မြတ်စွာဘုရား သည် တန်ခိုးတော်ဖြင့် မ,စ ပေးခြင်းမျိုးရှိပါသလား

မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် မ,စ ပေးခြင်းမျိုးရှိပါသလား

ဗုဒ္ဓမြတ်စွာဟာ သတ္တဝါတွေရဲ့ ဟိတသုခလို့ခေါ်တဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခကို လမ်းညွှန်မှုပြပြီး အကျိုးစီးပွားကိုရစေတတ်တဲ့ အကြောင်းတရားတွေကို

ဆည်းပူးအားထုတ်ခြင်းဖြင့် ချမ်းသာသုခကို ရစေနိုင်တဲ့ မှန်ကန်တဲ့နည်းလမ်းတွေကို ဆုံးမ ဟောကြားတာ ဖြစ်တယ်။

သို့သော်။ လောကလူတွေ ယုံကြည်နေကြတဲ့ ဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေလို ဆုတော်၊ လာဘ်တော်တွေ ပေးပြီးတော့ မ,တာမျိုး မဟုတ်ဘူး။ များသောအားဖြင့် လူသားတွေဟာ ဘုရားထံမှ ဆုပန်ပြီးတော့ ရတယ်ဆိုတဲ့ အပေါ်မှာ အထင်ရောက်ရှိပြီးတော့ နေကြတယ်။

တကယ်ကတော့ လိုချင်တာ ဆုပန်နေရုံမျှနဲ့ ဘာတစ်ခုမှ ရမှာ မဟုတ်ဘူး။ ကိုယ့်အားကိုယ်ကိုး ကြိုးစားအားထုတ်ခြင်းဖြင့်သာလျှင် ရနိုင်တယ်ဆိုတာ လက်တွေ့ဘဝမှာ လူတိုင်းသိကြတာပဲ။ ဘာပဲဖြစ်ဖြစ် #ပညာတတ်အောင်လည်း ကိုယ်တိုင် ကြိုးစားရတာ။ #စီးပွားဥစ္စာလည်း ကိုယ်တိုင် ရှာကြရတာ ဖြစ်တယ်။

သို့သော်။ လောကလူတွေဟာ မျှော်လင့်ချက်ကြီးစွာနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ် မ,စ လိမ့်မယ်လို့ အထင်ရောက်ပြီး အားကိုးနေကြတာတော့ ကနေ့ထိအောင် ရှိကြတုန်းပဲပေါ့။

တကယ်ကတော့ အားကိုးခံရတဲ့ ပုဂ္ဂိုလ်ရဲ့ကူညီစောင့်ရှောက်မှုဆိုတာဟာ အကြံဉာဏ်ပေးခြင်း၊ လိုအပ်တဲ့ အချက်အလက်လေးတွေကို ကူညီပေးခြင်း မျှသာလျှင် ဖြစ်တယ်။ ဒီ့ထက်ပိုပြီး မလုပ်နိုင်ပါဘူး။

မိဘတွေက သားသမီးကို ချစ်လို့ (ကိုယ့်သားသမီးကို) ကြီးပွားတိုးတက်စေချင်လို့ရှိရင် မိဘတွေက ဘာလုပ်ရလဲဆိုရင် သားသမီး ပညာတတ်ဖို့အတွက်ကျောင်းကောင်းကောင်းထားပေးမယ်။ #ဆရာ_ကောင်းကောင်းထံ အပ်နှံပေးမယ်။ #ကုန်ကျစရိတ်တွေ များစွာ ကုန်ကျခံပြီးတော့ စီစဉ်ပေးကြတယ်။ ဒါ လက်တွေ့ပဲလေ။

မ,လို့ရမယ်ဆိုရင် ကိုယ့်သားသမီးကို နိုင်ငံရပ်ခြားတွေ ပို့ပြီးတော့ ဆင်းရဲဒုက္ခခံနေမလဲ။ ဉုံဖွ ဆိုပြီး မန်းလိုက်တာနဲ့ ပညာတတ်ကြီး ဖြစ်သွားမှာပေါ့။

စီးပွားဥစ္စာတိုးတက်ဖို့၊ သူ့ခြေထောက်နဲ့သူ ရပ်တည်နိုင်ဖို့အတွက် ပညာသင်ကြားပေးကြရတာ။ ထိုပညာကို အသုံးချပြီးတော့ လူတွေဟာ ကြီးပွားတိုးတက်လာကြတာသာ ဖြစ်တယ်။

သို့သော်။ ကနေ့(ယနေ့)ထိအောင် အများစုက မ,လိမ့်နိုးနိုးနဲ့ ရို့ကျိုးကိုးကွယ်နေကြတုန်းပါပဲ။

ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ အကျိုးကို ဆောင်ရွက်တယ်ဆိုတာ မ,တဲ့အနေနဲ့ တောင်ရွက်တာ မဟုတ်ဘူး။ ဆိုလိုတာက မ,တယ်ဆိုတာ တန်ခိုးနဲ့ မ,တာ မဟုတ်ဘူး။ #အသိပညာ ဟောပေးတာပဲ ဖြစ်တယ်။

ဟိတနှင့်_သုခ စာပေကျန်းဂန်မှာ အတိအလင်း ဖော်ပြထားတာ ရှိတယ်။ ❝ဟိတေ ပဝတ်တနေ အဟိတာစ နိဝတ်တနနေ သတ်တာနံ ဘယံ ဟိံသတီတိ ဗုဒ်ဓေါ❞

မြတ်စွာဘုရားဟာ သတ္တဝါတွေအပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ ဆင်းရဲဒုက္ခဟူသမျှကို ဘာနဲ့ဖယ်ရှင်းပေးသလဲဆိုရင် ❝ဟိတေ ပဝတ္တနေန❞ ကောင်းကျိုးလိုလား ချမ်းသာတွေကို ဖြစ်ပွားစေနိုင်တဲ့ #ကုသိုလ်တရားတွေ၊ လိုက်နာဆောင်ရွက်ရမယ့် #လမ်းကြောင်းတွေ၊ #လမ်းစဉ်တွေကို ဟောကြားဆုံးမပေးခြင်းဖြင့် သတ္တဝါတွေရဲ့ အခက်အခဲကို ကျော်လွှားစေတာပဲ ဖြစ်တယ်။

မကောင်းတဲ့လမ်းကြောင်းက ရှောင်ရှားစေခြင်းဖြင့် သတ္တဝါတွေရဲ့ အခက်အခဲကို ရှောင်လွှဲမယ်။ တန်ခိုးတော်ဖြင့် မ,စ တယ်လို့ မပါဘူးနော်။ သို့သော်။ လောကလူတွေက ကနေ့ထိအောင် တန်ခိုးတော်နဲ့ မ,စ တာလို့ ဒါကို ခံချင်နေကြတုန်းပဲ ရှိတယ်။ ဒါ လူ့သဘာဝ။ အဲ့ဒီလို ဖြစ်နေတယ်။

အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင် #မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေကို ကြည့်။ လောကကြီးမှာ တကယ်ဖြစ်ပျက်နေတဲ့ တရားမျိုးကိုသာလျှင် မြတ်စွာဘုရားက ဆောင်ရွက်တာ (ဟောကြားတာ) ဖြစ်တယ်။

ဒါကြောင့်မို့ ဓမ္မပဒဒေသနာဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဘာသာတရားလို့ ပြောရမှာထက် အဆုံးအမ နည်းကောင်းလမ်းပြ (ပြောမယ်ဆိုရင် တကယ့် ဖီဆိုလိုဖီ) လက်တွေ့ကျင့်သုံးလို့ရတဲ့ နည်းစနစ်တွေ ဒါတွေကို ဟောပေးတာပဲ ဖြစ်တယ်။

ဖီဆိုလိုဖီဆိုတာ အတွေးအခေါ် သက်သက်မျှသာ ဖြစ်တယ်။ တကယ်တော့ လက်တွေ့လုပ်လို့ရတဲ့ အရာတွေ မဟုတ်ဘူး။ တချို့ဟာကျတော့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တဲ့ ပညာရပ်တွေကို မြတ်စွာဘုရားက ဆုံးမဟောကြားပေးတာ ဖြစ်တယ်။

ချမ်းသွာကြွယ်ဝချင်ရင် ဘာလုပ်ရမယ်။ စီးပွားဥစ္စာ တိုးတက်ချင်ရင် ဘာလုပ်ရမယ်။ ဘဝသံသရာမှာ အခက်အခဲတွေ ကျော်လွှားပြီး ကောင်းစားချင်ရင် ဘာတွေလုပ်ရမယ်ဆိုတာကို လမ်းညွှန်ပြတာပဲ။

တကယ့် လက်တွေ့လောကမှာလည်းပဲ မွေးလာကတည်းက လူတွေဟာ ပညာသင်နေကြရတာ ဒါတွေအတွက် သင်နေတာပဲ မဟုတ်လား။ ပညာတတ်သွားပြီဆိုရင် ပညာရဲ့ကျေးဇူး ကိုယ့်အားကိုယ်ကိုးပြီး လုပ်သွားကြလို့ ထိပ်တန်းရောက်သွားကြတာ။

သို့သော်။ အားကိုး ယုံကြည်မှုတွေနဲ့ တစ်ဖက်ကနေပြီးတော့ လူတွေဟာ လွဲမှားတဲ့ ယုံကြည်ချက်တွေကတော့ ရှိနေတုန်းပဲ ဖြစ်တယ်ပေါ့။ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော် တွေဟာ ဘာသာတရားလို့ ဆိုတာထက် လက်တွေ့ကျတဲ့ အဆုံးအမ နည်းလမ်းညွှန်ပြ ဆိုဆုံးမတဲ့ အချက်တွေသာ ဖြစ်တယ်။

ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတွေဟာ နိဗ္ဗာန်ရောက်ကြောင်း တရားချည်း မဟုတ်ဘူး။ ဘဝမှာ ဘယ်လို နေထိုင်ရမယ်(Weal of live)။ ဘဝမှာ ဘယ်လို နေရမယ်။ ဘယ်လိုနေရင် ကြီးပွားနိုင်တယ်။ ကြီးပွားတိုးတက်တဲ့ နည်းလမ်းတွေကို၊ နည်းတွေကို ရှင်းပြတာပဲ ဖြစ်တယ်။

ဘာသာတရားလို့ဆိုတဲ့အရာတွေက ကိုးကွယ်ရုံ သက်သက်ပဲ ဖြစ်တယ်။ ကိုးကွယ်တယ်။ ဆုတောင်းတယ်။ ဆုပန်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမမှာ ဆုတောင်းဆုပန်နေတာမျိုး၊ အားပေးတာမျိုး မဟုတ်ဘူး။ သို့သော်။ လူတွေက အကျင့်ကြီးပါနေတော့ ဒါလုပ်နေကြတာ ဖြစ်တယ်။

ဆုတောင်းတယ် ဆုပန်တယ်ဆိုတာ ကိုယ့်ရဲ့ I n d e c i s i o n (ဆုံးဖြတ်ချက်မချနိုင်ခြင်း) ကို ဖော်ပြတာသာ ဖြစ်တယ်။ ဆုပန်လို့ ရကြတာ မဟုတ်ဘူး။ အလုပ်လုပ်လို့ ရကြတာသာ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်လို့ ရတာသာ ဖြစ်တယ်။ အဲ့ဒါကို မလွဲမသွေ မှတ်သားကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားကိုယ်တိုင်က ဒေသနာတော်တို့မှာ ဟောထားတာနော်။ တစ်စုံတစ်ခု ဖြစ်ချင်တယ်ဆိုလို့ရှိရင် ဆုတောင်းမနေနဲ့ ဆုတောင်းနေလို့ ဘာမှမရဘူး။ ထိုအနေအထားမျိုးကိုရောက်စေတတ်တဲ့ လမ်းကြောင်းအတိုင်း ဆောင်ရွက်ပါလို့ မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာ ပြောထားတာ။

မင်း ဟိုဘက်ကမ်းကို ရောက်ချင်သလား။ မြစ်တစ်ဘက်ကမ်းမှာရပ်ပြီး ဟိုဘက်ကမ်းကို ရောက်ချင်သလား။ ငါ ဟိုဘက်ကမ်းကို ရောက်ပါစေလို့ မင်း ဆုတောင်းနေရင် တစ်နေကုန် ထိုင်ဆုတောင်း ဟိုဘက်ကမ်း မရောက်ဘူး။ လှေ ရှာ၊ သ​​​င်္ဘေါရှာ ဟိုဘက်ကမ်းကိုကူး ဘာမှမပါရင် လက်ပစ်ကူး ဒါပဲ ရှိတယ်။ မြတ်စွာဘုရားက အဲ့ဒီလို ဆုံးမတာနော်။

တကယ်တော့ လက်တွေ့ကျကျ လုပ်ရမယ်ဆိုတာတွေကို ဆုံးမတာ။ လက်တွေ့ကျကျလို့ဆိုတဲ့အထဲမယ် တစ်ခြားဘာသာတရားတွေနဲ့ ရောထွေးပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကို နောင်ဘဝအတွက်သာ အသုံးချရ မလိုလို ဆိုတာဟာ မှားယွင်းနေခြင်းပဲ ဖြစ်တယ်။

နိဗ္ဗာန်ရောက်ကြောင်း တစ်မျိုးသာ ရှိတယ်။ လောကစီးပွားရေးနဲ့ ဘာမှ မဆိုင်ဘူး။ လောကီကြီးပွားရေးကို ဟောတာ မဟုတ်ဘူးလို့ ထင်လို့ရှိရင်လည်း လုံးဝ လွဲမှားနေတယ်။

မြတ်စွာဘုရားဟာ သတ္တဝါတွေရဲ့ အကျိုးစီးပွားကို လိုလားလို့ မှန်ကန်တဲ့_နည်းလမ်းတွေကို ဖော်ပြပြီး သုခကို ရစေတာ ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ ဟိတနှင့် သုခဆိုတာ နှစ်မျိုး တွဲဖက်ထားတာ။ ဟိတလုပ်မှ သုခ။

ဟိတဆိုတာ ဘာတုန်း။ Condition အခြေအနေကောင်းတစ်ခု ဖန်တီးရတာ။ အဲ့ဒီ အခြေအနေကောင်းတစ်ခုဆိုတာ ဘာလဲ။ ပြောရမယ်ဆိုရင် သားသမီးတစ်ဦး

အခြေအနေကောင်းဆိုတာ မိဘပြောတဲ့ စကား နားထောင်တယ်။ လိမ္မာတယ်ပေါ့။ လူကြီးသူမတွေ စကား နားထောင်တယ်။ စာ ကြိုးစားတယ်။ အနေအထိုင် ကောင်းတယ်ဆိုတာ ကျောင်း မှန်မှန်တက်တယ်။ ပညာ ကြိုးစားတယ်။ ဒါဟာ ကောင်းတဲ့ အခြေအနေတွေပဲ။

အဲ့ဒီ အခြေအနေတွေကောင်းမှ သူ့ရဲ့ အောင်မြင်ကြီးပွားမှု သုခဆိုတာ ရမှာ။ ဒါဟာ မလွဲမသွေ မှန်ကန်တဲ့လမ်းကြောင်း။ မြတ်စွာဘုရားကလည်း ဒါကို ဟောတာ။

စာပေကျန်းဂန်မှာ ကြည့်လိုက်မယ်ဆိုရင်လည်း ဘုရားပွင့်လာတယ်ဆိုတာ ❝ဗဟုဇန ဟိတာယ ဗဟုဇန သုခါယ❞ အများအကျိုးစီးပွား ဖြစ်ထွန်းဖို့နဲ့ အများချမ်းသာဖို့ အကျိုးစီးပွားလို့ ဆိုတာ။ အကျိုးတရားကို ပြောတာ မဟုတ်ဘူး။ အကျိုးတရားတွေ ဖြစ်ပွားဖို့ရာ အကြောင်းကို လုပ်ရမှာ ဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

Zawgyi

ျမတ္စြာဘုရားသည္ တန္ခိုးေတာ္ျဖင့္ မ,စ ေပးျခင္းမိ်ဳးရွိပါသလား

ဗုဒၶျမတ္စြာဟာ သတၱဝါေတြရဲ႕ ဟိတသုခလို႔ေခၚတဲ့ အက်ိဳးစီးပြားနဲ႕ ခ်မ္းသာသုခကို လမ္းၫႊန္မႈျပၿပီး အက်ိဳးစီးပြားကိုရေစတတ္တဲ့ အေၾကာင္းတရားေတြကို

ဆည္းပူးအားထုတ္ျခင္းျဖင့္ ခ်မ္းသာသုခကို ရေစနိုင္တဲ့ မွန္ကန္တဲ့နည္းလမ္းေတြကို ဆုံးမ ေဟာၾကားတာ ျဖစ္တယ္။

သို႔ေသာ္။ ေလာကလူေတြ ယုံၾကည္ေနၾကတဲ့ ဘုရားဆိုတဲ့ပုဂၢိုလ္ေတြလို ဆုေတာ္၊ လာဘ္ေတာ္ေတြ ေပးၿပီးေတာ့ မ,တာမ်ိဳး မဟုတ္ဘူး။ မ်ားေသာအားျဖင့္ လူသားေတြဟာ ဘုရားထံမွ ဆုပန္ၿပီးေတာ့ ရတယ္ဆိုတဲ့ အေပၚမွာ အထင္ေရာက္ရွိၿပီးေတာ့ ေနၾကတယ္။

တကယ္ကေတာ့ လိုခ်င္တာ ဆုပန္ေန႐ုံမွ်နဲ႕ ဘာတစ္ခုမွ ရမွာ မဟုတ္ဘူး။ ကိုယ့္အားကိုယ္ကိုး ႀကိဳးစားအားထုတ္ျခင္းျဖင့္သာလွ်င္ ရနိုင္တယ္ဆိုတာ လက္ေတြ႕ဘဝမွာ လူတိုင္းသိၾကတာပဲ။ ဘာပဲျဖစ္ျဖစ္ #ပညာတတ္ေအာင္လည္း ကိုယ္တိုင္ ႀကိဳးစားရတာ။ #စီးပြားဥစၥာလည္း ကိုယ္တိုင္ ရွာၾကရတာ ျဖစ္တယ္။

သို႔ေသာ္။ ေလာကလူေတြဟာ ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႕ တစ္စုံတစ္ေယာက္က ကိုယ့္ကိုယ္ မ,စ လိမ့္မယ္လို႔ အထင္ေရာက္ၿပီး အားကိုးေနၾကတာေတာ့ ကေန႕ထိေအာင္ ရွိၾကတုန္းပဲေပါ့။

တကယ္ကေတာ့ အားကိုးခံရတဲ့ ပုဂၢိုလ္ရဲ႕ကူညီေစာင့္ေရွာက္မႈဆိုတာဟာ အႀကံဉာဏ္ေပးျခင္း၊ လိုအပ္တဲ့ အခ်က္အလက္ေလးေတြကို ကူညီေပးျခင္း မွ်သာလွ်င္ ျဖစ္တယ္။ ဒီ့ထက္ပိုၿပီး မလုပ္နိုင္ပါဘူး။

မိဘေတြက သားသမီးကို ခ်စ္လို႔ (ကိုယ့္သားသမီးကို) ႀကီးပြားတိုးတက္ေစခ်င္လို႔ရွိရင္ မိဘေတြက ဘာလုပ္ရလဲဆိုရင္ သားသမီး ပညာတတ္ဖို႔အတြက္ေက်ာင္းေကာင္းေကာင္းထားေပးမယ္။ #ဆရာ_ေကာင္းေကာင္းထံ အပ္ႏွံေပးမယ္။ #ကုန္က်စရိတ္ေတြ မ်ားစြာ ကုန္က်ခံၿပီးေတာ့ စီစဥ္ေပးၾကတယ္။ ဒါ လက္ေတြ႕ပဲေလ။

မ,လို႔ရမယ္ဆိုရင္ ကိုယ့္သားသမီးကို နိုင္ငံရပ္ျခားေတြ ပို႔ၿပီးေတာ့ ဆင္းရဲဒုကၡခံေနမလဲ။ ၪုံဖြ ဆိုၿပီး မန္းလိုက္တာနဲ႕ ပညာတတ္ႀကီး ျဖစ္သြားမွာေပါ့။

စီးပြားဥစၥာတိုးတက္ဖို႔၊ သူ႕ေျခေထာက္နဲ႕သူ ရပ္တည္နိုင္ဖို႔အတြက္ ပညာသင္ၾကားေပးၾကရတာ။ ထိုပညာကို အသုံးခ်ၿပီးေတာ့ လူေတြဟာ ႀကီးပြားတိုးတက္လာၾကတာသာ ျဖစ္တယ္။

သို႔ေသာ္။ ကေန႕(ယေန႕)ထိေအာင္ အမ်ားစုက မ,လိမ့္နိုးနိုးနဲ႕ ရို႔က်ိဳးကိုးကြယ္ေနၾကတုန္းပါပဲ။

ဗုဒၶဘာသာေတြ ကိုးကြယ္တဲ့ ျမတ္စြာဘုရားက သတၱဝါေတြရဲ႕ အက်ိဳးကို ေဆာင္႐ြက္တယ္ဆိုတာ မ,တဲ့အေနနဲ႕ ေတာင္႐ြက္တာ မဟုတ္ဘူး။ ဆိုလိုတာက မ,တယ္ဆိုတာ တန္ခိုးနဲ႕ မ,တာ မဟုတ္ဘူး။ #အသိပညာ ေဟာေပးတာပဲ ျဖစ္တယ္။

ဟိတႏွင့္_သုခ စာေပက်န္းဂန္မွာ အတိအလင္း ေဖာ္ျပထားတာ ရွိတယ္။ ❝ဟိေတ ပဝတ္တေန အဟိတာစ နိဝတ္တနေန သတ္တာနံ ဘယံ ဟႎသတီတိ ဗုဒ္ေဓါ❞

ျမတ္စြာဘုရားဟာ သတၱဝါေတြအေပၚမွာ ျဖစ္ေပၚေနတဲ့ အခက္အခဲ ဆင္းရဲဒုကၡဟူသမွ်ကို ဘာနဲ႕ဖယ္ရွင္းေပးသလဲဆိုရင္ ❝ဟိေတ ပဝတၱေနန❞ ေကာင္းက်ိဳးလိုလား ခ်မ္းသာေတြကို ျဖစ္ပြားေစနိုင္တဲ့ #ကုသိုလ္တရားေတြ၊ လိုက္နာေဆာင္႐ြက္ရမယ့္ #လမ္းေၾကာင္းေတြ၊ #လမ္းစဥ္ေတြကို ေဟာၾကားဆုံးမေပးျခင္းျဖင့္ သတၱဝါေတြရဲ႕ အခက္အခဲကို ေက်ာ္လႊားေစတာပဲ ျဖစ္တယ္။

မေကာင္းတဲ့လမ္းေၾကာင္းက ေရွာင္ရွားေစျခင္းျဖင့္ သတၱဝါေတြရဲ႕ အခက္အခဲကို ေရွာင္လႊဲမယ္။ တန္ခိုးေတာ္ျဖင့္ မ,စ တယ္လို႔ မပါဘူးေနာ္။ သို႔ေသာ္။ ေလာကလူေတြက ကေန႕ထိေအာင္ တန္ခိုးေတာ္နဲ႕ မ,စ တာလို႔ ဒါကို ခံခ်င္ေနၾကတုန္းပဲ ရွိတယ္။ ဒါ လူ႕သဘာဝ။ အဲ့ဒီလို ျဖစ္ေနတယ္။

အသိဉာဏ္နဲ႕ ဆင္ျခင္စဥ္းစားၾကည့္မယ္ဆိုရင္ #ျမတ္စြာဘုရားရဲ႕ အဆုံးအမတရားေတာ္ေတြကို ၾကည့္။ ေလာကႀကီးမွာ တကယ္ျဖစ္ပ်က္ေနတဲ့ တရားမ်ိဳးကိုသာလွ်င္ ျမတ္စြာဘုရားက ေဆာင္႐ြက္တာ (ေဟာၾကားတာ) ျဖစ္တယ္။

ဒါေၾကာင့္မို႔ ဓမၼပဒေဒသနာဟာ သာမန္အားျဖင့္ ၾကည့္မယ္ဆိုရင္ ဘာသာတရားလို႔ ေျပာရမွာထက္ အဆုံးအမ နည္းေကာင္းလမ္းျပ (ေျပာမယ္ဆိုရင္ တကယ့္ ဖီဆိုလိုဖီ) လက္ေတြ႕က်င့္သုံးလို႔ရတဲ့ နည္းစနစ္ေတြ ဒါေတြကို ေဟာေပးတာပဲ ျဖစ္တယ္။

ဖီဆိုလိုဖီဆိုတာ အေတြးအေခၚ သက္သက္မွ်သာ ျဖစ္တယ္။ တကယ္ေတာ့ လက္ေတြ႕လုပ္လို႔ရတဲ့ အရာေတြ မဟုတ္ဘူး။ တခ်ိဳ႕ဟာက်ေတာ့ လက္ေတြ႕က်က် လုပ္ေဆာင္နိုင္တဲ့ ပညာရပ္ေတြကို ျမတ္စြာဘုရားက ဆုံးမေဟာၾကားေပးတာ ျဖစ္တယ္။

ခ်မ္းသြာႂကြယ္ဝခ်င္ရင္ ဘာလုပ္ရမယ္။ စီးပြားဥစၥာ တိုးတက္ခ်င္ရင္ ဘာလုပ္ရမယ္။ ဘဝသံသရာမွာ အခက္အခဲေတြ ေက်ာ္လႊားၿပီး ေကာင္းစားခ်င္ရင္ ဘာေတြလုပ္ရမယ္ဆိုတာကို လမ္းၫႊန္ျပတာပဲ။

တကယ့္ လက္ေတြ႕ေလာကမွာလည္းပဲ ေမြးလာကတည္းက လူေတြဟာ ပညာသင္ေနၾကရတာ ဒါေတြအတြက္ သင္ေနတာပဲ မဟုတ္လား။ ပညာတတ္သြားၿပီဆိုရင္ ပညာရဲ႕ေက်းဇူး ကိုယ့္အားကိုယ္ကိုးၿပီး လုပ္သြားၾကလို႔ ထိပ္တန္းေရာက္သြားၾကတာ။

သို႔ေသာ္။ အားကိုး ယုံၾကည္မႈေတြနဲ႕ တစ္ဖက္ကေနၿပီးေတာ့ လူေတြဟာ လြဲမွားတဲ့ ယုံၾကည္ခ်က္ေတြကေတာ့ ရွိေနတုန္းပဲ ျဖစ္တယ္ေပါ့။ ျမတ္စြာဘုရားရဲ႕ အဆုံးအမ တရားေတာ္ ေတြဟာ ဘာသာတရားလို႔ ဆိုတာထက္ လက္ေတြ႕က်တဲ့ အဆုံးအမ နည္းလမ္းၫႊန္ျပ ဆိုဆုံးမတဲ့ အခ်က္ေတြသာ ျဖစ္တယ္။

ဒါေၾကာင့္ ျမတ္စြာဘုရားရဲ႕ တရားေတြဟာ နိဗၺာန္ေရာက္ေၾကာင္း တရားခ်ည္း မဟုတ္ဘူး။ ဘဝမွာ ဘယ္လို ေနထိုင္ရမယ္(Weal of live)။ ဘဝမွာ ဘယ္လို ေနရမယ္။ ဘယ္လိုေနရင္ ႀကီးပြားနိုင္တယ္။ ႀကီးပြားတိုးတက္တဲ့ နည္းလမ္းေတြကို၊ နည္းေတြကို ရွင္းျပတာပဲ ျဖစ္တယ္။

ဘာသာတရားလို႔ဆိုတဲ့အရာေတြက ကိုးကြယ္႐ုံ သက္သက္ပဲ ျဖစ္တယ္။ ကိုးကြယ္တယ္။ ဆုေတာင္းတယ္။ ဆုပန္တယ္။ ျမတ္စြာဘုရားရဲ႕ အဆုံးအမမွာ ဆုေတာင္းဆုပန္ေနတာမ်ိဳး၊ အားေပးတာမ်ိဳး မဟုတ္ဘူး။ သို႔ေသာ္။ လူေတြက အက်င့္ႀကီးပါေနေတာ့ ဒါလုပ္ေနၾကတာ ျဖစ္တယ္။

ဆုေတာင္းတယ္ ဆုပန္တယ္ဆိုတာ ကိုယ့္ရဲ႕ I n d e c i s i o n (ဆုံးျဖတ္ခ်က္မခ်နိဳင္ျခင္း) ကို ေဖာ္ျပတာသာ ျဖစ္တယ္။ ဆုပန္လို႔ ရၾကတာ မဟုတ္ဘူး။ အလုပ္လုပ္လို႔ ရၾကတာသာ ျဖစ္တယ္။ ကိုယ္ကိုယ္တိုင္ ႀကိဳးစားအားထုတ္လို႔ ရတာသာ ျဖစ္တယ္။ အဲ့ဒါကို မလြဲမေသြ မွတ္သားၾကရမွာ ျဖစ္တယ္။

ျမတ္စြာဘုရားကိုယ္တိုင္က ေဒသနာေတာ္တို႔မွာ ေဟာထားတာေနာ္။ တစ္စုံတစ္ခု ျဖစ္ခ်င္တယ္ဆိုလို႔ရွိရင္ ဆုေတာင္းမေနနဲ႕ ဆုေတာင္းေနလို႔ ဘာမွမရဘူး။ ထိုအေနအထားမ်ိဳးကိုေရာက္ေစတတ္တဲ့ လမ္းေၾကာင္းအတိုင္း ေဆာင္႐ြက္ပါလို႔ ျမတ္စြာဘုရားက ရွင္းရွင္းေလး ဥပမာ ေျပာထားတာ။

မင္း ဟိုဘက္ကမ္းကို ေရာက္ခ်င္သလား။ ျမစ္တစ္ဘက္ကမ္းမွာရပ္ၿပီး ဟိုဘက္ကမ္းကို ေရာက္ခ်င္သလား။ ငါ ဟိုဘက္ကမ္းကို ေရာက္ပါေစလို႔ မင္း ဆုေတာင္းေနရင္ တစ္ေနကုန္ ထိုင္ဆုေတာင္း ဟိုဘက္ကမ္း မေရာက္ဘူး။ ေလွ ရွာ၊ သ​​​ေဘၤါရွာ ဟိုဘက္ကမ္းကိုကူး ဘာမွမပါရင္ လက္ပစ္ကူး ဒါပဲ ရွိတယ္။ ျမတ္စြာဘုရားက အဲ့ဒီလို ဆုံးမတာေနာ္။

တကယ္ေတာ့ လက္ေတြ႕က်က် လုပ္ရမယ္ဆိုတာေတြကို ဆုံးမတာ။ လက္ေတြ႕က်က်လိဳ႕ဆိုတဲ့အထဲမယ္ တစ္ျခားဘာသာတရားေတြနဲ႕ ေရာေထြးၿပီး ျမတ္ဗုဒၶရဲ႕ အဆုံးအမ တရားေတာ္ေတြကို ေနာင္ဘဝအတြက္သာ အသုံးခ်ရ မလိုလို ဆိုတာဟာ မွားယြင္းေနျခင္းပဲ ျဖစ္တယ္။

နိဗၺာန္ေရာက္ေၾကာင္း တစ္မ်ိဳးသာ ရွိတယ္။ ေလာကစီးပြားေရးနဲ႕ ဘာမွ မဆိုင္ဘူး။ ေလာကီႀကီးပြားေရးကို ေဟာတာ မဟုတ္ဘူးလို႔ ထင္လို႔ရွိရင္လည္း လုံးဝ လြဲမွားေနတယ္။

ျမတ္စြာဘုရားဟာ သတၱဝါေတြရဲ႕ အက်ိဳးစီးပြားကို လိုလားလို႔ မွန္ကန္တဲ့_နည္းလမ္းေတြကို ေဖာ္ျပၿပီး သုခကို ရေစတာ ျဖစ္တယ္ေပါ့။ ဒါေၾကာင့္မို႔ ဟိတႏွင့္ သုခဆိုတာ ႏွစ္မ်ိဳး တြဲဖက္ထားတာ။ ဟိတလုပ္မွ သုခ။

ဟိတဆိုတာ ဘာတုန္း။ Condition အေျခအေနေကာင္းတစ္ခု ဖန္တီးရတာ။ အဲ့ဒီ အေျခအေနေကာင္းတစ္ခုဆိုတာ ဘာလဲ။ ေျပာရမယ္ဆိုရင္ သားသမီးတစ္ဦး

အေျခအေနေကာင္းဆိုတာ မိဘေျပာတဲ့ စကား နားေထာင္တယ္။ လိမၼာတယ္ေပါ႔။ လူႀကီးသူမေတြ စကား နားေထာင္တယ္။ စာ ႀကိဳးစားတယ္။ အေနအထိုင္ ေကာင္းတယ္ဆိုတာ ေက်ာင္း မွန္မွန္တက္တယ္။ ပညာ ႀကိဳးစားတယ္။ ဒါဟာ ေကာင္းတဲ့ အေျခအေနေတြပဲ။

အဲ့ဒီ အေျခအေနေတြေကာင္းမွ သူ႕ရဲ႕ ေအာင္ျမင္ႀကီးပြားမႈ သုခဆိုတာ ရမွာ။ ဒါဟာ မလြဲမေသြ မွန္ကန္တဲ့လမ္းေၾကာင္း။ ျမတ္စြာဘုရားကလည္း ဒါကို ေဟာတာ။

စာေပက်န္းဂန္မွာ ၾကည့္လိုက္မယ္ဆိုရင္လည္း ဘုရားပြင့္လာတယ္ဆိုတာ ❝ဗဟုဇန ဟိတာယ ဗဟုဇန သုခါယ❞ အမ်ားအက်ိဳးစီးပြား ျဖစ္ထြန္းဖို႔နဲ႕ အမ်ားခ်မ္းသာဖို႔ အက်ိဳးစီးပြားလို႔ ဆိုတာ။ အက်ိဳးတရားကို ေျပာတာ မဟုတ္ဘူး။ အက်ိဳးတရားေတြ ျဖစ္ပြားဖို႔ရာ အေၾကာင္းကို လုပ္ရမွာ ျဖစ္တယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး