မွ်စ္္ကို လခ်ီ၊ ႏွစ္ခ်ီ ခံေအာင္္ သိမ္းထားနည္း

မွ်စ္ျပဳတ္ လခ်ီထားႏိိုင္ေအာင္လုပ္နည္း

မွ်စ္ျပဳတ္ကိုိ လခ်ီထားႏိိုင္ရင္ မွ်စ္ရွားခ်ိိန္မွာ ေစ်းေကာင္းရပါမယ္။ အိမ္စားဖုိ ့ပဲျဖစ္ျဖစ္ စီးပြားျဖစ္ျဖစ္လုပ္ႏုိင္တဲ့နည္းျဖစ္ပါတယ္။ အခုနည္းက စားသံုးသူ အႏၱရာယ္ကင္းတဲ့နည္းျဖစ္ပါတယ္။

တခ်ဳိ ့ကမွ်စ္ကို ပလပ္စတစ္အိိတ္မွာ ထည့္ အလံုစည္းျပီး ေပါင္းတဲ့အတြက္ ပလပ္စတစ္အိတ္က ဓါတုေတြ မွ်စ္မွာ ပါ၀င္သြားႏိုင္တယ္။

1. မွ်စ္ကိုခြာျပီး သန္ ့ေအာင္ေဆးမယ္။ အလံုးၾကီးရင္ ခဲြရပါမယ္။

2. မွ်စ္ခ်ဳိဆိုရင္ ေရဆူးျပီးသားမွာ မိနစ္ 20 ခန္္ ့ေပါင္းရပါမယ္။ တျခားခါးတဲ့မွ်စ္ဆိုရင္ ျပဳတ္ျပီး ေရပစ္ရပါမယ္။

3. မွ်စ္ပူပူကို အပူခံပလပ္စတစ္အိတ္မွာ ထည့္ရပါမယ္။ မွ်စ္ေခ်ာင္းေပၚမူတည္ျပီး ပလပ္စတစ္အိတ္ အၾကီးအေသးေရြးႏိုင္ပါတယ္။ တစ္အိတ္မွာေရာင္းဖို ့နဲ ့တစ္ခါစား သင့္ေတာ္တဲ့ 4 ေခ်ာင္းမွ 6 ေခ်ာင္းအထိသာ ထည့္သင့္တယ္။ ေစ်းကြက္ေပၚမူတည္တယ္။

4. မွ်စ္အိတ္ထဲက ေလေတြကိုထုတ္ဖို ့အတြက္ အိိတ္အ၀ကိုကိုင္းထားျပီး မွ်စ္အိတ္ကို ေရထဲနစ္ထည့္ရမယ္။

5. ေလထုတ္ကုန္ျပီးရင္္ အိိတ္အ၀ကို သေရကြြင္းနဲ ့အလံု စည္းရပါမယ္။

6. မွ်စ္အိိတ္ကို ပလပ္စတစ္အိိတ္ေနာက္တစ္ထပ္စြတ္ရပါမယ္။

7 . ေနာက္ထပ္စြတ္တဲ့အိတ္ကို ၾကိဳးနဲ ့အခိုင္စည္းရပါမယ္။ ၾကိဳစနည္းနည္းရွည္ရွည္နဲ ့ 2 အိတ္တစ္တဲြစည္းမယ္။ ျပီးရင္ ေနပူမထိတဲ့ေနရာမွာ ခ်ိတ္ဆဲြထားရင္ လခ်ီျပီးထားလို ့ရပါတယ္။

တခ်ဳိ ့က တစ္ႏွစ္အထိိထားလို ့ရတယ္။ မွ်စ္က ညိုိအမဲေရာင္ မေျပာင္းသြားရင္စားသံုးလို ့ရပါတယ္။

၀င္ျမင့္ IQwin

Unicode

မျှစ်ပြုတ် လချီထားနိိုင်အောင်လုပ်နည်း

မျှစ်ပြုတ်ကိို လချီထားနိိုင်ရင် မျှစ်ရှားချိိန်မှာ စျေးကောင်းရပါမယ်။ အိမ်စားဖို ့ပဲဖြစ်ဖြစ် စီးပွားဖြစ်ဖြစ်လုပ်နိုင်တဲ့နည်းဖြစ်ပါတယ်။ အခုနည်းက စားသုံးသူ အန္တရာယ်ကင်းတဲ့နည်းဖြစ်ပါတယ်။

တချို ့ကမျှစ်ကို ပလပ်စတစ်အိိတ်မှာ ထည့် အလုံစည်းပြီး ပေါင်းတဲ့အတွက် ပလပ်စတစ်အိတ်က ဓါတုတွေ မျှစ်မှာ ပါ၀င်သွားနိုင်တယ်။

1. မျှစ်ကိုခွာပြီး သန် ့အောင်ဆေးမယ်။ အလုံးကြီးရင် ခွဲရပါမယ်။

2. မျှစ်ချိုဆိုရင် ရေဆူးပြီးသားမှာ မိနစ် 20 ခန်် ့ပေါင်းရပါမယ်။ တခြားခါးတဲ့မျှစ်ဆိုရင် ပြုတ်ပြီး ရေပစ်ရပါမယ်။

3. မျှစ်ပူပူကို အပူခံပလပ်စတစ်အိတ်မှာ ထည့်ရပါမယ်။ မျှစ်ချောင်းပေါ်မူတည်ပြီး ပလပ်စတစ်အိတ် အကြီးအသေးရွေးနိုင်ပါတယ်။ တစ်အိတ်မှာရောင်းဖို ့နဲ ့တစ်ခါစား သင့်တော်တဲ့ 4 ချောင်းမှ 6 ချောင်းအထိသာ ထည့်သင့်တယ်။ စျေးကွက်ပေါ်မူတည်တယ်။

4. မျှစ်အိတ်ထဲက လေတွေကိုထုတ်ဖို ့အတွက် အိိတ်အဝကိုကိုင်းထားပြီး မျှစ်အိတ်ကို ရေထဲနစ်ထည့်ရမယ်။

5. လေထုတ်ကုန်ပြီးရင်် အိိတ်အဝကို သရေကွွင်းနဲ ့အလုံ စည်းရပါမယ်။

6. မျှစ်အိိတ်ကို ပလပ်စတစ်အိိတ်နောက်တစ်ထပ်စွတ်ရပါမယ်။

7 . နောက်ထပ်စွတ်တဲ့အိတ်ကို ကြိုးနဲ ့အခိုင်စည်းရပါမယ်။ ကြိုစနည်းနည်းရှည်ရှည်နဲ ့ 2 အိတ်တစ်တွဲစည်းမယ်။ ပြီးရင် နေပူမထိတဲ့နေရာမှာ ချိတ်ဆွဲထားရင် လချီပြီးထားလို ့ရပါတယ်။

တချို ့က တစ်နှစ်အထိိထားလို ့ရတယ်။ မျှစ်က ညိိုအမဲရောင် မပြောင်းသွားရင်စားသုံးလို ့ရပါတယ်။

၀င်မြင့် IQwin

Be the first to comment

Leave a Reply

Your email address will not be published.


*