အစာအိမ် ရောဂါဖြစ်တာ (၆) နှစ်ကျော်ကို ပျောက်သွားတဲ့ ကိုယ်တွေ့ဆေးနည်း

အစာအိမ် ရောဂါဖြစ်တာ (၆) နှစ်ကျော်ကို ပျောက်သွားတဲ့ ကိုယ်တွေ့ဆေးနည်း…

ကျွန်တော် အစာအိမ်ရောဂါဖြစ်တာ( ၆ ) နှစ်ကျော်ပြီဗျ ။ အစာအိမ်ဖောက်လို့ ဆေးရုံတစ်လနီးပါး တက်ခဲ့ဖူးတယ်။အစားအသောက်တော်တော်ရွေးပြီး စားရသလို အချိန်မှန် အစာစားနို င်အောင် လဲ ဂရုစိုက်နေခဲ့ရတယ် ။

အခုတော့ ကြိုက်သလိုနေ ၊ ကြိုက်သလိုစား ၊ ဘာမှမဖြစ်တော့ဘူးဗျ ။ ဆေးကောင်းလေးတစ်ဖုံ ရလိုက်လို့ပါ ။အဲဒီဆေးနည်းကို အစာအိမ်ရောဂါ နှစ်ပေါင်း( ၃၀ ) နီးပါး ခံစားလာရပြီးမှ လက်တွေ့ပျောက်ကင်းသွားတဲ့ ဦးလေးကြီး တစ်ယောက်က ပေးတာပါ ။

ဆေးနည်းလေးက ရိုးရှင်းပါတယ် ။ မီးကွင်းဂမုန်း အမြစ်နဲ့အရွက်ကို ( ကြေးအိုးစစ်စစ် ) နဲ့ပြုပ်ပြီး အားတဲ့အချိန်တိုင်း သောက်ပေးရတာပါ ။

သံနံ့နည်းနည်းထွက်ပြီး အရောင်က မည်းပုတ်ပုတ် ဖြစ်နေပေမယ့် ချိုမြမြနဲ့ သောက်လို့ ကောင်းပါတယ် ။

ထူးခြားချက်တစ်ခုရှိသေးတယ် ။ အဲဆေးသောက်ပြီး နာရီဝက်လောက်ကြာရင် ဗိုက်နင် ပိုပီး အဆာမြန်တော့တာပဲဗျ ။အရင်ကလို အစာစားတာ များသွားရင် ရင်ပြည့်သလို ရင်ကယ်သလို ဖြစ်တာမျိုးလဲ မရှိတော့ဘူး။

အစာအိမ်ရောဂါ မရှိသူများလဲ အစာကြေဆေး အနေနဲ့ မှီဝှဲလို့ရပါတယ်။

မီးကွင်းဂမုန်းပင်ဟာ တစ်ခြားသော ရောဂါတွေလဲ ပျောက်ကင်းစေနိုင်တယ် ။ ကိုယ်တွေ့ဆေးကောင်းလေး တစ်လက်အဖြစ်ကိုယ်နဲ့ ဘဝတူတွေများရှိရင် ပျောက်ကင်း သက်သာ သွားစေချင်တဲ့ ဆန္ဒနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ။

ကျန်းမာချမ်းသာ စိတ်ခန္ဓာ မြဲမြံကြပါစေ ။⭐️

ယမင်းဖြူ

Zawgyi

အစာအိမ္ ေရာဂါျဖစ္တာ (၆) ႏွစ္ေက်ာ္ကို ေပ်ာက္သြားတဲ့ ကိုယ္ေတြ႕ေဆးနည္း…

ကြၽန္ေတာ္ အစာအိမ္ေရာဂါျဖစ္တာ( ၆ ) ႏွစ္ေက်ာ္ၿပီဗ် ။ အစာအိမ္ေဖာက္လို႔ ေဆး႐ုံတစ္လနီးပါး တက္ခဲ့ဖူးတယ္။အစားအေသာက္ေတာ္ေတာ္ေ႐ြးၿပီး စားရသလို အခ်ိန္မွန္ အစာစားႏို င္ေအာင္ လဲ ဂ႐ုစိုက္ေနခဲ့ရတယ္ ။

အခုေတာ့ ႀကိဳက္သလိုေန ၊ ႀကိဳက္သလိုစား ၊ ဘာမွမျဖစ္ေတာ့ဘူးဗ် ။ ေဆးေကာင္းေလးတစ္ဖုံ ရလိုက္လို႔ပါ ။အဲဒီေဆးနည္းကို အစာအိမ္ေရာဂါ ႏွစ္ေပါင္း( ၃၀ ) နီးပါး ခံစားလာရၿပီးမွ လက္ေတြ႕ေပ်ာက္ကင္းသြားတဲ့ ဦးေလးႀကီး တစ္ေယာက္က ေပးတာပါ ။

ေဆးနည္းေလးက ႐ိုးရွင္းပါတယ္ ။ မီးကြင္းဂမုန္း အျမစ္နဲ႔အ႐ြက္ကို ( ေၾကးအိုးစစ္စစ္ ) နဲ႔ျပဳပ္ၿပီး အားတဲ့အခ်ိန္တိုင္း ေသာက္ေပးရတာပါ ။

သံနံ႔နည္းနည္းထြက္ၿပီး အေရာင္က မည္းပုတ္ပုတ္ ျဖစ္ေနေပမယ့္ ခ်ိဳျမျမနဲ႔ ေသာက္လို႔ ေကာင္းပါတယ္ ။

ထူးျခားခ်က္တစ္ခုရွိေသးတယ္ ။ အဲေဆးေသာက္ၿပီး နာရီဝက္ေလာက္ၾကာရင္ ဗိုက္နင္ ပိုပီး အဆာျမန္ေတာ့တာပဲဗ် ။အရင္ကလို အစာစားတာ မ်ားသြားရင္ ရင္ျပည့္သလို ရင္ကယ္သလို ျဖစ္တာမ်ိဳးလဲ မရွိေတာ့ဘူး။

အစာအိမ္ေရာဂါ မရွိသူမ်ားလဲ အစာေၾကေဆး အေနနဲ႔ မွီဝွဲလို႔ရပါတယ္။

မီးကြင္းဂမုန္းပင္ဟာ တစ္ျခားေသာ ေရာဂါေတြလဲ ေပ်ာက္ကင္းေစႏိုင္တယ္ ။ ကိုယ္ေတြ႕ေဆးေကာင္းေလး တစ္လက္အျဖစ္ကိုယ္နဲ႔ ဘဝတူေတြမ်ားရွိရင္ ေပ်ာက္ကင္း သက္သာ သြားေစခ်င္တဲ့ ဆႏၵနဲ႔ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။ ။

က်န္းမာခ်မ္းသာ စိတ္ခႏၶာ ၿမဲၿမံၾကပါေစ ။⭐️

ယမင္းျဖဴ

Leave a Comment