ဖိနပ်ချုပ်၊ အဝတ်ချုပ် အလုပ်လေးများနဲ့ ဝမ်းရေးကို ဖြည့်တင်းခဲ့ရသည်ဆိုသည့် သီပေါမင်း၏မြေးတော်
ကုန်းဘောင် နောက်ဆုံး မင်းဆက် သီပေါဘုရင်၏ မြေးတော် – တုတု ရတနာပုံ ဒုတိယနန်းစံ သီပေါမင်း ပါတော်မူ၍ အိန္ဒိယနိုင်ငံ ရတနာဂီရိစံအိမ် တွင် အကျယ်ချုပ်ဘဝဖြင့် စံနေစဉ်အခါက … သီပေါမင်း၏ သမီးတော် (၄)ဦး ရှိသည့်အနက် ပထမ – သမီးတော် ထိပ်စုမြတ်ဖုရားကြီး က (ထိုခေတ် ဗြိတိသျှ ကုလားဖြူ) တွေရဲ့ ဝန်ထမ်းဖြစ်သူ စံအိမ်တံခါးစောင့် ပုလိပ် – ShrimantGopal Bhaurao Servant ဆိုသူ နှင့် အကြောင်းပါ၍ မွေးဖွားခဲ့သည့် တစ်ဦးတည်း သော သမီးတော် – တုတု (ခ) ဘိုင်စု … ။ သူ့ကို ၁၉၀၇ – ခုနှစ်တွင် မွေးဖွားခဲ့ပြီး … Read more
ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦးတွေ့ရှိ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် – ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၂၉) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ(၆၅၃)ခု၊ စုစုပေါင်း (၇၈၂)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး တွေ့ရှိရပါသည်။ ၂။ (၂-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၂) ဦးရှိပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) … Read more
အရိုးရှင်းဆုံး နှင့် အလွယ်ဆုံး ကြက်ဥပေါင်းနည်း
ဈေးရောင်းကောင်းလိုလျှင်
ဈေးရောင်းကောင်းချင်ရင် တနင်္ဂနွေများသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ အိုးစည်ရုပ်လေးကို တနင်္ဂင်္နွေနေ့ မနက်(၉)နာရီမှ(၁၀)နာရီ(၃၀)မိနစ်အတွင်း အိုးစည်လေးကိုတီးပြီး ဈေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။ တနင်္လင်္ာသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး တနင်္လာနေ့နံနက် (၉)နာရီမှ(၁၀)နာရီ(၃၀)မိနစ်အတွင်း ခေါင်းလောင်းကိုတီးပြီးဈေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။ အင်္ဂါသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ ဆင်ရုပ်လေးကို အင်္ဂါနေ့နံနက်(၉)နာရီမှ(၁၀)နာရီ(၃၀)မိနစ်အတွင်း ရေမွှေးဖျန်းပက်ကာ ဈေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။ ဗုဒ္ဓဟူးသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ ဟင်္သာရုပ်လေးကို ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီမှ(၁၀)နာရီ(၃၀)မိနစ်အတွင်း ရေမွှေးဖျန်းပြီး ဈေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။ ကြာသပတေးသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ ပစ်တိုင်းထောင်ရုပ်လေးကို ကြာသပတေးနေ့ နံနက် (၉)နာရီမှ(၁၀)နာရီ(၃၀)မိနစ်အတွင်း ရေမွှေးဖျန်းပက်ပြီး ဈေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။ သောကြာသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ သကြားတစ်ပန်းကန်ကို သောကြာနေ့ နံနက်(၉)နာရီမှ(၁၀)နာရီ(၃၀)မိနစ်အတွင်း ဈေးရောင်းကောင်းစေဖို့ ဆုတောင်းပြီးတင်ထားလိုက်ပါ။ စနေသားသမီးများ ဆိုင်ရဲ့အမြင့်တစ်နေရာမှာ … Read more
ဇရစ်၏ ဆေးဖက်ဝင်အစွမ်းများ
ဇရစ် ဆေးဖက်ဝင်ပုံ ကျေးလက်ဟင်းလျာ အစားအစာတို့တွင် နှုတ်မြိန်စေသော ဟင်းလျာထဲ ဇရစ်လည်းပါ၏။ ကျေးလက်ဒေသခံတို့အတွက် နှုတ်မြိန်ရုံမျှမက ဆေးဖက်ဝင်သော အပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသော အပင်ငယ်မျိုးဖြစ်သည်။ ဇရစ်၏ရုက္ခဗေဒအမည်မှာ Lasia Heterophyllaဖြစ်သည်။ တိုင်းရင်းဆေးအမြင် မြန်မာတိုင်းရင်းဆေး ဓာတ်သဘောအရ သီတကော တေဇောဓာတ်ဖြစ်သည်။ ချို၊ ဖန်၊ ချွဲ၊ အေးအရသာရှိသည်။ ဂုဏ်အားဖြင့် လည်းပင်းနာ၊ မြင်းသရိုက်နာများကို ပျောက်ကင်းစေသည်။ ဇရစ်ကိုကြော်စား၊ ချက်စား၊ ပြုတ်တို့စား၊ အချဉ်ဟင်း ချက်စား၊ သနပ်လုပ်စားကြသည်။ အိန္ဒိယဆေးကျမ်းအရ ဇရစ်မြစ်သည် လည်ချောင်းရောဂါအတွက် ဆေးတစ်လက် ဖြစ်သည်ဆိုသည်။ ဆေးဖက်ဝင်သော ဟင်းလျာများ ဇရစ်ရွက်နှင့် ငါးကြင်းသား ချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့်ပတ်သက်သည့် ရောဂါ၊ လည်ကုတ်ရောဂါ၊ စောင်းရွဲ့သော လေရာဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြုနိုင်သည်။ ထိုပြင် … Read more
အချိန်မတော် နားကိုက်တဲ့အခါ လတ်တလောဖြေရှင်းနိုင်သည့် နည်းလမ်းလေး
“ချင်း…(ဂျင်း)နားအစက်ချဆေးရည်(လက်တွေ့)” အချိန်မတော်နားကိုက်၍ ရုတ်တရက်ဆေးဝယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစုဝင်များထဲတွင် ဖြစ်ဖူးတတ်ကြပါလိမ့်မည်။ ထိုသို့ဖြစ်ပါလျှင် ဆေးဖက်ဝင်အာနိသင်ဖြင့် ပြည့်ဝနေသော အိမ်တိုင်းမီးဖိုဆောင်တွင်ဆောင် ထားတတ်သည့်သဘာဝချင်းကို သတိရကြပါ။ မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့်သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။ တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသောဂျင်းသတ္တုရည်ကို သန့်စင်သောစတီးဇွန်းထဲသို့ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။ နွေးနွေးလေးဆိုရပါပြီ။ ကိုက်နေသောနားအတွင်းသို့(၅) စက်မျှချပေးလိုက်ပါ။ နားကိုက်ခြင်းရောဂါ သက်သာပျောက်ကင်းသွားပါမည်။ ထိုနည်းမှာ ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်းခံစားဖူးသလို၊မိသားစုဝင်လူကြီး/ကလေးများ နားကိုက်ခြင်းဝေဒနာခံစားရပါက တင်ပြပါ ချင်းနားအစက်ချဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။ သင့်မိသားစုတွင်နားကိုက်ပါက ထူးထူးထွေထွေ မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင် အမြဲ အသင့်ရှိနေတတ်သော ချင်းတစ်မျိုးသာ … Read more
ကားပျက်တိုင်းဝပ်ရှော့ပို့နေစရာမလိုတော့အောင် ကိုယ်တိုင်ဖြေရှင်းနိုင်သော အခြေခံဖြေရှင်းနည်းလေးများ
အခြေခံသိထားသင့်တဲ့ ကားပြဿနာ ဖြေရှင်းနည်း ကားတစ်စီးမှာ ပျက်နိုင်ချေ၊ ဖြစ်နိုင်ချေတွေက အများကြီးပါ။ သို့ပေမယ့် အချို့ပျက်ဆီးမှုများက ဝပ်ရှော့ပို့စရာမလိုပဲ ကိုယ်တိုင်ပြင်လို့ရတာ ရှိပါတယ်။ အချို့ကျတော့လည်း ကိုယ်တိုင်ပြင်လို့ မရပေမယ့် သိထားတော့ ဝပ်ရှော့ ပို့တဲ့အခါ ကိုယ်က အညာမခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေခံအားဖြင့် ကားပိုင်ဆိုင်သူအားလုံး သိထားသင့်တဲ့ အခြေခံ ကားဗဟုသုတလေးကို ရေးသားမျှဝေ ပေးလိုက်ရပါတယ်။ မီးခိုး အထွက် လွန်နေရင် သေချာပါတယ်။ ဆီယိုနေပါပြီ။ ဒီမှာ မီးခိုး အရောင်ကို ထပ်ခွဲရပါ အုံးမယ်။ မီးခိုး အမည်းရောင် ဆိုရင် အင်ဂျင်ဆီယိုနေခြင်း ဖြစ်ပါတယ်။ မီးခိုး အဖြူ ဘက် နည်းနည်း လိုက်ရင်ရေယိုနေခြင်းဖြစ်ပါတယ်။ ရေယို ဆိုတာ အင်ဂျင်အအေးခံဖို့အတွက် ပေးထားတဲ့ရေလမ်းကြောင်းကနေ ပေါက်ထွက်ပြီး ဆလင်ဒါထဲ … Read more
အဆုပ်မကောင်းခြင်း အတွက် ကြိတ်မှန်ရွက် ဆေးတစ်ခွက်
( ကြိတ်မှန်ပင်+ပျားရည် =ဆေးစွမ်းတခွက် ) ကြိတ်မှန်ပင်ကို အမျိုးသမီးရောဂါဖြစ်တဲ့ မီးယပ်ရောဂါများတွင် အသုံးပြုခဲ့ကျတာ ခုထိပါဘဲ ဆရာဖြစ်သူရဲ့အတွေး သုတေသနများဖြင့်လည်း တိုးချဲ့ အသုံးပြုနေကျပါတယ် •••••• လွန်ခဲ့သော လပိုင်းကပေါ့ ထွန်းမင်းအောင်ရေ ထွန်းမင်းအောင် …ဗျာ သြော် အမ လာလေ ဘာဖြစ်လို့လည်း အမနီ နင်နဲ့လာတိုင်ပင်တာ ဟ အင်းဘာဖြစ်လို့လည်း ? အိမ်က ကိုဇော် TBဖြစ်လို့ ဆေးသောက်နေတာ၂ လကြာပြီ ခု ဗိုက်ကြီးလည်းပူဖေါင်းလာသလို ခြေထောက်တွေလည်း ပြည့်ပြီးထမင်းလည်းစားမရဘူး လူလည်းသေးသေးဘဲကျန်တယ် ပြီးတော့ တအားလည်းမောတယ် အဲ့ဒါ နဲ့ ဆေးခန်းတွေ လိုက်ပြနေတာ လည်း မထူးခြားဘူးအဲ့ဒါ တိုင်းရင်းဆေးနဲ့ကုမယ်လို့စိတ်ကူးမိပြီး နင့်ဆီလာအကူအညီ တောင်းတာဟ … … … ဒါနဲ့ လူနာအကြောင်းကို ပြည့်စုံအောင်မေးပြီးတော့ … Read more
ငါးသံပုရာပေါင်းလေး လုပ်စားမယ်
သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း ငါးသံပုရာပေါင်းကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အခြားနည်းေ တွနဲ့လဲ အ၇မ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။ ပါဝင်သောပစ္စည်းများ ၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး ၁ကောင် ၂။ ကြက်သွန်ဖြူ ၃ မွှာ ၃။ ငရုတ်သီးစိမ်း ၃ တောင့် ၄။ ကြက်သွန်မြိတ် ၂ ပင် ၅။ နံနံပင် ၅ ပင် ၆။ ဂျင်း လက်တဆစ် ၇။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ ၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ၀ကျ ၉။ … Read more
မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့ ဂန္ဓမာပန်းစိုက်ပျိုးနည်း
မိသားစုဝင်ငွေ အမြဲတိုးပွားစေနိုင်တဲ့ ဂန္ဓမာပန်းစိုက်ပျိုးနည်း ဂန္ဓမာပန်းအမျိုးမျိုးရှိပြီး စိုက်ပျိုးတဲ့အခါမှာတော့ အကိုင်းကို စိုက်ပျိုးလေ့ရှိပါတယ်။ ဂန္ဓမာပန်းပျိုးပင် တွေကို တစ် လခန့်ပျိုးထားပေးဖို့လိုပါတယ်။ ပျိုးမယ့်နေရာကလည်း လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကို သင့်တင့် မျှတစွာရရှိဖို့လည်း လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာပူလွန်း၊ အေးလွန်း တဲ့ရာသီဥတုကို မနှစ်သက်ပါ။ မြေဆီ သြဇာထက်သန်တဲ့မြေတွေမှာ ပိုပြီး ဖြစ်ထွန်းပါတယ်။ ရေဝပ် တာကို မကြိုက်တဲ့အတွက် ရေဝပ်တဲ့မြေတွေမှာ စိုက်ဘောင်ဖော်ပြီး စိုက်ပျိုးဖို့လိုပါတယ်။တစ်ပင်နဲ့ တစ်ပင် (၆)လက်မကွာ စိုက်ပျိုးပေးရပါတယ်။ ဂန္ဓမာပန်း စိုက်ပျိုးတဲ့အခါမှာလည်း အရမ်ကြီးစိုက်စရာ မလိုပဲ တစ်လက်မလောက် မြေကြီးထဲကို ဝင်အောင် စိုက်ရင်အ ဆင်ပြေနိုင်ပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရေလောင်းပေးရ ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ ရေလောင်းတဲ့ အရှိန်အရမ်းပြင်းရင် အရှိန်ကြောင့် မြေအောက်အနက်ကိုရောက်သွားရင် အပင်ကောင်းကောင်းမရှင်သန်နိုင်ပါ။ … Read more