ဆီးချိုရှိလျှင် ဖန်ခါးသီးစားပါ
ဆီးချိုရောဂါရှင်များအတွက် ဖန်ခါးသီး
ဖန်ခါးသီး အမှုန့်ကို ပျားရည် ထောပတ်တို့နှင့် ရောစပ်သောက်သုံးလို့ ရပါသတဲ့ အဲဒီ့လို သုံးစွဲရင် အင်အား တိုးပွားစေတယ်။
သွားကိုက်၊ သွားနာ၊ သွားပိုးစား၊ ရေစီးကမ်းပြို စသည့် သွားဝေဒနာအမျိုးမျိုး ပျောက်ကင်းသက်သာစေရန် ဖန်ခါးသီးအစို (သို့မဟုတ်) ဖန်ခါးသီးအခြောက် (၃)လုံးခန့် ထုထောင်းပါ။
လေးညှင်းပွင့် (၃)ပွင့်ခန့် ရော၍ ထုထောင်းပါ။ဆားအနည်းငယ်ထည့်ပါ။
ဖန်ခါးသီးကိုထု၍ တစ်ညရေစိမ်ပြီး ထို အရည်ကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိ နာကျင် ကိုက်ခဲခြင်း ပျောက်၏ ။
ဖန်ခါးသီး ပြုတ်ရည်ကို နွားနို့နှင့် ရောတိုက်ပါက အရက်မူးခြင်း ပျောက်၏ ။
ထိခိုက်ရှနာများ ဖြစ်ပါက အခေါက်ကို အမှုန့်ကြိတ်ပြီး အုံပေးရင် သွေးထွက်လွန်ခြင်းကို ရပ်တန့်စေနိုင်ပါတယ်။
ချိုသွယ်ဦး
Unicode
ဆီီးချိုရောဂါရှင်များအတွက်် ဖန်ခါးသီး
ဆေးကျမ်းများ အဆိိုအရ ဖန်ခါးသီးမှာ “ဖန်၏ ၊ ချဉ်၏ ၊ စပ်၏ ၊ ပူ၏ ၊ ဝမ်းမီးကို တောက်စေသည်။ အထူးအားဖြင့် ဖန်ခါးသီးသည် အူလမ်းကြောင်းနဲ့ စပ်ဆိုင်တဲ့ ရောဂါများ ၊ အရေပြားရောဂါ ၊ ညောင်းကျ ၊ ကြို့ထိုး ၊ ဗိုက်အောင့် ၊ အစာမကြေရောဂါများ ” ကုသရာမှာ အသုံးပြုပါတယ်လို့ ဆိုပါတယ်။
ဖန်ခါးသီး အမှုန့််ကို ပျားရည် ထောပတ်တိို့နှင့် ရောစပ်သောက်သုံးလို့ ရပါသတဲ့ အဲဒီ့လို သုံးစွဲရင် အင်အား တိုးပွားစေတယ်။
သွားကိိုက်၊ သွားနာ၊ သွားပိုးစား၊ ရေစီးကမ်းပြို စသည့် သွားဝေဒနာအမျိုးမျိုး ပျောက်ကင်းသက်သာစေရန် ဖန်ခါးသီးအစို (သို့မဟုတ်) ဖန်ခါးသီးအခြောက် (၃)လုံးခန့် ထုထောင်းပါ။
လေးညှင်းပွင့် (၃)ပွင့်ခန့်် ရော၍ ထုထောင်းပါ။ဆားအနည်းငယ်ထည့််ပါ။
ဖန်ခါသီး၊ လေးညှင်းပွင့်် ထုထောင်းအဖတ်များကို ဖန်ခွက်ကြီးတွင်ထည့်၍ ရေနွေးကျက်ကျက်ဆူ လောင်းထည့်ပါ။ ဖန်ခွက်ကြီး တဝက်ခန့် ရေနွေးလောင်းထည့်ပါ။ ဖန်ခွက်အဖုံး ပိတ်ထားပါ။
အနည်းငယ် အအေးခံကာ ပလုတ်ကျင်း၍ ရလောက်သောအချိန်တွင် ဖန်ခါးသီး၊ လေးညှင်း၊ ဆား ရောထားသော ရေနွေးဖြင့် ပလုတ်ကျင်းပေးပါ။ မကြာခဏ ပြုလုပ်ပေးခြင်းအားဖြင့် သွားကိုက်၊ သွားနာ၊ ရေစီးကမ်းပြို၊ သွားပိုးစားခြင်း ဝေဒနာများ သက်သာပျောက်ကင်းပါသည်။
သွားပိုးပေါက်အတွင်းသို့ ဖန်ခါးသီး၊ လေးညှင်း၊ ဆား ရောထားသော ပြုတ်ဖတ်ကလေးများကို (၃)မိနစ်ခန့် ထည့်ပေးထားပါ။ ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက သွားပိုးစား၊ သွားကိုက်ခြင်း ဝေဒနာ သက်သာပျောက်ကင်းပါသည်။
ဖန်ခါးသီး၊ လေးညှင်း၊ ဆား၊ ကျောက်ချဉ်မှုန့်ကလေးများကို ထုထောင်းရောနှော၍ ရေနွေးကျက်ကျက်ဆူ ထည့်ထားသော အအေးခံ အရည်ကို ငုံပေးပါက သွားဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်းပါသည်။
အမှုန့်ကို အခြောက်ခံပြီး နှမ်းဆီနှင့် ရောပြီး လိမ်းပေးပါက အရေပြားပေါ်က ရောဂါများကို ပျောက်ကင်းနိုင်ပါတယ်။
ဖန်ခါးသီးကိုထု၍ တစ်ညရေစိမ်ပြီး ထို အရည်ကြည်ဖြင့် မျက်စိိကို ဆေးပေးပါက မျက်စိ နာကျင် ကိုက်ခဲခြင်း ပျောက်၏ ။
ဖန်ခါးသီး ပြုတ်ရည်ကို နွားနိို့နှင့် ရောတိုက်ပါက အရက်မူးခြင်း ပျောက်၏ ။
ဝက်ခြံနဲ့ ပက်သက်လို့ အမြစ်ထွက်အောင် ဖန်ခါးသီး အစေ့ကို ဆန်ဆေးရည်ဖြင့် သွေးလိမ်းပေးပါ ။
ထိိခိုက်ရှနာများ ဖြစ်ပါက အခေါက်ကို အမှုန့်ကြိတ်ပြီး အုံပေးရင် သွေးထွက်လွန်ခြင်းကို ရပ်တန့်စေနိုင်ပါတယ်။
ဆီးချို ရောဂါရှင်များအတွက််
ဖန်ခါးသီးကိို ထုပါ ။ သန့်ရှင်းသောပုလင်းထဲသိို့ အဲဒီ့ ထုထားတဲ့ ဖန်ခါးသီး အစိုများကိုထည့်ပြီး စိမ်ထားရမယ် ။ ရလာတဲ့ ဖန်ခါးသီး စိမ်ရည်ကိုသောက်ပါ။ သုံးပုလင်းကုန်ရင် ဆီးချိုကျသွားပါလိမ့်မယ် စိမ်ထားတဲ့ ဖန်ခါးသီးကိုလည်း စားပေးနိုင်ပါတယ် ။
ချိုသွွယ်ဦး
Be the first to comment
Leave a Reply
Your email address will not be published.
*