မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့ ဂန္ဓမာပန်းစိုက်ပျိုးနည်း

မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့ ဂန္ဓမာပန်းစိုက်ပျိုးနည်း ဂန္ဓမာပန်းအမျိုးမျိုးရှိပြီး စိုက်ပျိုးတဲ့အခါမှာတော့ အကိုင်းကို စိုက်ပျိုးလေ့ရှိပါတယ်။ ဂန္ဓမာပန်းပျိုးပင် တွေကို တစ် လခန့်ပျိုးထားပေးဖို့လိုပါတယ်။ ပျိုးမယ့်နေရာကလည်း လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကို သင့်တင့် မျှတစွာရရှိဖို့လည်း လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာပူလွန်း၊ အေးလွန်း တဲ့ရာသီဥတုကို မနှစ်သက်ပါ။ မြေဆီ သြဇာထက်သန်တဲ့မြေတွေမှာ ပိုပြီး ဖြစ်ထွန်းပါတယ်။ ရေဝပ် တာကို မကြိုက်တဲ့အတွက် ရေဝပ်တဲ့မြေတွေမှာ စိုက်ဘောင်ဖော်ပြီး စိုက်ပျိုးဖို့လိုပါတယ်။တစ်ပင်နဲ့ တစ်ပင် (၆)လက်မကွာ စိုက်ပျိုးပေးရပါတယ်။ ဂန္ဓမာပန်း စိုက်ပျိုးတဲ့အခါမှာလည်း အရမ်ကြီးစိုက်စရာ မလိုပဲ တစ်လက်မလောက် မြေကြီးထဲကို ဝင်အောင် စိုက်ရင်အ ဆင်ပြေနိုင်ပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရေလောင်းပေးရ ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ ရေလောင်းတဲ့ အရှိန်အရမ်းပြင်းရင် အရှိန်ကြောင့် မြေအောက်အနက်ကိုရောက်သွားရင် အပင်ကောင်းကောင်းမရှင်သန်နိုင်ပါ။ … Read more

အနော်ရထာမင်းဘယ်အရွယ်မှာနတ်ရွာစံသလဲ

အနော်ရထာမင်းဘယ်အရွယ်မှာသေတာလဲ ဒီနေ့ Moneydrop ငွေတွေဝင်အစီအစဉ်မှာ အနော်ရထာမင်းအသက်ကို ၆၃ ခုနှစ်မှာသေတယ်လို့မေးခွန်းအဖြေပြသသွားတော့ ကျနော် လေ့လာမှုအရ မှားတယ်ဆိုတာ ကျောက်စာအထောက်အထားနဲ့ပြသရှင်းလင်းခြင်ပါတယ်။ အနော်ရထာမင်း စောလူးမင်း ကျန်စစ်မင်းတို့ရဲ့ နန်းတက်နှစ် များကိုသမိုင်းရာဇဝင်ကျမ်းများက မတူကွဲပြားရေးသားထားပါတယ်။အနော်ရထာမင်း စောလူးမင်း ကျန်စစ်သား တို့ရဲ့နန်းတက်နှစ်တွေကို ၁။ရာဇဝင်ကြီး။ရာဇဝင်သကျမ်း။မုံရွေးရာဇဝင်တို့ကမြန်မာသက္ကရာစ်အနော်ရထာမင်း၊ ၃၆၄စောလူမင်း ၃၉၇ ၊ကျန်စစ်သားမင်း ၄၂၅ ၂။မှန်နန်းရာဇဝင်။တွင်းသင်းရာဇဝင်တို့က အနော်ရထာမင်း ၃၉၇ ၊ စောလူမင်း ၄၂၁၊ကျန်စစ်သားမင်း ၄၂၆ ၃။ရာဇဝင်ဟောင်း။စေတီယကထာ။ဇာတာတော်ပုံရာဇဝင်တို့က အနော်ရထာမင်း ၄၀၆ ၊စောလူးမင်း ၄၃၉၊ကျန်စစ်သားမင်း ၄၄၆ စသည်ဖြင့်သတ်မှတ်ကြပေမဲ့ အမှတ် ၃ ဇယားပါမြန်မာသက္ကရာဇ်တွေကိုတော့ သမိုင်းပညာရှင်အများစုက အကြိုက်ညီကြ၏အမှန်နဲ့နီးစပ်၏ဟု သဘောထားတူညီစွာလက်ကိုင်ထားကြပါသည်။ သို့သော်မှန်နန်းရာဇဝင်တွင်ရေးသားထားသော သက္ကရာဇ် ၃၇၉ ခု သရဝဏ်နှစ် ပြာသိုလ်လပြည့်ကျော် ၈ ရက် တနင်္လာနေ့ အနော်ရထာမင်းစော … Read more

သံထည်ပစ္စည်း နှင့်တည်ဆောက်တဲ့အခါ သိထားသင့်သည့် သံချေးတက်ရခြင်း အကြောင်းရင်းများ

သံချေးတက်ခြင်းအမျိုးမျိုး သံချေးတက်ရခြင်းအကြောင်းကတော့ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ ပြန်​ပြီး review ​ခေါ်ရမယ်​ဆိုရင်တော့ သံ၊သတ္တုပစ္စည်းတွေဟာသူတို့ပတ်ဝန်းကျင်းအနီးအနားမှာရှိတဲ့ရှင်းအောင်ပြောရရင်သူတို့နဲ့ထိစပ်တဲ့အရာတွေရဲ့ဓာတုတုံ့ပြန်မှု၊လျှပ်စီးဓာတုတိုက်ခိုက်မှုတို့ကြောင့်ပဲဖြစ်ပါတယ်။ သံချေးတက်တယ်သံချေးကိုက်တယ်ဆိုတာဓာတုဓာတ်နဲ့သံသတ္တုတွေကိုတိုက်စားသွားတာပါပဲ။ တည်ဆောက်ရေးလုပ်ရေးလုပ်ငန်းများအတွက်​သံသတ္တု​တွေဟာ အသုံးများလာတာကြောင့်​ကိုယ်အသုံးပြုမယ့်​တည်ဆောက်ရေးပစ္စည်းများရဲ့အရည်အသွေးထိန်းသိမ်းခြင်းအတွက်သံချေးကိုက်ခြင်းဟာလည်းအရေးကြီးပါတယ်။ ဆိုတော့သံချေးကိုက်တဲ့အခြေအနေ၉ရပ်ရှိပါတယ်။ကြားဖူးနားဝရှိအောင်လေ့လာကြည့်တာပေါ့လေ 1.Atmospheric Corrosion 2.Erosion Corrosion 3.Selective Corrosion 4.Uniform Corrosion 5.Pitting Corrosion 6.Fretting Corrosion 7.Stress Corrosion 8.Intergranular- Corrosion 9.Corrosion Fatigue 1. Atmospheric Corrosion ဒါကတော့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုရယ်အဖြစ်အများဆုံး၊အများဆုံးတွေ့ရတဲ့သံချေးကိုက်တဲ့အခြေအနေပါ။သံတ္တုတွေဟာအစိုဓာတ်ရှိတဲ့ပတ်ဝန်းကျင်နဲ့ထိတွေ့ဖန်များလာတယ်။အစိုဓာတ်ဆိုတာအရည်​ပါဝင်မှုဖြစ်တယ်။ အရည်ဖြစ်လို့လဲလျှပ်စီးနိုင်တယ် ဒါကြောင့်​electrolyte ဖြစ်ပြီးသံတ္တုတွေကိုသံချေးကိုက်တိုက်ချွတ်ပြီးစားသွားတာဖြစ်ပါတယ်။ 2.Erosion Corrision ဒါက​တော့ mechanical abrasion ​ကြောင့်​ဖြစ်​တာပါ။ သံသတ္တု​တွေရဲ့ မျက်​နှာပြင်​နဲ့ သံ​ချေးကိုက်​​စေတတ်​တဲ့ အရည်​​တွေရဲ့ ထိ​တွေ့မှု​ကြောင့်​ တဖြည်းဖြည်း ပွန်းပဲ့တိုက်​စားသွားခြင်းဖြစ်​ပါတယ်​။ ဒါမျိုးကချက်ချင်းဖြစ်မသွားပါဘူးအဲ့ဒီသံချေးကိုက်စေတဲ့အရည်တွေကြောင့်တဖြည်းဖြည်းပဲ တိုက်စားသွားခြင်းကြောင့်အပေါက်လေးတွေအခေါင်းပေါက်ကလေးတွေဖြစ်လာပါတယ်။ဒီဖြစ်စဉ်ကိုအများအားဖြင့်အရည်ကိုစီးဆင်းစေတဲ့သံပိုက်တွေမှာအများဆုံးတွေ့ရပါတယ်။ 3.Selective Corrosion ဒီသံချေးတက်ခြင်းကတော့သတ္ထုစပ်တွေမှာတွေ့ရတာပါ။ပြောချင်တာကသံသတ္တုနဲ့ အခြားသတ္တုတွေရောစပ်ထားတဲ့သံထည်ပစ္စည်းတွေမှာသံချေးကိုက်တာဖြစ်ပါတယ်။အထူးသဖြင့်သတ္တုစပ်ပိုက်တွေမှာZincနဲ့ရောစပ်ထားခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒါ့အပြင်သံနဲ့နီကယ်ရောစပ်ထားတဲ့ပြွန်တွေပိုက်တွေမှာလည်းတွေ့ရှိရတတ်ပါတယ်။ … Read more

သိန်းတစ်သောင်းခွဲဆုကို စစ်တွေမှ ဆွတ်ခူး

(၁၆) ကြိမ်မြောက် သိန်း (၁၅၀၀၀) ကံထူးရှင်ထွက်ပေါ်လာပါပြီ (၁၆) ကြိမ်မြောက် သိန်း (၁၅၀၀၀) ကံထူးရှင် ကိုအောင်ဆန်းဝင်း ဇနီး မမေကြီးဖြူ – ရွာကြီးတောင်ရပ်ကွက်-စစ်တွေမြို့ အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့မှ တတိယတန်းကျောင်းသူလေး ဆွတ်ခူး ဒီကနေ့ဖွင့်လှစ်တဲ့ (၁၆)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ ငပိန်လမ်းမှာနေတဲ့ မကြယ်ဖြူစင်သိန်းက ဆွတ်ခူးသွားခဲ့ပါတယ်။ အက္ခရာနံပါတ် ဃ ၃၁၃၁၀၂ နဲ့ ဆွတ်ခူးခဲ့တာဖြစ်ပြီး ကံထူးရှင် မကြယ်ဖြူစင်သိန်းဟာ တတိယတန်းကျောင်းသူတစ်ဦးဖြစ်တယ်လို့လည်း ကနဦးသတင်းတွေအရသိရပါတယ်။ သတင်း-စံနုခိုင် Unicode (၁၆) ကြိမ်မြောက် သိိန်း (၁၅၀၀၀) ကံထူးရှင်ထွက်ပေါ်လာပါပြီ (၁၆) ကြိမ်မြောက် သိိန်း (၁၅၀၀၀) ကံထူးရှင်် ကိိုအောင်ဆန်းဝင်း ဇနီး မမေကြီးဖြူ … Read more

(၁၆)ကြိမ်မြောက် ထီပေါက်စဉ်

(၁၆)ကြိမ်မြောက် ထီပေါက်စဉ် အစ/အဆုံး သိန်းတစ်သောင်းခွဲ ဃ ၃၁၃၁၀၂ သိန်းတစ်သောင်း ထ ၃၄၁၂၂၂ သိန်းငါးထောင် ဝ ၅၇၇၁၁၄ ကဂ ၃၈၈၉၈၀ သိန်းနှစ်ထောင် ရ ၉၅၀၁၀၆ စ ၈၁၀၁၂၂ ဝ ၉၇၆၅၈၅ သိန်းတစ်ထောင် မ ၇၅၅၆၂၆ ည ၆၈၆၉၅၀ ဃ ၂၅၅၅၅၉ ဆယ်သိန်းမှသိန်း(၁၅၀၀၀)အထိ အက္ခရာနဲ့ဂဏန်းအားလုံးအစဉ်လိုက်တူမှရမည် မတူရင်ဘာမှမရပါ ဝေဝေဆာဆာပဒေသာ(၃)သိန်းဆု အက္ခရာနဲ့ရှေ့ဂဏန်း(၅)လုံးအစဉ်လိုက်တူမှရမည် လ ၆၇၃၁၀ ဈ ၂၁၈၈၆ မ ၇၁၅၅၆ ဒ ၅၁၄၄၃ ကက ၉၉၅၅၄ ယ ၂၇၆၄၉ တ ၇၅၄၉၇ ဠ ၃၃၆၁၇ အ ၃၇၉၆၂ ယ ၉၆၂၄၄ စ ၃၅၂၄၃ … Read more

ကျောက်ချဉ်နက် ရှိလျှင် သေချာလေး သိမ်းထားပါ

ကျောက်ချဉ်နက် ရဲ့ ဆေးဖက် အသုံးဝင်ပုံ ကျောက်ချဉ်ရဲ့ ဆေးအသုံးလေးတွေကို ဖတ်မှတ်ထားသမျှ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်ရှင် ။ ထိခိုက်ဒဏ်ရာ ၊ ဓားရှခြင်း ထိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်ခြင်း၊ အရေပြား၌ သွေးခြည်ဥခြင်း၊ ဆံပင်၊ မုတ်ဆိတ်ရိတ်၍ ဓားရှခြင်းအတွက် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍ လိမ်းပါ ။ မိတ်ယားခြင်း၊ နှင်းခူအစို၊ အဆိပ်ရှိ ပိုးမွှားများကိုက်ခြင်း မိတ်ပေါက်၍ ယားယံပါက ကျောက်ချဉ်ရေကျဲကျဲ ဖျော်လိမ်းပါ။ အဆိပ်ရှိ ပိုးမွှားများ ကိုက်ပါက ပျစ်ပျစ်ဖျော်လိမ်းပါ။ နှင်းခူအစိုကို ကျောက်ချဉ်မှုန့် ဖြူးပေးပါက ခြောက် သွားပြီး အယားသက်သာစေပါဧ။် ။ အဆီကျ၊ အသားကျစ်စေရန် ကျောက်ချဉ်ကို အမှုန့်လုပ်၊ ဒယ်အိုးထဲထည့်၊ မီးအပူ တိုက်ပေးပါက ထုံးလို ဖွေးဖွေးဖြူသောအမှုန့်(ကျောက်ချဉ် မီးဖောက်) … Read more

အိန္ဒိယမှပြန်လာသူ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄)ဦးတိုး

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁-၆-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ ၁။ (၃၁-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၇၃၄)ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၃) ခု၊ စုစုပေါင်း (၈၃၇)ခု အား (၁-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ – COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦးတွေ့ရှိရပါသည်။ ၂။ (၁-၆-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၂၈) ဦးရှိပါသည်။ … Read more

လုံးဝတွဲမသောက်သင့်သော ပါရာစီတမောနဲ့ ကော်ဖီ

ပါရာစီတမောနဲ့ ကော်ဖီ လုံးဝတွဲ မသောက်သင့်ပါ အချိန် ခဏလေးပေးပြီး ဖတ်ကြည့် ပါနော် ။ ပျင်း လို့ ဆိုပြီးလည်း ကျော်မသွားကြပါ နဲ့ ။ သိပြီးသား သူတွေကလည်း မသိသေး တဲ့ သူတွေ အတွက် ပြန်လည် မျှဝေပေးလိုက် ပါနော်။အခုပြောပြပေးမဲ့ အကြောင်းရာကတော့ ပါရာစီတမော “Paracetamol” အကြောင်းပဲ ဖြစ်ပါတယ် ။ ပါရာစီတမောကို ဆရာဝန် ညွှန်ကြားမှု မရှိပဲ အလွယ်တကူ ဝယ်သောက်နေသူများ များပြားလာပါပြီ ။ နေမကောင်းလို့ သောက်တယ် ၊ ခေါင်းမူးလို့ သောက်တယ် ၊ ညောင်းညာကိုက်ခဲလို့ သောက်တယ် ၊ ဗိုက်အောင့်လို သောက်ကြတယ် ။ အကြောင်း အမျိုးမျိုးနဲ့ သောက်သုံး နေတာကို တွေ့ရပါတယ် … Read more

ချီးမွမ်းစကားသာ ပြောပေးပါ

ချီးမွမ်းစကား ပြောကြားပါ ရှေးအခါက ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်တွင် ပုဏ္ဏားတစ်ယောက် အိမ်၌ လူစကားကို နားလည်သော ပြောလည်း ပြောတတ်သော နန္ဒိဝိသာလဆိုတဲ့ နွားသည် သူ့အပေါ် ကောင်းစွာ ကျွေးမွေးပြုစုသော ပုဏ္ဏားအား ကျေးဇူးဆပ်ရန် ရည်ရွယ်၍ ” အို ပုဏ္ဏား ဂေါဝိတ္တက သူဋ္ဌေးနဲ့ သွားပြီး စကားပြောပါ”လေဝန် တင်ထားသော လှည်းတစ်ရာအား လိမ့်စေနိုင်သော နွားသည် အကျွန်ုပ်အိမ်၌ ရှိ၏ဟု ပြောဆိုကာ အသပြာတစ်ထောင်ကြေး လောင်းပါလေဟု ပြောဆို၏ ။ ယှဉ်ပြိုင်နေ့တွင် သဲကျောက်စရစ်များ အပြည့်တင်ထားသော လှည်းတစ်ရာအား တစ်စပ်တည်း ချည်၍ ရှေ့ဆုံးလှည်း၌ နန္ဒိဝိသာလနွားကို တပ်ဆင်ကာ လှည်းပေါ်မှ နေ၍ ပုဏ္ဏားသည် နှင်တံကို မြှောက်ကာ ကောက်ကျစ်သောနွား သွားလော့ ဝန်ကိုဆောင်လော့ဟု ဆို၏။ … Read more

အနှစ် ၅၀ ကျော်သည့် တိုင် အရင်အတိုင်းရှိနေသည့် ကျောက်မဲအကျဉ်းသားဇတ်ကားထဲက အိမ်ကလေး

ကျောက်မဲအကျဉ်းသား အဲဒီဇာတ်ကားလေးကိုကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတယ် ကျောက်မဲ -သီပေါအကြားကကျင်သီရွာအနီးလေးမှာ ဝင်းဦးတံတားလို့နာမည်ကျော်ခဲ့တာ အတော်များများသိကြတယ် ကားလမ်းအပေါ်မှာကမီးရထားလမ်းကျောက်မဲအကျဉ်းသားဇာတ်ကားမှာမင်းသားဝင်းဦးကဇတ်ဝင်ခန်းအရ မီးရထားပေါ်ကနေကားပေါ်လှမ်းခုန်ချတဲ့အခန်းလေးရိုက်ခဲ့လို့ အဲဒီနေရာလေးကိုဝင်းဦးတံတားလို့ခေါ်တာအခုအချိန်အထိပါဘဲအဲဒီတံတားကိုလူတွေတော်တော်လေးသိကြတယ် တံတားပေါ်ကခုန်ချထွက်ပြေးလာပြီး ကျောက်မဲမှာလာပုန်းနေတဲ့အခန်းလေးရိုက်တယ် ပျဉ်ထောင်အိမ်ကလေးထဲလာပုန်း‌နေတာ ပျဉ်ထောင်အိမ်ရှေ့ကဝါးရံတာလေးမှာသတိရနေတဲ့အလွမ်းအဆွေးခန်းလေးရိုက်ခဲ့တာ အနှစ် ၅၀ ကျော်လောက်ရှိပြီ ဒါပေမဲ့ အဲဒီအိမ်ကလေးကျောက်မဲမှာ အခုအချိန်အထိအဲဒီတုန်းကအတိုင်းလေးမပျက်မဆီးဘဲကျောက်မဲမှာရှိသေးတယ် ပိုင်ရှင်ကတမင်တကာကို အမှတ်တရအဖြစ်ထိမ်းသိမ်းစောင့်ရှောက်ထားတာ ဒီအိမ်ကလေးက စာရေးဆရာဒေါက်တာ ကမ္ဘောဇခင်လှိုင် စာရေးခဲ့တဲ့အိမ်လေးဆိုလဲဟုတ်တယ် ဒီနေ့ကျွန်တော်ကျောက်မဲမြိုတည်သမိုင်းရိုက်တော့ အဲဒီအိမ်လေးကိုလဲပါစေချင်လို့ အဲဒီအိမ်ကလေးအထိသွားရိုက်ခဲ့ကြတယ် ကျောက်မဲမြို့ရဲ့ဘယ်နေရာမှာအဲဒီအိမ်က‌လေးရှိသေးတာလဲ ? ဘယ်သူသိလဲ ? ယနေ့အချိန်အထိဟိုယခင်ကလိုအကောင်းအတိုင်းရှိနေသေးပါတယ် အဲဒီအိမ်ကလေး ဘယ်သူတွေသိလို့ ဘယ်သူတွေရောက်ဘူးကြပါသလဲ ကျွန်တော်ကတော့ဒီအိမ်လေးမှာဒီနေ့ဓါတ်ပုံရိုက်ခဲ့လိုက်ပါပြီ အဲဒီအိမ်ကလေးကိုမမြင်ဘူး‌တဲ့သူတွေမြင်ဘူးအောင်လဲဓါတ်ပုံရိုက်ခဲ့ပါတယ် မြင်ဘူးအောင်ကြည့်လို့ရတာပေါ့ Kyaw Kyaw Oo Unicode ကျောက်မဲအကျဉ်းသား အဲဒီဇာတ်ကားလေးကိိုကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတယ် ကျောက်မဲ -သီပေါအကြားကကျင်သီရွာအနီးလေးမှာ ဝင်းဦးတံတားလို့နာမည်ကျော်ခဲ့တာ အတော်များများသိကြတယ် ကားလမ်းအပေါ်မှာကမီးရထားလမ်းကျောက်မဲဲအကျဉ်းသားဇာတ်ကားမှာမင်းသားဝင်းဦးကဇတ်ဝင်ခန်းအရ မီးရထားပေါ်ကနေကားပေါ်လှမ်းခုန်ချတဲ့အခန်းလေးရိုက်ခဲ့လို့ အဲဒီနေရာလေးကိုဝင်းဦးတံတားလို့ခေါ်တာအခုအချိန်အထိပါဘဲအဲဒီတံတားကိုလူတွေတော်တော်လေးသိကြတယ် တံတားပေါ်ကခုန်ချထွက်ပြေးလာပြီး ကျောက်မဲမှာလာပုန်းနေတဲ့အခန်းလေးရိိုက်တယ် ပျဉ်ထောင်အိမ်ကလေးထဲလာပုန်း‌နေတာ … Read more