြစ်ပါသည်။ ၄။ ယခုအခါ … Read more

တစ်ရက်ကို လူပေါင်း ၁၃ဝဝ ဦးခန့် C 0 v i d-19 စစ်ဆေးနိုင်သည့် စက်ကြီးရောက်ပြီ

အားလုံးမျှော်လင့်နေကြတဲ့ C 0 v i d-19 စစ်သည့် Cobas 6800 M PCR စက်ရောက်ပါပီ။ ထိုင်းကားများ ၂ နာရီ ၄၀ မိနစ်ထွက်လာ ချစ်ကြည်ရေး အမှတ် ၂ တံတား​ပေါ်သို့ ၂ နာရီ ၄၅ မှာ ရောက်ရှိပါပီ။ မန္တလာမင်းကားဂိတ်မှယာဉ်မောင်း ၅ ဦးနဲ့ ရန်ကုန်မြို့ကို တိုက်ရိုက်သယ်ဆောင်လာနေပါတယ်။ ထိုစက်ကို AA Medical Product L t d က လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ R 0 c h e D i a g n o s t i … Read more

အိမ်မှာ ကျန်းမာရေး ပြဿနာ ဘယ်လို ရှင်းမလဲ

အိမ်မှာနေရင်း ကျန်းမာရေး ပြဿနာက အိမ်မှာ နေရင်း ချောင်းဆိုးတာ၊ ဖျားတာ ဖြစ်လာရင် ငါတော့ ကိုဗစ်ပြီဆိုပြီး စိတ္တဇတွေ ဖြစ်လာကြတာ။ ဆေးရုံပြေးမရမလား၊ မပြေးရဘူးလား။ ငါ့များ ၂၁ ရက် စောင့်ကြည့်ထဲ ထည့်လိုက်ရင် ဒုက္ခ ဆိုတာမျိုး။ ဒီတော့ အကြမ်းဖျင်း အိမ်မှာ ကျန်းမာရေး ပြဿနာ ဘယ်လို ရှင်းမလဲ။ ၁- အရင်ဆုံးတော့ အသေးအမွှား ကျန်းမာရေး ပြဿနာ ရှင်းဖို့ အိမ်သုံးဆေးလေးတွေ စုထား။ ပါရာစီတမော၊ ဘာမီတွန်၊ စီထရင်း၊ ဓာတ်ဆား စတဲ့ အိမ်သုံးနေကျလေးတွေပါပဲ။ နောက် သာမိုမီတာ တခု ဝယ်ထား။ တိုင်းတတ်အောင် လုပ်ထား၊ ဆရာဝန် ရင်းနှီးသူ ဖုံးနံပါတ်တွေ စုထား။ အားဆေး ပုံမှန်သောက်၊ လေ့ကျင်းခန်းလုပ်။ … Read more

ခရမ်းချဉ်သီးယို ပြုလုပ်နည်း

ခရမ်းချဉ်သီးယို လုပ်နည်းကိုတင်ပေးချင်လို့ အိမ်မှာ ခုပြထားတဲ့ တစ်ပန်းကန်လုံးအသေးစာတစ်လုံးပဲထိုးပါတယ် အဲ့ဒါတောင်မှ ခရမ်းချဉ်သီးက ၆၀ဆယ်သားရှိပါတယ်… ခု လိုင်ပြထားတဲ့ပုံစံမျိုး အရောင်မျိုး အရသာမျိုးလိုချင်ရင်ပေးထားတဲ့အချိုးအတိုင်းလုပ်နည်းအတိုင်းသေချာလိုက်လုပ်မယ်ဆိုရပါတယ်နော်… ပါဝင်ပစ္စည်း… ခရမ်းချဉ်သီး၆၀သား….. သကြား၁၅ကျပ်သား ဆား ကော်ဖီဇွန်းတဇွန်း.. ကွမ်းစားထုံး..အနည်းငယ်..တို့လိုအပ်ပါတယ်… ယိုထိုးနည်း… ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး ပြီး ထိပ်ကနေ အောက်ကိုမပြတ်စေရ လေးစိတ်စိတ်ပါ… ပြီးရင် ထုံးကိုရေဖျော်ပြီးထိုခရမ်းချဉ်သီးတွေကို လေးနာရီလောက်ထုံးရေစိမ်ပေးထားရပါ့မယ်…အချိန်စေ့လျှင်ထုံတွေစင်အောင်ရေများများနှင့်ပြောင်စင်အောင်ပြန်ဆေးပေးပါ.. ထို့နောက် ကျိုမည့်အိုးထဲသို့ထည့်.သကြားကိုရေကော်ဖီတစ်ခွက်စာနှင့် ဖျော်ရည်အမိုက်သဲစစ်၍အိုးထဲသို့ထည့်ပေးပါ .ဆားထည့်ပါ မီးဖွင့်၍ရေခမ်းသည်ထိကျိုပေးပါ..ဇွန်းနှင့်မမွှေပါနှင့် အိုးကပ်ခါနီးလျှင် အိုးကိုမ၍အသာလူပ်ပေးပါ..မတူးစေပါနှင့် တူးနံစွဲသွားလျှင် ယိုအနံ့တွင်မမွှေးတော့ပါ..စိတ်ရှည်ရှည်နှင့် အိုးကိုအသာလူပ်၍လူပ်၍သာလှည့်ပေးပါ.. ရေခမ်းလျှင် နေလှန်းမည့်ဗန်းထဲသို့တစ်လုံးခြင်းစီအသာဆယ်ယူ၍ ဖြန်ပီးနေကျက်ကျက်ပူပူအောက်မှာ၅ရက်လောက်လှန်းပေးရပါတယ်.. ၃ရက်မြောက်လောက်တွင် ပုံစံပြန်ပြန့်ကြီးဖြစ်နေသောခရမ်းချဉ်သီးတွေကို ခုပုံမှာပြထားသည့်အတိုင်းလက်နှင့်အသာအယာလိုက်စုပေးပါ..အထက်အောက်လှန်ပေးပါ ၅ရက်လောက်ဆိုရင်ပုံပါအတိုင်းသကြားလည်းပွင့် ခြောက်လည်းခြောက် အရောင်လည်းလှ.နှင့်အရမ်းအရသာရှိတဲ့ခရမ်းချဉ်သီးယိုကိုရပါပြီ. လုံးဝကို ခရမ်းချဉ်သီးအစိမ်းနံလည်းမနံပါဘူး..အရသာကချိုချဉ်လေးပါနော်…ဝါသနာပါတဲ့အိမ်ရှင်မတွေလည်းခုလိုမျိုး. တခါတည်းအများကြီးမလုပ်ပဲညနည်းနည်းချင်းစီစမ်းသပ်ပြီးလုပ်ကြည့်ုကြပေါ့နော် အပျင်းလည်းပြေ..ပညာလည်းရ.ပျော်ဖို့လည်းကောင်းပါတယ်.. အားလုံးကိုကျေးဇူးတင်ပါတယ်.. လိုင်လိုင် Unicode ခရမ်းချဉ်သီးယိို … Read more

မန္တလေးတိုင်း တတိုင်းလုံးအတွက် ထုတ်ပြန်ကြေငြာချက်

တားမြစ်မိန့်ထုတ်ပြန်ခြင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၀) ထုတ်ပြန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ် (၅/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ရက်တွင် ထုတ်ပြန်လိုက်သည်။ အပြည့်အစုံမှာ – မန္တလေးတိုင်းဒေသကြီးအတွင်းတားမြစ်မိန့်ထုတ်ပြန်ခြင်း ၁။ (၆-၄-၂၀၂၀) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၀) ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း တားမြစ်မိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ယခုအချိန်ကာလသည် COVID-19 ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အဆိုပါ တားမြစ်မိန့်အား ရက်တိုးမြှင့်၍ ထုတ်ပြန်ရန် လိုအပ်လျက်ရှိပါသည်။ ၂။ သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မရှိမဖြစ် လိုအပ်သော စားသောက်ကုန်များ ရောင်းချနေသည့် လုပ်ငန်းများ၊ စားသောက်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများ၊ ဘဏ်များ … Read more

ရောဂါပိုးတွေ့ရှိသူ ၆ဦးတိုး၊စုစုပေါင်း (၁၁၇) ဦးရှိလာကာ ၊ရောဂါပိုးကင်းစင်သူ (၉)ဦး ရှိလာ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၅) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။ ၂။ အဆိုပါ လူနာသစ် (၆) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။ ၃။ ယနေ့ ည (၈:၀၀)နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်ပါသည်။ ၄။ ယခုအခါ … Read more

ကျန်းမာရေးမကောင်းသလို ဖြစ်နေချိန်တွင် ရှောင်သင့်သော အစားအစာများ

အိမ်သားတွေ နေမကောင်းဖြစ်ရင် ဒီအစားအစာတွေ မကျွေးရဘူးနော် နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။ အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိုင်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်လိုက်တာ အကောင်းဆုံးပါ။ နှာစေး ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက် ချောင်းဆိုး ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက် နှင့် ချိုသောအစားအစာများ ရုတ်တရက်အစာအိမ်ရောင်ခြင်း ဖြစ်လျှင် အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း နာတာရှည်အစာအိမ်ရောင်လျှင် ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ အူရောင် ငှက်ပျောသီး၊ မာလာကာသီး အသည်းရောဂါ ငန်း(ကြက်၊ဘဲ)အရေခွံ၊ … Read more

စိုက်ထားသင့်သည့် အဆိပ်ဖြေဆေးပင်

ဟင်းငုတ်ပင်(ခ)သခွပ်ပွင့် တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ပင်စည်တွင် အခေါက် အေပြးမရွိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။ တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေး ရှည်ရှည်။နှစ်ပေခန့်ရှိ။ ဆေးဘက်ဝင်ဝင်ပုံ အခေါက် ၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါက အခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။(မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ) ၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက် လျှင်လည်းအခေါက်ဝါးးစားပါ။ ၃။ မျက်စေ့နာပါကအခေါက်သွေးပြီး မျက်လုံးကွင်းလိမ်းပါ။မကျည်း ခေါက်လိုအပွေးမရှိ။ ၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက် ပြုတ်ရေ ချိုးပါ။ အပွင့် ၁။ ရှေးကတည်းက ကလေးတွေကို ရောဂါကင်း။ကိုယ်တွင်းအဆိပ် ကင်းသည်ဆိုကာသုပ်ကျွေးသည် ၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက် သည်။အခြောက်ဆိုရင်ပြုတ်ရ သည်။အခြောက် အရောင်မဲနေ သည်မှလွဲ၍အရသာမပြောင်းပါ။ ၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ တော်တော်များများအပွင့်သုပ်စား နေကြသည်။ ၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်း ချနေကြပါသည်။တို့စားစရာအ ဖြစ်လည်းသုံးသည်။ အရွက် ၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။ ၂။ … Read more

ပရိတ်ပဋ္ဌာန်း ဂါထာတော်များကို တန်ခိုးထက်မြတ်အောင် ရွတ်ဖတ်ပူဇော်နည်း

ပရိတ် ပဋ္ဌာန်း ဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ ၁။အဝတ်အစားလဲသင့်လဲရမယ် ၊ ခြေလက်ခံတွင်းသုတ်သင်ပြီး ၊ ကြည်လင်သန့်ရှင်းစေရမယ် (မဇ္ဈိမ-ပီယဇာတိသုတ် မ၂။၃၁၄) ၂။ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်များနမူနာအတိုင်း မိမိရွတ်တဲ့ဂါထာတော်ဂုဏ်တော်တွေကို ပိုပြီးအာနိသင်ရှိစေချင်ရင် အနက်အဓိပ္ပါယ်ကိုလည်းသိထားရမယ် သိအောင်လုပ်ရမယ် ကျက်သင့်တာကျက်ထားရမယ် ၃။ဘယ/လာဘ/ကုလစာရ/ ကြောက်တဲ့စိတ်/ဖြစ်စေချင်တဲ့စိတ်(အမျှော်စိတ်) နောက်ပြီးမိရိုးဖလာလုပ်ရိုးလုပ်စဉ်မို့ လုပ်ရတာမျိုးမဖြစ်စေရဘူး ၄။ဘီလူးသဘက်တွေကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလည်းရှောင်ရမယ် (ပါထိက-ဋ္ဌ-၁၅၁။) လယ်တီဆရာတော်ကြီးပြောသလို ဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကို အမဲသာစားတဲ့ပါးစပ်ကြီးနဲ့ရွတ်လို့နေရာမကျဘူး ၅။ရောဂါဖြစ်လို့ တစ်စုံတစ်ရာဒုက္ခဖြစ်လို့ တစ်ခြားလူဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့ မိမိရွတ်တဲ့ပရိတ်တော်များဂါထာတော်များ အစွမ်းအာနိသင်ထက်ဖို့လိုအပ်တဲ့အခါ ရေ/ဆီ/သဲ/ချည်/လက်ကိုင်ပဝါ စသည်ကိုရွတ်တဲ့လူရဲ့လက်နှင့် ထိတွေ့လှုပ်ခါကိုင်တွယ်ပြီးရွတ်ဆိုသင့်တယ် ဒါမြတ်စွာဘုရားရှင်တို့ရဲ့အာဏာစက် သွင်းတယ်လို့ခေါ်ပါတယ် (လောကီနည်းမဟုတ်ပါဘူး) ဝိနည်းအဋ္ဌကထာမှာလာတဲ့လုပ်ထုံးပါ (ဝိ- ဋ်ဌ- ၂ -သာရတ်ထ -၂-၂၇၅) ၆။မိမိလုပ်နေကျဓမ္မဝတ်ကိုပုံမှန်လုပ်ရမယ် စွဲစွဲမြဲမြဲဝတ်ထားပြီးလုပ်ရမယ် ဒါမှပိုပြီးထိရောက်ပါတယ် ဆွမ်းဝတ် ရေတွင်းရေကန် ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှုစတဲ့ ဝတ်ထားပြီးလုပ်တဲ့ ကုသိုလ်မှန်သမျှဟာ … Read more

ဝမ်းချုပ်တတ်သူ၊ဆံပင်ဖြူ ပြန်နက်ချင်သူ၊ခံတွင်းနံသူများအတွက်

ပေါင်းတည်မြို့ ပုတီးကုန်းလမ်းမှကျောင်းအုပ်ဆရာကြီး ဦးစံချိန်၏ ဆေးနည်းလေးပါ။ ၀မ်းနုတ်ဆေး စားရန်မလို ဆံပင်ဆေးဆိုးရန် မလို ခံတွင်းနံ့ လုံးဝမနံ ၀မ်းပျော့ ဆံပင်နက်စေပါတယ်။ ဆေးနည်းကတော့ ကွမ်းရွက်နှင့်ဆားကို ပုံပါအတိုင်း ထမင်း စားပြီးတိုင်းစားပေးယုံပါပဲ။ ခံတွင်းနံ့ လုံးဝမနံ စေရန် နောက်တစ်နည်း ရှိသေးတယ်။ ဒီနည်းကတော့ အလွယ်ဆုံးနည်းလမ်းပါ။ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အရည်ညှစ်ပြီး သောက်ပေးပါ။ ဒါမှမဟုတ် အချဉ်ဓာတ်ပါတဲ့အသီး ကို ပါးပါးလှီးပြီး ရေထဲကို ထည့်ပေးပါ။ ရေခဲသေတ္တာထဲ တစ်ညသိပ်ပေးရင်တော့ ရေထဲကို ဗီတာမင်တွေ ရောက်သွားပါတယ်။ ဗီတာမင် စီပါတဲ့ သံပရိုသီး ၊ လိမ္မော်သီး ၊ ဘယ်ရီသီး တို့က ခံတွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မူရင်းရေးသားသူ Unicode ပေါင်းတည်မြို့ ပုုတီးကုန်းလမ်းမှကျောင်းအုပ်ဆရာကြီး ဦးစံံချိန်၏ … Read more