ဗန်းမော်မြေနုဈေးမှ ထူးခြားတဲ့ ပန့်သကူ
အိမ်မှာပဲနေပါ လူသားမှာစမ်းသပ်မှု မှာဆေးက မအောင်မြင် သေးပါဘူးတဲ့
ကိုရုနာဗိုင်းရပ်စ်ဆေး remdesivir လူသားမှာစမ်းသပ်မှု “ မအောင်မြင်” ကိုဗစ် ၁၉ ရောဂါကုသပျောက်ကင်းနိုင်တယ်လို့ အများမျှော်လင့်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေး Remdesivir ဟာ လူသားထံစမ်းသပ်မှုမှာတော့ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် ဧပြီလ ၂၃ ရက် (ကြာသပတေးနေ့) မှာ ဆေးစမ်းသပ်မှုရဲ့ရလဒ်တွေကို မတော်မဆ ထုတ်ပြန်မိတာကနေ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူတွေကို ကုသနိုင်ဖို့ မျှော်လင့်ချက်နည်းသွားပြီဆိုတာ သိခဲ့ရတာဖြစ်ကြောင်း channel news asia ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ဝက်ဘ်ဆိုက်ထဲလွှင့်တင်ထားခဲ့ပြီး ပြန်လည်ဖြုတ်ချသွားတဲ့ အကျဉ်းချုပ် စမ်းသပ်မှုရလဒ်ကို Financial Times သတင်းစာက တွေ့ရှိဖော်ပြခဲ့တာကနေစပြီး ဒီဆေးဟာ စမ်းသပ်မှုမအောင်မြင်ခဲ့ကြောင်း သိခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီဆေးဝါးကို ထုတ်လုပ်ဖို့သုတေသနပြုနေတဲ့ Gilead Sciences … Read more
ရန်ကုန်မှ ၇ဦးထပ်တိုး
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ၁။ ယမန်နေ့ (၂၃-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) (DMR) တို့မှ ဓာတ်ခွဲနမူနာများ စစ်ဆေးခဲ့မှု၊ လူနာသစ်များတွေ့ရှိမှုတို့နှင့် ပတ်သက်၍ သတင်းအကျယ်ကို ဖော်ပြအပ်ပါသည်။ ၂။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တို့ သည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် စုစုပေါင်း (၃၂၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ စုစုပေါင်း (၁၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၃၁၇) ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။ ၃။ … Read more
လေဖြတ်ဝေဒနာ ဝေဒနာရှင် တွင်COVID-19 ပိုးတွေ့
မတ္တရာမှ COVID-19 ပိုးတွေ့လူနာသည် လေဖြတ်နေသူဖြစ်ပြီး မတ္တရာမြို့ အမှတ်(၂)နယ်မြေ၊ ကန်သာရပ်တွင် နေထိုင်သူဖြစ်၊မိသားစုဝင်များကို Quarantine ထားရှိနိုင်ရန် ဆောင်ရွက်နေဟုဆို မတ္တရာမြို့နယ်နေ အသက်(၈၀)အရွယ် COVID-19 လူနာ အမျိုးသားသည် လေဖြတ်နေသူဖြစ်ပြီး မတ္တရာမြို့ အမှတ်(၂)နယ်မြေ ကန်သာရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုသည်။ လက်ရှိတွင် ယင်းလူနာ၏ မိသားစုဝင်မျာကို Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ထားရှိနိုင်ရန်နှင့် နေအိမ်ပတ်ဝန်းကျင်အား အသွားအလာ အဝင်အထွက် ကန့်သတ်ပိတ်ပင်ရန် လုပ်ဆောင်နေသည်ဟု မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။ “လူနာက လေဖြတ်နေတယ်လို့ ပြောတယ်။ မိသားစုဝင်တွေ အကြောင်းတော့ အသေးစိတ် မသိရသေးဘူး။ တစ်ဝင်းထဲမှာ မိသားစုတွေအပြင် သမီးရော၊ သားမက်ရော အတူနေတယ်လို့ ကြားတယ်”ဟု ဦးမင်းမင်းက … Read more
ဂေါက်ရောဂါရှိသူများအတွက် ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ
Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ Gout ဂေါက်ရောဂါဆိုသည်မှာ သွေးထဲမှာ ယူရစ်အက်ဆစ်တွေ လွန်ကဲလာလို့ ဖြစ်လာရတာပါ ။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။ ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာတွေကြောင့်လို့သိရပါတယ်။ ပဲ. ဆိုဒါ. ဘီယာနဲ့ ပင်လယ်စာတွေမှာ purines များစွာပါတာမို့ ယူရစ်အက်ဆစ်ကို တက်စေပါတယ်။ ခန္ဓာကိုယ်က ယူရစ်အက်ဆစ်ကို ဆီးနဲ့အတူ ဖယ်ထုတ်ပစ်နိုင်ပါတယ် ဒါပေမယ့် ထုတ်နိုင်တဲ့ ပမာဏထက် ယူရစ်အက်ဆစ်တွေများပြားလာတဲ့အခါ အပ်ချောင်းပုံ ပုံဆောင်ခဲ Urate crystals တွေက ခြေချောင်း လက်ချောင်း အဆစ်တွေမှာ စုပုံလာပြီး နာကျင်တဲ့ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။ ဆီးကျောက်နဲ့ … Read more
၅ဦးထပ်တိုး ၁၃၂ ဦးဖြစ်လာ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၃-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၂) ခု အနက် (၅) ဦး ၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၇၇) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ပါ။ ၂။ (၂၃-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၃၂) ဦး ရှိပြီဖြစ်ပါသည်။ ၃။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီဖြစ်ကာ ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက် … Read more
ဘုရားပေးသည့် C o v i d – 19 ကပ်ရောဂါ ကာကွယ်ကုသဆေး
ရောဂါနှင့် ဆေး Covid-19 ကပ်ရောဂါ ကာကွယ်ကုသဆေး ယနေ့ တိုင် မတွေ့သေးပါ။ ကမ္ဘာ့လူသားများ၏ိစိတ်၌စွဲကပ်နေသော ရာဂ ဒေါသ မောဟ Virus ရောဂါ ကာကွယ် ကုသဆေးကိုနှစ်ပေါင်း နှစ်ထောင်ကျော်က ဗုဒ္ဓတွေ့ရှိ ဟောကြားခဲ့ပြီး ဖြစ်သည်။ အနိစ္စသညာ အသုဘသညာ စိတ်မှာလေ့ကျင့်မှုဖြင့် ရာဂ ကိုဖယ်ရှားပါ။ မေတ္တာပွါး၍ ဒေါသကို ဖယ်ရှားပါ။အသိပညာဖြင့် မောဟ ကို ဖယ်ရှားပါ။ အပ်ပမာဒနေ သမ်ပာဒထေ။ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ၂၃ ဧပြီ၊၂၀၂၀ ရက်နေ့ အဆုံးအမသြဝါဒ ၂၃ ဧပြီ, ၂၀၂၀ Unicode ရောဂါနှင့်် ဆေး Covid-19 ကပ်ရောဂါ ကာကွွယ်ကုသဆေး ယနေ့ တိုင် မတွေ့သေးပါ။ … Read more
ထုံးဖြူး တာဟာ ရောဂါကာကွယ်ရေးအတွက် ထိရောက်မှုရှိပါသလား
မြေကြီးပေါ် ထုံးဖြူး ထုံးမှုန့်ဖြန့်ဖို့ လို၏ မလို၏”ခဏခဏ မေးကြလို့ဖြေထားတဲ့စာ” ဒီပို့စ်ကို ဒေါက်တာခင်ခင်ကြီးကလည်း ရှယ်ထားတာမို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရပ်ရွာတော်တော်များများ ထုံးတွေဖြူးနေကြတာကို မနေ့ကစပြီး ကြားရ တွေ့‌နေရတာပါ။ မြေကြီးပေါ်ထုံးဖြူးတာတွေ လူတကိုယ်လုံး ပိုးသတ်ဆေးဖြန်းနေတာတွေဟာ ပညာအသိနဲ့သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့တစ်တွေ နေ့စဉ်သောက်နေရတဲ့ ရေကိုတောင်မှ ထုံးဓာတ်မပါအောင် အဆင့်ဆင့် စစ်ပြီး သန့်ပြီးသားကို သောက်နေကြတာပါ။ လူနေအိမ်ရှေ့ လမ်းတွေပေါ် ထုံးရည်ပဲဖြန်းဖြန်း၊ ထူံမှုန့်ပဲ ဖြူးဖြူး နေအပူ လေအဝေ့မှာ ထုံးမှုန့်တွေ နီးစပ်ရာ လေထုထဲ ပြန့်နှံ့ကုန်မယ်။ လူတွေ အသက်ရှုနေရတဲ့ လေထုထဲမှာထုံးမှုန်တွေ ပါလာမယ်။ ဆိုးကျိုးသာရမှာပါ။ အောက်ကစာကတော့ ဒေါက်တာခင်ခင်ကြီး ရှယ်ထားတဲ့စာပါ။ ကိုမြင့်နိုင်ကြီးလို့ သူရေးထားတာက စာကိုပေါ့စေလို့ကိုဗစ်နိုင်တီး Covid-19 လို့ ပြန်ပြင်ထားပါတယ်။ မြေကြီးကိုဘာမှဖြန်းစရာမလိုပါဘူး။“မြေကြီးပေါ်ရောက်သွားတဲ့COVID-19 virus ကနှာခေါင်းထဲ … Read more
ကျန်းမာရေးနှင့် ညီအောင် ဖုန်းအသုံးပြုနည်း
“ဖုန်း အသုံးပြု သတိပြုရန်နဲ့ ကာကွယ်နိုင်သောနည်းများ” ” အင်တာနက်သုံးခြင်းအတွက် အမြင်အာရုံကောင်းစေရန် ” မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဖက်နားကို အသုံးပြုပါ ။ ညာဖက်နားနဲ့ နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလိုင်း( Mobile radiation ) ဦးနှောက်ကို ပို၍ ပျက်စီးစေကြောင်း သိရသည်။ များသောအားဖြင့် ညာသန်သူများအတွက် ညာဖက်ကို ပိုမို အသုံးပြုသည့် ကို ဆင်ခြင်ပါ ။ ည မှာ ဖုန်း Screen ( အီလက်ထရွန်းနစ်ပစ္စည်း )မှ တဆင့် စာဖတ်ခြင်းကအိပ်ပျော်စေဖို့ အခက်အခဲဖြစ်စေပါတယ်။အိပ်မောကျစေဖို့ ခက်ခဲစေပါတယ်။ Screen ရဲ့အလင်းရောင်ကြောင့် အသားအရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းပမာဏ ထိခိုက်စေပါတယ်။ ညမအိပ်ခင် Screen ဖြင့် စာဖတ်ခြင်းကို ရှောင်ပါ။ အသက်ရူလေ့ကျင့်ခဏ်း … Read more
သပြုသီး၏ ကျန်းမာရေး အကျိုးပြုပုံ
လေးဘက်နာကြောင့် ခြေဆစ်လက်ဆစ်တွေကိုက်နေရင် သပြုသီးနဲ့ ဆား ဆတူ/အချိုးတူ ပြုတ်ပြီး ပေါင်းခံ ချွေးအောင်းပေးလိုက်ပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးပုပ်တွေ ထွက်လာပြီးရင် ရေချိုးပေးပါ။ အစားရှောင်စရာ မလိုလောက်အောင် သက်သာပါတယ်။ သပြုသီးကို ငါးခူနှင့်ချက်စားလျှင် ကျောက်ကပ်၊ နှလုံးကောင်းလာပါမည်။ ငါးရံ့ကင်ပြီး သပြုသီးနှင့် ဟင်းချိုချက်စားလျှင် ဆီးချိုရောဂါ သက်သာပါမည်။ သပြုသီးပြုတ်ပြီး တို့စားမြုပ်စားလျှင် နှလုံးအားကောင်းပြီး ဆီးရွင်ပါသည်။ ဆီးကျောက်တည်လျှင် သပြုသီးအရွက်ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ကျောက်တဖြည်းဖြည်းကြွေကျပြီး သက်သာပျောက်ကင်းပါသည်။ ဝမ်းကိုက်လျှင် သပြုသီးပင် အခေါက်ကို ဆားနှင့်သွေး၍ သောက်ပေးပါ။ (ဟင်းစားတစ်ဇွန်းစာ) ခရစ်ဒစ် Unicode လေးဘက်နာကြောင့် ခြေဆစ်လက်ဆစ််တွေကိိုက်နေရင်် သပြုသီးနဲ့ ဆား ဆတူ/အချိုးတူ ပြုတ်ပြီး ပေါင်းခံ ချွေးအောင်းပေးလိိုက်ပါ။ တစ်ကိိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးပုပ်တွေ ထွက်လာပြီးရင် … Read more