အပင်များအတွက် ရောဂါကာကွယ်ဆေး နှင့် အာဟာရ အမြန်စုပ်နိုင်တဲ့ မြေသြဇာရည် ကိုယ်တိုင်လုပ်နည်း

အပင်အတွက် အာဟာရ အမြန်စုပ်နိုင်တဲ့ မြေသြဇာရည် ဖျော်နည်း

လက်တစ်ကမ်းမှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေ ပါ။ အချို့ကို ဆိုင်တွေမှာဝယ်လို့ ရပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေက

၁။မုန့်ဖုတ်ဆိုဒါလက်ဖက်စားဇွန်းတစ်ဇွန်း၊

၂။အမိုးနီးယားရည်လက်ဖက်စားဇွန်းတစ်ဇွန်း(နိုက်ထရိုဂျင်အတွက်) (အီကြာကွေး လုပ်ရင်သုံးကြတယ်)၊

၃။ရေခဲနဲ့သောက်တဲ့ တီးမစ်(iced tea)က လက်ဖက် စားဇွန်း သုံးဇွန်း(သူ့မှာပါတဲ့ tannic အက်ဆစ်က အပင်က အာဟာရတွေကို မြန်မြန်နဲ့လွယ်လွယ်စုပ်အောင်ကူညီပေးတယ်)၊

၎။တင်လဲရည်ပျစ်ပျစ်သို့မဟုတ် ထန်းလျက်ရည်ပျစ်ပျစ်ကျိုပြီးသား လက်ဖက်စားဇွန်းသုံးဇွန်း(အဏုဇီဝ တွေအတွက်အစာ)

၅။3%ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဟင်းစားဇွန်းသုံးဇွန်း(သူက ရေ၊လေတို့နဲ့ ပေါင်းမိရင် မြေကြီးနဲ့အပင်မှာလိုအပ်တဲ့ အောက်စီဂျင် အလွတ်တွေ ထုတ်ပေးနိုင်တယ်။)

၆။ထုချေထားတဲ့ အရိုး(ငါးအရိုးကပိုမြန်) က ဖန်ခွက် လေးပုံတစ်ပုံ(ဖော့စဖိတ်ဓာတ်+K)

၇။အမှုန့်ထောင်းထားတဲ့ကြက်ဥခွံတစ်လုံး(ကယ်လစီယမ်) ဒါမှမဟုတ် ငှက်ပျောခွံခြောက်(တစ်ဝက်)(ပိုတက်စီယမ်)အတွက်

အဲဒီပစ္စည်းအားလုံးအဖုံးပါတဲ့ တစ်ဂါလံဆန်တဲ့ ဗူးထဲထည့် ၊ရေအပြည့်ဖြည့်

(မိုးရေက အကောင်းဆုံး)ရေမွှေပြီး အဖုံးပြန်ဖုံး နေပူထဲတစ်နာရီထား၊ ပြီးရင် အပင်တွေကို လောင်းပေးလို့ ရပါပြီ။

သံစည်တစ်လုံးစာ ဖျော်ရင် ပစ္စည်းအမယ်တွေကို အဆငါးဆယ် ထည့်ဖျော်ရုံပါပဲ။

ခရမ်းချဉ်၊ဖရဲ၊ ငရုတ် ထိပ်ပုပ်(blossom endrot)ရောဂါကို ပါကာကွယ်ပြီးသားလို့ဆိုပါတယ်။

myraid farm

Agricultureworld

Unicode

အပင်အတွက်် အာဟာရ အမြန်စုပ်နိိုင်တဲ့ မြေသြဇာရည် ဖျော်နည်း

လက်တစ်ကမ်းမှာ အလွယ်တကူရနိုင်တဲဲ့ ပစ္စည်းတွေ ပါ။ အချို့ကိို ဆိိုင်တွေမှာဝယ်လို့ ရပါတယ်။

လိိုအပ်တဲ့ပစ္စည်းတွေက

၁။မုန့်ဖုတ်ဆိိုဒါလက်ဖက်စားဇွန်းတစ်ဇွန်း၊

၂။အမိုးနီးယားရည်လက်ဖက်စားဇွန်းတစ်ဇွန််း(နိုက်ထရိုဂျင်အတွက်) (အီကြာကွေး လုပ်ရင်သုံးကြတယ်)၊

၃။ရေခဲနဲ့သောက်တဲ့ တီးမစ််(iced tea)က လက်ဖက်် စားဇွန်း သုံးဇွန်း(သူ့မှာပါတဲ့ tannic အက်ဆစ်က အပင်က အာဟာရတွေကိို မြန်မြန်နဲ့လွယ်လွယ်စုပ်အောင်ကူညီပေးတယ်)၊

၄။တင်လဲရည်ပျစ်ပျစ်သိို့မဟုတ် ထန်းလျက်ရည်ပျစ်ပျစ်ကျိုပြီးသား လက်ဖက်စားဇွန်းသုံးဇွန်း(အဏုဇီဝ တွေအတွက်အစာ)

၅။3%ဟိိုက်ဒရိုဂျင်ပါအောက်ဆိုဒ်် ဟင်းစားဇွွန်းသုံးဇွန်း(သူက ရေ၊လေတို့နဲ့ ပေါင်းမိရင်် မြေကြီးနဲ့အပင်မှာလိုအပ်တဲ့ အောက်စီဂျင် အလွတ်တွေ ထုတ်ပေးနိုင်တယ်။)

၆။ထုချေထားတဲ့ အရိုး(ငါးအရိုးကပိုမြန််) က ဖန်ခွက်် လေးပုံတစ်ပုုံံ(ဖော့စဖိတ်ဓာတ်+K)

၇။အမှုန့်ထောင်းထားတဲ့ကြက်ဥခွံတစ်လုံး(ကယ်လစီယမ်) ဒါမှမဟုတ် ငှက်ပျောခွံခြောက််(တစ်ဝက်)(ပိုတက်စီယမ်)အတွက််

အဲဲဒီပစ္စည်းအားလုံးအဖုံးပါတဲ့ တစ်ဂါလံဆန်တဲ့ ဗူးထဲထည့် ၊ရေအပြည့်ဖြည့််

(မိုးရေက အကောင်းဆုံး)ရေမွှေပြီး အဖုံးပြန်ဖုံး နေပူထဲတစ်နာရီထား၊ ပြီးရင် အပင်တွေကိို လောင်းပေးလို့ ရပါပြီ။

သံစည်တစ်လုံးစာ ဖျော်ရင်် ပစ္စည်းအမယ်တွေကို အဆငါးဆယ်် ထည့်ဖျော်ရုံပါပဲ။

ခရမ်းချဉ်၊ဖရဲ၊ ငရုတ်် ထိပ်ပုပ်(blossom endrot)ရောဂါကိို ပါကာကွယ်ပြီးသားလို့ဆိုပါတယ်။

myraid farm

Agricultureworld

Be the first to comment

Leave a Reply

Your email address will not be published.


*