သူများအသိအမှတ်ပြုတာကို ခံချင်တဲ့စိတ်ဟာ ဘာကြောင့် ဖြစ်တာလဲ
အသိအမှတ်ပြုခံချင်တယ်
ကိုယ့်ကိုယ်ကို အလွန်အရေးပါ အရာရောက်သူလို့ ထင်ထားလိုက်ပါတယ်။ကိုယ်ထင်သလို ဦးစားပေးတာတွေကို မရရှိတဲ့အခါ ကိုယ့်ရဲ့ မရင့်ကျက်မှုကို မမြင်ပဲ သူများကိုသာ မသိတတ်ဘူး၊ ဆက်ဆံရေးညံ့ဖျင်းတယ်၊ ငါ့ကိုတန်ဘိုးမထားဘူး အစရှိတဲ့ ပုဒ်မပေါင်းစုံ တပ်ရင်း မိမိအားပြုခဲ့တဲ့ သူများကိုသာ ပြန်ပြီး အပြစ်တင်တော့တာပါပဲ။
အိမ်မှာအလှူအတန်း လုပ်တဲ့နေရာမှာလည်းပဲ မိမိကျွေးမွေးတဲ့ စားစရာတွေကို အများက ကောင်းတယ်လို့ပြောမှ သဘောကျ တတ်ပါတယ်။ မဆိုးပါဘူးလို့ ပြောရင်တောင် စိတ်က ဘဝင်မကျတတ်ပါဘူး။
ကုသိုလ်ကောင်းမှုတွေလုပ်တာတောင် သူများချီးမွမ်းတာကို ခံချင်တဲ့စိတ် လူသိခံချင်တဲ့ စိတ်တွေက ဝင်ရှုပ်နေသေးတယ်နော်။
ကလေးဘဝကထဲက လေ့ကျင့်လာခဲ့တဲ့ သူများ အသိ အမှတ်ပြုတာကို ခံချင်တဲ့စိတ်ဟာ အသက်တွေ ကြီးလာတော့လည်း ဒီအတိုင်းပါပဲ။ ငိုမပြတာ ခြေမဆောင့်တာကလွဲလို့ အနှစ်သာရကတော့ ပြောင်းမသွားခဲ့ပါဘူး။အကြောင်းဆုံတာနဲ့ လေ့ကျင့်လို့အသားကျနေတဲ့ ကိလေသာက ဖြစ်ပြီးသား ဖြစ်နေတတ်ပါတယ်။
မိမိကျောင်းပြီးကထဲက ဆေးခန်းဖွင့်လာတာ ၂၅ နှစ် ရှိပါပြီ။ဆေးခန်းစဖွင့်ကထဲက အခုအချိန်ထိ ဘုန်းကြီး ကိုရင် သီလရှင် ဟူသမျှကို အခကြေးငွေမယူဘဲ ကုပေးခဲ့ပါတယ်။
ဒါလည်း ဂုဏ်ယူစရာ မဟုတ်သလို အထင်ကြီးစရာလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာဆရာဝန်တိုင်းလိုလို ဒီအတိုင်း အလကား ကုသပေးကြတာပါ။
ဆေးကုပေးလို့ သံဃာတော်တွေက ဘယ်လောက် စွန့်ရမှာလဲ လို့ မေးတိုင်း” တပည့်တော် သံဃာတော်တွေဆို မယူပါဘူး ဘုရား” လို့ ပြန်ဖြေရင်း နှစ်ပေါင်းများစွာ ဒီကုသိုလ်ကို စွဲစွဲမြဲမြဲ စိတ်လက်ကြည်သာစွာ ပြုခဲ့မိပါတယ်။
ဒီလိုနဲ့ အသက်ကလေးရလာတော့ တရားအားထုတ် တာလည်း နည်းနည်းပါးပါး လုပ်ဖြစ်လာပါတယ်။ ဒါလည်း အများစု ပြောနေကြသလို ပြင်းပြင်းထန်ထန် ကျားကုတ်ကျုားခဲတွေ အားထုတ်တာမျိုး မဟုတ်ပါဘူး။ ဘဝထဲမှာ သီလကလေးလုံအောင် ဂရုစိုက်ရင်း၊ စိတ်ကောင်းလေးတွေ စွမ်းနိုင်သမျှ မွေးမြူရင်း၊ တတ်နိင်သမျှ သတိနဲ့နေတဲ့ အလေ့အကျင့်ကလေးတွေ ထူထောင် နေထိုင်တဲ့ သဘောလောက်ပါပဲ။
အဲဒီလိုနေရင်း တရက်မှာတော့ ဦးဇင်းတပါးကို ဆေးကုပေးပြီးလို့ အဲဒီဦးဇင်းကထုံးစံအတိုင်း “ဘယ်လောက်စွန့်ရမှာလဲ ဒကာကြီး” လို့ မိမိကို မေးတဲ့အခါ မိမိကလည်းထုံးစံအတိုင်း “တပည့်တော်သံဃာတော်တွေကိုမယူပါဘူးဘုရား” လိုပြန်ဖြေမိလိုက်တဲ့ စကားလေး မဆုံးခင်မှာ မိမိကိုယ်ကို တခါမှ သတိမထားမိတာတခုကို သတိထားမိလိုက်ပါတယ်။
ကိုယ့်ကိုယ်ကို တဆက်ထဲ သဘောပေါက် လိုက်မိပါတယ်။မိမိဟာ သံဃာတွေကို အလကား ဆေးကု ပေးနေတဲ့ မိမိရဲ့အလှူဒါနတွေကို ဆေးခန်း အပြင်က စောင့်နေတဲ့ လူနာတွေကို ကြားစေချင်နေမိတာပါလား။
အခန့်မသင့်ရင် အဲဒီလို အသိအမှတ်ပြုခံချင်တဲ့ သဘောထား မမှန်တဲ့နေရာတွေက တစ်ဆင့် တဏှာ မာန ဒိဋ္ဌိ အကုန် ဝင်တတ်ပါတယ်။
ဒီ့ထက် အခန့်မသင့်တဲ့အခါ အသိအမှတ်ပြုခံချင်လို့ မရိုးမဖြောင့်တာတွေ၊ မမှန်ကန်မမြင့်မြတ်တာတွေ၊ မဆီလျော်မအပ်စပ်တာတွေလုပ်ရင်းနဲ့ လောကထဲမှာ ဘယ်လိုမှ အသုံးမတည့်တဲ့သူ တစ်ယောက်အဖြစ် ဘဝဆုံးသွားနိုင် ပါတယ်။
ကိလေသာဆိုတာတွေကို ကြားဘူးနားဝနဲ့ ဘယ်ကိလေသာကိုမှ ကိုယ့်အဆင့်နဲ့ ပယ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ အကြောင်းဆုံရင် ဖြစ်တတ်တဲ့သဘာဝတွေကို ဖြစ်လာတဲ့အခါ သတိထားနိုင်ဖို့ သတိပေးရုံပါပဲ။
အကြောင်းဆုံတိုင်း ကိုယ့်ကိုယ်ကို ပြန်ကြည့် တတ်တဲ့ အလေ့အကျင့်တွေ တိုးပွားစေချင်တဲ့ စေတနာနဲ့ အခုလိုစာတစ်ပုဒ် ရေးပြီး သတိပေး လိုက်ရပါတယ်။
မေတ္တာဖြင့်
Unicode
အသိိအမှတ်ပြုခံချင်တယ်
မိမိိအပါအဝင် လူတော်တော်များများဟာ သူတပါးကို အလွန် ဂရုစိုက်တတ်သလို သူတပါးက ဂရုစိိုက်တာကို လည်း လွန်စွာကျေနပ် တတ်ကြပါတယ်။ကလေးဘဝ ထဲက ကိုယ့်ကို ဂရုစိုက်စေချင်လွန်းလို့ ငိုပြလိုက်၊ စိတ်ကောက်ပြလိုက်၊ ရီပြလိုက်၊ ခြေ ဆောင့် ပြလိုက်နဲ့ သူတပါး ကိုယ့်အပေါ် ဂရုစိုက်အောင် နည်းမျိုးစုံလင်စွာနဲ့ ပြုမူခဲ့ကြပါတယ်။ ကြီးလာတော့လည်း ဒီအတိုင်းပါပဲ။
သူများတွေအထင်ကြီးအောင်၊ သူများတွေ ကိုယ့်ကိုအထင် မသေးအောင်၊ သူများတွေ ယုံကြည်လေးစားအောင်၊ သူများဦးစားပေးအောင်၊ အစရှိသော သူများပေါင်းများစွာ အပေါ်မှာ အမှီပြုရင်း ကာယကံ ဝစီကံအမှုတွေကို အမြဲပြုလာခဲ့ကြပါတယ်။ မရင့်ကျက်တဲ့ စိတ်နေစိတ်ထားနဲ့ တဖြည်းဖြည်း အသက်တွေသာ ကြီးလာကြပေမဲ့ သူများအသိအမှတ် ပြုတာကိုတော့ ခံယူချင်တုံးပါပဲ။
ဥပမာ မင်္ဂလာဆောင် တစ်ခုကို သွားတာကအစ ကိုယ့်ကိို ကောင်းကောင်းဧည့်ဝတ်ပြုမှ သဘောကျတတ်ပါတယ်။ ဧည့်ဝတ် မကျေတာနဲ့ စိတ်ကမကျေနပ်တော့ပါဘူး။ အိမ်ရောက်တာနဲ့ မင်္ဂလာဆောင်ကလည်းကွာ ဆိုပြီးအပြစ်တွေပြောတော့တာပါပဲ။နောက်ဆုံးအဲဒီလိုမှန်း သိရင် အစကထဲကမသွားဘူး ဆိုတာတွေ အထိ ဖြစ်ကုန်ပါလေရော။
အစည်းအဝေးတခုတက်တာတောင် ကိုယ့်ကိို တလေးတစား နေရာပေးမှ သဘောကျ တတ်ပါတယ်။ အဲဒီလိုမဟုတ်တာနဲ့ စိတ်ထဲမှာ မကျေမနပ် ဖြစ်ရပြန်ပါတယ်။ အသိအမှတ်ပြုခံချင်တဲ့ စိတ်က ကိုယ့်ကို အများက ဦးစားပေး သင့်တယ်လို့သာ ယူဆထားလိုက် ပါတယ်။
ကိိုယ့်ကို်ယ်ကို အလွန်အရေးပါ အရာရောက်သူလိို့ ထင်ထားလိုက်ပါတယ်။ကိုယ်ထင်သလို ဥိီးစားပေးတာတွေကို မရရှိတဲ့အခါ ကိုယ့်ရဲ့ မရင့်ကျက်မှုကို မမြင်ပဲ သူများကိုသာ မသိတတ်ဘူး၊ ဆက်ဆံရေးညံ့ဖျင်းတယ်၊ ငါ့ကိုတန်ဘိုးမထားဘူး အစရှိတဲ့ ပုဒ်မပေါင်းစုံ တပ်ရင်း မိမိအားပြုခဲ့တဲ့ သူများကိုသာ ပြန်ပြီး အပြစ်တင်တော့တာပါပဲ။
အိမ်မှာအလှူအတန်း လုပ်တဲ့နေရာမှာလည်းပဲ မိမိိကျွေးမွေးတဲ့ စားစရာတွေကို အများက ကောင်းတယ်လို့ပြောမှ သဘောကျ တတ်ပါတယ်။ မဆိုးပါဘူးလို့ ပြောရင်တောင် စိိတ်က ဘဝင်မကျတတ်ပါဘူး။
ကုသိိုလ်ကောင်းမှုတွေလုပ်တာတောင် သူများချီးမွမ်းတာကိို ခံချင်တဲ့စိိတ် လူသိခံချင်တဲ့ စိိတ်တွေက ဝင်ရှုပ်နေသေးတယ်နော်။
ကလေးဘဝကထဲက လေ့ကျင့်လာခဲ့တဲ့ သူများ အသိိ အမှတ်ပြုတာကို ခံချင်တဲ့စိတ်ဟာ အသက်တွေ ကြီးလာတော့လည်း ဒီအတိုိင်းပါပဲ။ ငိုမပြတာ ခြေမဆောင့်တာကလွဲလိို့ အနှစ်သာရကတော့ ပြောင်းမသွားခဲ့ပါဘူး။အကြောင်းဆုံတာနဲ့့ လေ့ကျင့်လို့အသားကျနေတဲ့ ကိလေသာက ဖြစ်ပြီးသား ဖြစ်နေတတ်ပါတယ်။
ဖြစ်မှန်းကို မသိလိုက်အောင် ကိလေသာက ပိပိရိိရိ ရှိလှပါတယ်။မြန်လည်းအလွန်မြန်ပါတယ်။
မိမိရဲ့ကိိုယ်တွေ့အဖြစ်တခုကိို မှတ်မှတ်ထင်ထင်် ပြောပြချင်ပါတယ်။ ပြောရင်းပြောရင်းနဲ့ ကိုယ်မှားတာတွေချည်းသာ ပြောနေရတာမို့ ကြာလာရင်တော့ ဓမ္မမိတ်ဆွေများ အကြံပေးကြသလိုစာအုပ်တစ် အုပ်လောက်တော့ ထုတ်ဖြစ်အုံးမယ် ထင်ပါတယ်။
ခေါင်းစဉ်က”ကိုယ်တွေ့အမှားများ ပေါင်းချုပ်” ဆိုပြီး စဉ်းစားထားပါတယ်။ ထူးထူးချွန်ချွန်တော်ခဲ့တာလည်း မရှိသလို ထုတ်ဖေါ်ကြွားဝါစရာ အကြောင်းအရာတွေလည်း နည်းပါးလှပါတယ်။ကိုယ့်အတွက် ပေါပေါများများနဲ့ ပြောစရာဆိုလို့ အမှားတွေသာ ရှိခဲ့တာမို့ အဲဒီအမှားတွေကိုပဲ သည်းခံပြီး ဖတ်ရှုပေးစေ လိုပါတယ်။
မိမိိကျောင်းပြီးကထဲက ဆေးခန်းဖွင့်လာတာ ၂၅ နှစ် ရှိပါပြီ။ဆေးခန်းစဖွင့်ကထဲက အခုအချိန်ထိ ဘုန်းကြီး ကိုရင် သီလရှင်် ဟူသမျှကို အခကြေးငွေမယူဘဲ ကုပေးခဲ့ပါတယ်။
ဒါလည်း ဂုဏ်ယူစရာ မဟုတ်သလိို အထင်ကြီးစရာလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာဆရာဝန်တိုင်းလိိုလို ဒီအတိုင်း အလကား ကုသပေးကြတာပါ။
အဲဒီနေရာမှာတော့ စေတနာသန့်သန့််လည်း ထားရပါတယ်။ ကိုယ်ကကြီးကြီးမားမားတွေ လှူနိုင်တာ မဟုတ်တော့ ဒီအလှူကိုဘာမှ မမျှော်ကိုးပဲ သန့်သန့်ရှင်းရှင်း လှူချင်ပါတယ်။ ဆေးကုပေးလို့ဆရာတော်တွေနဲ့ ရင်းနှိီးပေမဲ့ ဆရာတော်တွေဆီက ဘာတခုမှ မတောင်းဆို ဘူးပါဘူး။
ဆေးကုပေးလို့ သံဃာတော်တွေက ဘယ်လောက် စွန့်ရမှာလဲ လို့ မေးတိုင်း” တပည့်တော်် သံဃာတော်တွေဆို မယူပါဘူး ဘုရား” လို့ ပြန်ဖြေရင်း နှစ်ပေါင်းများစွာ ဒီကုသိိုလ်ကို စွဲစွဲမြဲမြဲ စိတ်လက်ကြည်သာစွာ ပြုခဲ့မိပါတယ်။
ဒီလိိုနဲ့ အသက်ကလေးရလာတော့ တရားအားထုတ် တာလည်း နည်းနည်းပါးပါး လုပ်ဖြစ်လာပါတယ်။ ဒါလည်း အများစု ပြောနေကြသလိို ပြင်းပြင်းထန်ထန် ကျားကုတ်ကျုားခဲတွေ အားထုတ်တာမျိုး မဟုတ်ပါဘူး။ ဘဝထဲမှာ သီလကလေးလုံအောင် ဂရုစိုက်ရင်း၊ စိတ်ကောင်းလေးတွေ စွမ်းနိုင်သမျှ မွေးမြူရင်း၊ တတ်နိ်င်သမျှ သတိနဲ့နေတဲ့ အလေ့အကျင့်ကလေးတွေ ထူထောင် နေထိုင်တဲ့ သဘောလောက်ပါပဲ။
အဲဒီလိုနေရင်း တရက်မှာတော့ ဦးဇင်းတပါးကိို ဆေးကုပေးပြီးလို့ အဲဒီဦးဇင်းကထုံးစံအတိိုင်း “ဘယ်လောက်စွန့်ရမှာလဲ ဒကာကြီး” လို့ မိမိကို မေးတဲ့အခါ မိမိကလည်းထုံးစံအတိုင်း “တပည့်တော်သံဃာတော်တွေကိုမယူပါဘူးဘုရား” လိုပြန်ဖြေမိလိုက်တဲ့ စကားလေး မဆုံးခင်မှာ မိမိကိုယ်ကို တခါမှ သတိမထားမိတာတခုကို သတိထားမိလိုက်ပါတယ်။
အဲဒါကတော့ မိမိိဖြေလိိုက်တဲ့ စကားသံဟာ လိုအပ်တာထက် အနည်းငယ်ပိုကျယ်နေတာပါပဲ။ ဦးဇင်းနဲ့ကိုယ်နဲ့ အကြားမှာ တိုးတိုးပြောရင် လည်းကြားနိုင်တဲ့စကားပါ။ဒါကိိုပဲ ဘာလို့ လိုအပ်တာထက်် ပိုပြီးကျယ်ကျယ်ပြောနေရတာလဲ။
ကိုယ့်ကိုယ်ကို တဆက်ထဲ သဘောပေါက် လိိုက်မိိပါတယ်။မိိမိဟာ သံဃာတွေကို အလကား ဆေးကု ပေးနေတဲ့ မိမိရဲ့အလှူဒါနတွေကိို ဆေးခန်း အပြင်က စောင့်နေတဲ့ လူနာတွေကို ကြားစေချင်နေမိတာပါလား။
လူနာတွေက ကိုယ့်ကို စေတနာကောင်းတဲ့ လူတစ်ယောက်လို့ အထင်ကြီးစေချင်နေတာပါ့လား။ သူများတွေ အသိအမှတ်ပြုတာကို ခံချင်တဲ့စိတ်နဲ့ နှစ်ပေါင်းများစွာ မရိုးမဖြောင့် ပြောနေခဲ့တာပါလား။ကြောက်စရာကောင်းလိိုက်တဲ့ကိလေသာ။
နှှစ် ပေါင်း ၂၀ လောက် အခုလိိုလှည့်စားပြီး ကိုယ့်ကို စေခိုင်းလာခဲ့တဲ့အဖြစ်ကို အကင်းမပါးလှတဲ့ကိိုယ်က တစ်ချက်ကလေးမှ မရိပ်မိခဲ့ဘူး။ ဆရာတော်တွေ ဥိးဇင်းတွေမေးတိုင်း အနှစ် ၂၀ လောက် သူများကြားအောင် ခပ်ကျယ်ကျယ် ပြန်ဖြေနေခဲ့တဲ့ ကိုယ့်အဖြစ်ဟာ အလွန် ရှက်စရာ ကောင်းလှပါတယ်။
အသိိအမှတ်ပြုခံချင်တာကို ဒါမှမဟုတ် ကိိလေသာဖြစ်တာကိို အပြစ်တခုအနေနဲ့ မိမိဘယ်တော့မှှပြောမှာ မဟုတ်ပါဘူး။ အဲဒီအသိအမှတ်ပြု ခံချင်တဲ့စိတ်ကြောင့် ကာယကံ ဝစီကံ မနောကံ အကုသိုလ်တွေ မဆက်ဖို့ကိုသာ အကြံပြုချင်တာပါ။ ဒီနေရာမှာ သဘောထား မမှန်လို့ ကုသိုလ်ပြုရင်း အကုသိုလ် ဖြစ်သွားရတဲ့ အဖြစ်တွေ သာဓကတွေ များစွာရှိပါတယ်။
အခန့်မသင့်ရင်် အဲဒီလို အသိိအမှတ်ပြုခံချင်တဲ့ သဘောထား မမှန်တဲ့နေရာတွေက တစ်ဆင့် တဏှာ မာန ဒိဋ္ဌိ အကုန် ဝင်တတ်ပါတယ်။
ဒီ့ထက်် အခန့်မသင့်တဲ့အခါ အသိိအမှတ်ပြုခံချင်လို့ မရိုးမဖြောင့်တာတွေ၊ မမှှန်ကန်မမြင့်မြတ်တာတွေ၊ မဆီလျော်မအပ်စပ်တာတွေလုပ်ရင်းနဲ့ လောကထဲမှာ ဘယ်လိုမှှ အသုံးမတည့်တဲ့သူ တစ်ယောက်အဖြစ် ဘဝဆုံးသွားနိုင် ပါတယ်။
မိိမိအခုပြောတာတွေထဲမှာဘာတခုမှ အဆန််း တကျယ် မပါပါဘူး။ ဘယ်သူမဆို ဘဝထဲမှာ ကြုံရတတ်တဲ့ အဖြစ်အပျက်တွေပါပဲ။လူတိိုင်းကြံုဘူးတတ်တဲ့အခုလိို အဖြစ်အပျက် ကလေးတွေမှာ မိမိိကိုယ်ကို ဂရုစိုက်မိဖို့ သတိပေးလိုတာပါ။
ကိလေသာဆိိုတာတွေကို ကြားဘူးနားဝနဲ့ ဘယ်ကိလေသာကိုမှ ကိုယ့်အဆင့်နဲ့ ပယ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ အကြောင်းဆုံရင် ဖြစ်တတ်တဲ့သဘာဝတွေကိို ဖြစ်လာတဲ့အခါ သတိထားနိိုင်ဖို့ သတိပေးရုံပါပဲ။
အကြောင်းဆုံတိိုင်း ကိုယ့်ကိုယ်ကိို ပြန်ကြည့် တတ်တဲ့ အလေ့အကျင့်တွွေ တိုးပွားစေချင်တဲ့ စေတနာနဲ့ အခုလိိုစာတစ်ပုဒ် ရေးပြီး သတိပေး လိိုက်ရပါတယ်။
မေတ္တာဖြင့််
young buddhist association
Be the first to comment
Leave a Reply
Your email address will not be published.
*