ကားမှာပါတဲ့ အရေးကြီးတဲ့ Safety Lock (3) မျိုး

ကားမှာပါတဲ့ အရေးကြီးတဲ့ Safety Lock (3) မျိုး

ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာသုံး ကားတွေဖြစ်ပြီး ဟိုးအရင် ခေတ်ဟောင်း ကားတွေနဲ့မတူ မော်တော်ယာဉ်အတွက်ရော ကားမောင်းသူအတွက်ပါ အန္တရာယ် ကင်းရှင်းရေး နည်းပညာတွေကို တီထွင်အသုံးပြုနေကြပါပြီ ။

ဒီနေ့တင်ပြပေးချင်တဲ့ ကားမှာပါတဲ့ Safety Lock သုံးမျိုးကတော့ ကားမောင်းသူ တယောက်တည်း အတွက်မဟုတ်ဘဲ ကားမှာလိုက်ပါစီးနင်းနိုင်တဲ့ ကားမောင်းသူရဲ့ မိသားစု၀င် (အဓိက အားဖြင့် ကလေးတွေ) တွေအတွက် အထူးပြုလုပ် ထည့်သွင်း ထားတဲ့ Safety Lock လေး ၃ မျိုးပါ ။

1. Child Lock

Child Lock ဆိုတာကတော့ ကားတံခါးကို အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရအောင် လုပ်ထားတဲ့ Lock လေးတခုပါ ။ ဒီ Lock လေးအကြောင်း မသိတဲ့ သူတော်တော်များများ ၊ ကားရေဆေးရင်း ဖြစ်ဖြစ်

သန့်ရှင်းရေး လုပ်ရင်းဖြစ်ဖြစ် ဒီ Lock လေး မတော်တဆနှိပ်မိလို့ Lock ကျသွားတဲ့အခါမှာ ကားတံခါးကို အတွင်းကနေ ဖွင့်မရတော့ဘဲ အပြင်ကနေပဲ ဖွင့်ရတော့လို့ ကား၀ပ်ရှော့တွေ သွားပြတာမျိုးကြုံရ တတ်ပါတယ် ။

Child Lock ဆိုတဲ့ အရာကို ကားမှာ မှ မဟုတ်ဘဲ နေရာတော်တော်များများမှာ အသုံးပြုကြပါတယ် ။ အဓိက ကတော့ ကလေးသူငယ်တွေရဲ့ စူးစမ်းစိတ်ကြောင့် မတော်တဆ ထိခိုက်အန္တရာယ်တွေ မကြုံရလေ အောင်

ကာကွယ်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့ အရာတွေပါ ။ကားမောင်းနေတဲ့အချိန် ဖြစ်ဖြစ် ၊ ကားလမ်းဘေးမှာ ရပ်ထားတဲ့ အချိန်ဖြစ်ဖြစ် ကလေးသူငယ်တွေ ကားနောက်ခန်းထဲမှာရှိနေတဲ့အချိန် ကားတံခါးကို မတော်တဆ ဆွဲဖွင့်လိုက်မိရင် ၊

ကားတံခါးပွင့်သွားပြီး နောက်က ကားတွေနဲ့ တိုက်မိတာ ၊ ကလေးပြုတ်ကျတာ ၊ ယာဉ်မတော်တဆ မှုတွေဖြစ်တာ အစရှိတဲ့ အန္တရာယ် အမျိုးမျိုး ကြုံရနိုင်ပါတယ် ။ ဒါကြောင့် ဒီ Child Lock ဆိုတာလေးကို တီထွင်အသုံးပြုခဲ့ကြတာပါ ။

ဒီ Child Lock ဆိုတာလေးကို 1949 ခုနှစ်မှာ Joseph M. Schumann ဆိုတဲ့ လူက စတင်တီထွင်ခဲ့တာပါ ။ 1985 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေကို Child Lock မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ် ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီး စတင်အသုံးပြုခဲ့ကြတာပါ ။

ဒီ Child Lock လေးအသုံးပြုပုံက ရိုးရှင်းပါတယ် ။ တချို့ Child Lock တွေက အပေါ်အောက် တွန်းတင် တွန်းချ လို့ရတဲ့ ခလုတ်လေးနဲ့ ပြုလုပ်ထားပြီး ၊ အောက်ကို တွန်းချထားရင် Child Lock လုပ်ထားတာ ( အတွင်းကနေ ဖွင့်မရ အပြင်ကဖွင့်ရသည် ) ၊

အပေါ်ပြန်တွန်းတင်ရင် Unlock ပါ ( အတွင်းရော အပြင်ကနေပါ ဖွင့်ရသည် ) ။ ပုံမှာ လေ့လာကြည့်လို့ရပါသည် ။

တချို့ကားအမျိုးအစားတွေရဲ့ Child Lock တွေကတော့ ကားသော့နဲ့လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ အမျိုးအစား Child Lock တွေဖြစ်ပြီး Driver ကနေ အဖွင့်အပိတ် ထိန်းချိုပ်နိုင်တဲ့ Electronic စနစ်သုံး Child Lock တွေလည်းရှိပါတယ် ။

ကိုယ်က ကားမောင်းသူ တယောက်ဖြစ်ပြီး ၊ ကိုယ့်ကားမှာ ကလေးတွေလိုက်ပါစီးနင်းတတ်တယ်ဆိုရင် ကားမှာရှိတဲ့ Child Lock လေးတွေ အလုပ်လုပ်မလုပ် စမ်းသပ်စစ်ဆေးထားသင့်ပါတယ် ။

ဘာပဲဖြစ်ဖြစ် ကားတံခါး အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရတာမျိုးကြုံနေတယ်ဆိုရင် ဒါကားမှာပါတဲ့ Child Lock ဆိုတဲ့ Saftey feature လေး တခုဆိုတာ သတိရပေးစေလိုပါတယ် ။

2. Power Window Lock

အခုရှင်းပြချင်တဲ့ နောက်တဲ့ Safety Lock တမျိုးက Power Window Lock ပါ ၊ ဒီ Power Window Lock ဆိုတာကတော့ ကားမောင်းသူဖက်ခြမ်းက Power Window ကလွဲလို့ ကျန်တဲ့ တခါးတွေ မှန်အတင်အချ လုပ်မရအောင်

ထိန်းချုပ်ထားတဲ့ Safety Lock လေးတခုပါ ။ ကားမောင်းသူဖက်ခြမ်းမှာ ရှိတဲ့ မှန်တင်မှန်ချ Main Switch မှာပါပြီး အဲ့ဒီ ခလုတ်လေး နှိပ်ထားလိုက်ရင် ကားမောင်းသူဖက်ခြမ်းက မှန်တချပ်ကလွဲလို့ ကျန်တဲ့တခါးပေါက်တွေက မှန်တွေအကုန် အတင်အချ လုပ်မရတော့ပါဘူး ။

သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က Child Lock လိုပါပဲ ကလေးတွေ ကားထဲမှာ စီးနေတဲ့အချိန် မှန်အတင်အချ ခလုတ်တွေကို ကစားတာ ၊ မှန်ပိတ်ထားတဲ့အချိန် မှန်တင်မှန်ချ ခလုတ်ပေါ်ကို

ရပ်မိလို့ မှန်တခါးမတော်တဆ ပွင့်သွားတာ ၊ မှန်ကိုဖွင့်ပြီး ခေါင်းတို့ လက်တို့ အပြင်ကို ထုတ်တာ အစရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကာကွယ်ဖို့တီထွင်ဖန်တီးထားတာပါ ။

အပေါ်မှာပြောခဲ့တဲ့ Child Lock လိုပါပဲ ၊ ကိုယ့်ကားရဲ့ နောက်ခန်းထဲမှာကလေးတွေ အမြဲလိုက်ပါ စီးနင်းတတ်တယ်ဆိုရင် အဲ့ဒီ Power Window Lock လေးတွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး ၊ ကလေးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ဒီ Safety Feature လေးကို သုံးစွဲသင့်ပါတယ် ။

ကားမှန်တင်မှန်ချတွေ Driver Side ကလွဲလို့ ကျန်တဲ့ တံခါးတွေ မှန်တင်မှန်ချ လုပ်မရဘူးဆိုရင် ဒီ Power Window Lock လေးကို သတိရပြီး အပိတ်အဖွင့်လုပ် စစ်ဆေးကြည့်သင့်ပါတယ် ။

3. Shift Lock

Shift Lock ဆိုတာကလည်း ကားအတွက် အရေးကြီးတဲ့ Safety Lock လေးတခုပါပဲ ၊ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတခုပါပဲ ။ ကားကိုစက်စနှိုးလိုက်တယ် ၊

ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position ( P ) ကနေ (D) ကို ထိုးတော့မယ်ဆို ဘရိတ်ကို နင်းမယ် ၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကို နှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ် ။ ကား Shift Lever က P ( Parking ) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး ။

ဘာကြောင့် အဲ့ဒီလို လုပ်ထားရတာလဲဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို Safety Feature ကြောင့်ပါပဲ ။ ကားပေါ်မှာ ကလေးတယောက်ယောက် ရှိနေမယ် ၊ ကားကလည်း စက်နှိုးထားမယ် ၊ ကားမောင်းသူ ကလည်း အပြင်ကိုထွက်နေတဲ့အချိန်

ကလေးက ဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားက ဂီယာ၀င်ပြီး အကုန်၀င်တိုက်မိ အန္တရာယ် တွေ ဖြစ်နိုင်ပါတယ် ။

ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Praking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ် ။ Shift Lock Solenoid လေးက ဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ် ။

Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ် ။

ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ် ၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက် နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever ( ဂီယာ ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ် ။

ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထား တာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှ မရှိပါဘူး ။

ဒါပေမယ့် တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေ လာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ် ) ။

ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ ။

အဲ့လို့လုပ်ထားတဲ့ဟာမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန် ၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာ၀င်သွားပြီး ပြဿနာ အကြီးကြီး တက်သွားနိုင်ပါတယ် ။

ဒါကြောင့် ကလေးတွေအမြဲစီးတတ်တဲ့ ကားမောင်းသူတွေ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားမှာရှိတဲ့ Shift Lock စနစ်ကောင်းလားဆိုတာ ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ် ။

ကားကို Gear Position (P) မှာထားပြီး သော့ဖွင့် ၊ Brake မနင်းဘဲ ဂီယာလက်ကိုင်ဘုကို နှိပ်ပြီး ဂီယာထိုးကြည့်ပါ ၊ ဂီယာထိုးမရဘူးဆိုရင် Shift Lock စနစ်အသက်၀င်နေပြီး အန္တရာယ်ကင်းပါတယ် ။

အဲ့ဒီလိုမဟုတ်ဘဲ ဘရိတ်နင်းစရာမလိုဘဲ ဂီယာထိုးရနေတယ်ဆိုရင်တော့ တခုခုချို့ယွင်းနေပြီမို့ ကျွမ်းကျင်၀ပ်ရှော့တွေမှာ အမြန်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ် ။

Shift Lock Release Button

ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ ။ ကားမောင်းဖို့ စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး

P ( Parking ) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး Gear Position တွေပြောင်းလဲရနိုင်ပါတယ် ။

ဂီယာသင်္ကေတ P, R, N, D, 2 စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ် ။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး ၊ တချို.ကားတွေမှာတော့ သော့တို့ ၊ ၀က်အူလှည့်တို့နဲ့ ထိုးမှ ရတဲ့ အချိုင့်လေးတွေ ထဲမှာ တည်ရှိတတ်ပါတယ် ။ ပုံမှာကြည့်နိုင်ပါတယ် ။

ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့

1. Brake Switch တွေပျက်တာ ၊

2. ကြိုးလိုင်းတွေပျက်တာ

3. Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ် ။

ကားမောင်းဖို့ စက်နှိုးပြီး စစထွက်ဖို့ ကားဂီယာထိုးမရတော့ဘူး ဆိုတဲ့အချိန် ဘရိတ်နင်း ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို ( ဒါမှမဟုတ် ) ကားကို တနေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင်

ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N ( Neutral ) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ် ။

ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။

Credit – Lynn Za Nee PTU

zawgyi

ကားမွာပါတဲ့ အေရးႀကီးတဲ့ Safety Lock (3) မ်ိဳး

က်ေနာ္တို႔လက္ရွိ အသုံးျပဳေနတဲ့ ကားေတြဟာ ေခတ္မီနည္းပညာသုံး ကားေတြျဖစ္ၿပီး ဟိုးအရင္ ေခတ္ေဟာင္း ကားေတြနဲ႔မတူ ေမာ္ေတာ္ယာဥ္အတြက္ေရာ ကားေမာင္းသူအတြက္ပါ အႏၲရာယ္ ကင္းရွင္းေရး နည္းပညာေတြကို တီထြင္အသုံးျပဳေနၾကပါၿပီ ။

ဒီေန႔တင္ျပေပးခ်င္တဲ့ ကားမွာပါတဲ့ Safety Lock သုံးမ်ိဳးကေတာ့ ကားေမာင္းသူ တေယာက္တည္း အတြက္မဟုတ္ဘဲ ကားမွာလိုက္ပါစီးနင္းႏိုင္တဲ့ ကားေမာင္းသူရဲ႕ မိသားစု၀င္ (အဓိက အားျဖင့္ ကေလးေတြ) ေတြအတြက္ အထူးျပဳလုပ္ ထည့္သြင္း ထားတဲ့ Safety Lock ေလး ၃ မ်ိဳးပါ ။

1. Child Lock

Child Lock ဆိုတာကေတာ့ ကားတံခါးကို အတြင္းကေန ဖြင့္မရဘဲ အျပင္ကေနပဲ ဖြင့္ရေအာင္ လုပ္ထားတဲ့ Lock ေလးတခုပါ ။ ဒီ Lock ေလးအေၾကာင္း မသိတဲ့ သူေတာ္ေတာ္မ်ားမ်ား ၊ ကားေရေဆးရင္း ျဖစ္ျဖစ္

သန္႔ရွင္းေရး လုပ္ရင္းျဖစ္ျဖစ္ ဒီ Lock ေလး မေတာ္တဆႏွိပ္မိလို႔ Lock က်သြားတဲ့အခါမွာ ကားတံခါးကို အတြင္းကေန ဖြင့္မရေတာ့ဘဲ အျပင္ကေနပဲ ဖြင့္ရေတာ့လို႔ ကား၀ပ္ေရွာ့ေတြ သြားျပတာမ်ိဳးႀကဳံရ တတ္ပါတယ္ ။

Child Lock ဆိုတဲ့ အရာကို ကားမွာ မွ မဟုတ္ဘဲ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳၾကပါတယ္ ။ အဓိက ကေတာ့ ကေလးသူငယ္ေတြရဲ႕ စူးစမ္းစိတ္ေၾကာင့္ မေတာ္တဆ ထိခိုက္အႏၲရာယ္ေတြ မႀကဳံရေလ ေအာင္

ကာကြယ္ဖို႔အတြက္ တီထြင္ဖန္တီးထားတဲ့ အရာေတြပါ ။ကားေမာင္းေနတဲ့အခ်ိန္ ျဖစ္ျဖစ္ ၊ ကားလမ္းေဘးမွာ ရပ္ထားတဲ့ အခ်ိန္ျဖစ္ျဖစ္ ကေလးသူငယ္ေတြ ကားေနာက္ခန္းထဲမွာရွိေနတဲ့အခ်ိန္ ကားတံခါးကို မေတာ္တဆ ဆြဲဖြင့္လိုက္မိရင္ ၊

ကားတံခါးပြင့္သြားၿပီး ေနာက္က ကားေတြနဲ႔ တိုက္မိတာ ၊ ကေလးျပဳတ္က်တာ ၊ ယာဥ္မေတာ္တဆ မႈေတြျဖစ္တာ အစရွိတဲ့ အႏၲရာယ္ အမ်ိဳးမ်ိဳး ႀကဳံရႏိုင္ပါတယ္ ။ ဒါေၾကာင့္ ဒီ Child Lock ဆိုတာေလးကို တီထြင္အသုံးျပဳခဲ့ၾကတာပါ ။

ဒီ Child Lock ဆိုတာေလးကို 1949 ခုႏွစ္မွာ Joseph M. Schumann ဆိုတဲ့ လူက စတင္တီထြင္ခဲ့တာပါ ။ 1985 ခုႏွစ္မွာေတာ့ အေမရိကန္ႏိုင္ငံမွာ ထုတ္လုပ္တဲ့ ကားေတြကို Child Lock မျဖစ္မေန ထည့္သြင္းတပ္ဆင္ရမယ္ ဆိုတဲ့ ဥပေဒထုတ္ျပန္ၿပီး စတင္အသုံးျပဳခဲ့ၾကတာပါ ။

ဒီ Child Lock ေလးအသုံးျပဳပုံက ႐ိုးရွင္းပါတယ္ ။ တခ်ိဳ႕ Child Lock ေတြက အေပၚေအာက္ တြန္းတင္ တြန္းခ် လို႔ရတဲ့ ခလုတ္ေလးနဲ႔ ျပဳလုပ္ထားၿပီး ၊ ေအာက္ကို တြန္းခ်ထားရင္ Child Lock လုပ္ထားတာ ( အတြင္းကေန ဖြင့္မရ အျပင္ကဖြင့္ရသည္ ) ၊

အေပၚျပန္တြန္းတင္ရင္ Unlock ပါ ( အတြင္းေရာ အျပင္ကေနပါ ဖြင့္ရသည္ ) ။ ပုံမွာ ေလ့လာၾကည့္လို႔ရပါသည္ ။

တခ်ိဳ႕ကားအမ်ိဳးအစားေတြရဲ႕ Child Lock ေတြကေတာ့ ကားေသာ့နဲ႔လွည့္ၿပီး အဖြင့္အပိတ္လုပ္ရတဲ့ အမ်ိဳးအစား Child Lock ေတြျဖစ္ၿပီး Driver ကေန အဖြင့္အပိတ္ ထိန္းခ်ိဳပ္ႏိုင္တဲ့ Electronic စနစ္သုံး Child Lock ေတြလည္းရွိပါတယ္ ။

ကိုယ္က ကားေမာင္းသူ တေယာက္ျဖစ္ၿပီး ၊ ကိုယ့္ကားမွာ ကေလးေတြလိုက္ပါစီးနင္းတတ္တယ္ဆိုရင္ ကားမွာရွိတဲ့ Child Lock ေလးေတြ အလုပ္လုပ္မလုပ္ စမ္းသပ္စစ္ေဆးထားသင့္ပါတယ္ ။

ဘာပဲျဖစ္ျဖစ္ ကားတံခါး အတြင္းကေန ဖြင့္မရဘဲ အျပင္ကေနပဲ ဖြင့္ရတာမ်ိဳးႀကဳံေနတယ္ဆိုရင္ ဒါကားမွာပါတဲ့ Child Lock ဆိုတဲ့ Saftey feature ေလး တခုဆိုတာ သတိရေပးေစလိုပါတယ္ ။

2. Power Window Lock

အခုရွင္းျပခ်င္တဲ့ ေနာက္တဲ့ Safety Lock တမ်ိဳးက Power Window Lock ပါ ၊ ဒီ Power Window Lock ဆိုတာကေတာ့ ကားေမာင္းသူဖက္ျခမ္းက Power Window ကလြဲလို႔ က်န္တဲ့ တခါးေတြ မွန္အတင္အခ် လုပ္မရေအာင္

ထိန္းခ်ဳပ္ထားတဲ့ Safety Lock ေလးတခုပါ ။ ကားေမာင္းသူဖက္ျခမ္းမွာ ရွိတဲ့ မွန္တင္မွန္ခ် Main Switch မွာပါၿပီး အဲ့ဒီ ခလုတ္ေလး ႏွိပ္ထားလိုက္ရင္ ကားေမာင္းသူဖက္ျခမ္းက မွန္တခ်ပ္ကလြဲလို႔ က်န္တဲ့တခါးေပါက္ေတြက မွန္ေတြအကုန္ အတင္အခ် လုပ္မရေတာ့ပါဘူး ။

သူရဲ႕ အဓိက ရည္႐ြယ္ခ်က္ကေတာ့ အေပၚက Child Lock လိုပါပဲ ကေလးေတြ ကားထဲမွာ စီးေနတဲ့အခ်ိန္ မွန္အတင္အခ် ခလုတ္ေတြကို ကစားတာ ၊ မွန္ပိတ္ထားတဲ့အခ်ိန္ မွန္တင္မွန္ခ် ခလုတ္ေပၚကို

ရပ္မိလို႔ မွန္တခါးမေတာ္တဆ ပြင့္သြားတာ ၊ မွန္ကိုဖြင့္ၿပီး ေခါင္းတို႔ လက္တို႔ အျပင္ကို ထုတ္တာ အစရွိတဲ့ အႏၲရာယ္ရွိတဲ့ အျပဳအမူေတြကို ကာကြယ္ဖို႔တီထြင္ဖန္တီးထားတာပါ ။

အေပၚမွာေျပာခဲ့တဲ့ Child Lock လိုပါပဲ ၊ ကိုယ့္ကားရဲ႕ ေနာက္ခန္းထဲမွာကေလးေတြ အၿမဲလိုက္ပါ စီးနင္းတတ္တယ္ဆိုရင္ အဲ့ဒီ Power Window Lock ေလးေတြ ေကာင္းမေကာင္း အၿမဲစစ္ေဆးၿပီး ၊ ကေလးေတြ အႏၲရာယ္ကင္း ေဘးရွင္းဖို႔ ဒီ Safety Feature ေလးကို သုံးစြဲသင့္ပါတယ္ ။

ကားမွန္တင္မွန္ခ်ေတြ Driver Side ကလြဲလို႔ က်န္တဲ့ တံခါးေတြ မွန္တင္မွန္ခ် လုပ္မရဘူးဆိုရင္ ဒီ Power Window Lock ေလးကို သတိရၿပီး အပိတ္အဖြင့္လုပ္ စစ္ေဆးၾကည့္သင့္ပါတယ္ ။

3. Shift Lock

Shift Lock ဆိုတာကလည္း ကားအတြက္ အေရးႀကီးတဲ့ Safety Lock ေလးတခုပါပဲ ၊ ေသခ်ာရွင္းျပရရင္ေတာ့ ကားေမာင္းသူတိုင္း ေန႔စဥ္အသုံးျပဳေနၿပီး သတိမမူမိတဲ့ Lock ေလးတခုပါပဲ ။ ကားကိုစက္စႏႈိးလိုက္တယ္ ၊

ကားစက္ႏိုးသြားတယ္ဆိုရင္ ေရွ႕သြားဖို႔ Gear Position ( P ) ကေန (D) ကို ထိုးေတာ့မယ္ဆို ဘရိတ္ကို နင္းမယ္ ၊ ၿပီးရင္ Shift Lever ( ဂီယာတံက ) ဘု ေလးကို ႏွိပ္ၿပီး ထိုးမွ ဂီယာထိုးရပါတယ္ ။ ကား Shift Lever က P ( Parking ) မွာရွိေနတဲ့အခ်ိန္ ဘရိတ္မနင္းဘဲ ဂီယာဘုပဲ ႏွိပ္ ဂီယာထိုးၾကည့္ရင္ ဂီယာထိုးမရပါဘူး ။

ဘာေၾကာင့္ အဲ့ဒီလို လုပ္ထားရတာလဲဆိုရင္ေတာ့ အေပၚမွာ ေျပာခဲ့သလို Safety Feature ေၾကာင့္ပါပဲ ။ ကားေပၚမွာ ကေလးတေယာက္ေယာက္ ရွိေနမယ္ ၊ ကားကလည္း စက္ႏႈိးထားမယ္ ၊ ကားေမာင္းသူ ကလည္း အျပင္ကိုထြက္ေနတဲ့အခ်ိန္

ကေလးက ေဆာ့ကစားၿပီး Shift Lever က ဘုကိုႏွိပ္ၿပီး Gear Position ေတြ လိုက္ကစားလိုက္ရင္ ကားက ဂီယာ၀င္ၿပီး အကုန္၀င္တိုက္မိ အႏၲရာယ္ ေတြ ျဖစ္ႏိုင္ပါတယ္ ။

ဒါေၾကာင့္ ကား Shift Lever (ဂီယာတံ) ကို P (Praking) ေနရာကေန အလြယ္တကူ ေ႐ႊ႕မရေအာင္ Shift Lock Solenoid ေလးနဲ႔ထိန္းေပးထားပါတယ္ ။ Shift Lock Solenoid ေလးက ဖြင့္ေပးမွ ဂီယာတံက P (Parking) ေနရာကေန အျခားဂီယာေတြကို ထိုးလို႔ရပါတယ္ ။

Shift Lock Solenoid ေလးကိုေတာ့ ေသာ့ဖြင့္လိုက္တာနဲ႔ (IG) အေပါင္း (+) Voltage ေရာက္ေအာင္ လုပ္ထားၿပီး ေနာက္ထပ္ လိုအပ္တဲ့ အႏႈတ္စ (-) ကိုေတာ့ ECU ကေန ေပးပို႔ပါတယ္ ။

ECU ကေနလည္း ဒီအတိုင္းပို႔မေပးဘဲ Gear Position က (P) မွာရွိရမယ္ ၊ ေနာက္ထပ္ Brake လည္း နင္းထားရမယ္ဆိုတဲ့ အခ်က္ ႏွစ္ခ်က္ညီမွ ECU ကေန အႏႈတ္ Signal ထုတ္ေပးၿပီး Shift Lock Solenoid ကိုဆြဲေစကာ Shift Lever ( ဂီယာ ) ဘုကိုႏွိပ္ ဂီယာထိုးရေစပါတယ္ ။

ဒါက Shift Lock ဆိုတဲ့ ဂီယာလက္တံ ေ႐ႊ႕ေျပာင္းတဲ့ စနစ္ပါ ။ Shift Lock စနစ္က ဒီလို ထိန္းခ်ဳပ္ထား တာမို႔ သူ႔ပုံမွန္အတိုင္းဆို ဘရိတ္နင္းမွ ဂီယာလက္တံေ႐ႊ႕ရတာမို႔ ဘာအႏၲရာယ္မွ မရွိပါဘူး ။

ဒါေပမယ့္ တခ်ိဳ႕ခ်ိဳ႕ေသာ ကားေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ECU ကေန လာမယ့္ အႏႈတ္ (-) Signal ႀကိဳးကို Ground Direct ခ်ထားတာေတြ ရွိတတ္ပါတယ္ (ဒါမ်ိဳး Ground တိုက္႐ိုက္ ခ်ထားတဲ့ ကားေတြ က်ေနာ္ကိုယ္တိုင္ မၾကာမၾကာေတြ႕ရပါတယ္ ) ။

ဒီလို Ground တိုက္႐ိုက္ခ်ထားတဲ့အတြက္ Shift Lock Solenoid က ေသာ့ဖြင့္တာနဲ႔ ဆြဲေနၿပီး ဘရိတ္နင္းစရာမလိုဘဲ ဂီယာဘုႏွိပ္ ဂီယာထိုးရေနပါၿပီ ။

အဲ့လို႔လုပ္ထားတဲ့ဟာမ်ိဳးနဲ႔ ေဆာ့တတ္ကစားတတ္တဲ့ ကေလးနဲ႔သြားေတြ႕ရင္ ကားစက္ေလးႏႈိး (Idle) ေလးနဲ႔ လုပ္ထားခ်ိန္ ၊ ကေလးက ဂီယာလက္ကိုင္ဘုႏွိပ္ ဂီယာထိုးလိုက္ရင္ ဂီယာ၀င္သြားၿပီး ျပႆနာ အႀကီးႀကီး တက္သြားႏိုင္ပါတယ္ ။

ဒါေၾကာင့္ ကေလးေတြအၿမဲစီးတတ္တဲ့ ကားေမာင္းသူေတြ ကားပိုင္ရွင္ေတြအေနနဲ႔ ကိုယ့္ကားမွာရွိတဲ့ Shift Lock စနစ္ေကာင္းလားဆိုတာ ကိုယ္တိုင္စစ္ေဆးၾကည့္သင့္ပါတယ္ ။

ကားကို Gear Position (P) မွာထားၿပီး ေသာ့ဖြင့္ ၊ Brake မနင္းဘဲ ဂီယာလက္ကိုင္ဘုကို ႏွိပ္ၿပီး ဂီယာထိုးၾကည့္ပါ ၊ ဂီယာထိုးမရဘူးဆိုရင္ Shift Lock စနစ္အသက္၀င္ေနၿပီး အႏၲရာယ္ကင္းပါတယ္ ။

အဲ့ဒီလိုမဟုတ္ဘဲ ဘရိတ္နင္းစရာမလိုဘဲ ဂီယာထိုးရေနတယ္ဆိုရင္ေတာ့ တခုခုခ်ိဳ႕ယြင္းေနၿပီမို႔ ကြၽမ္းက်င္၀ပ္ေရွာ့ေတြမွာ အျမန္သြားေရာက္စစ္ေဆးရမွာျဖစ္ပါတယ္ ။

Shift Lock Release Button

ဒါကေတာ့ ဂီယာလက္တံ ေ႐ႊ႕မရျဖစ္တတ္တဲ့အခါ Emergency အေနနဲ႔ ဂီယာလက္တံေ႐ႊ႕ရေအာင္ လုပ္ထားတဲ့ ခလုတ္ေလးပါ ။ ကားေမာင္းဖို႔ စက္ႏႈိးၿပီး ဂီယာလည္းထိုးေရာ ဂီယာလက္တံက ေ႐ႊ႕မရေတာ့ဘူး

P ( Parking ) ေနရာမွာပဲ ရွိေနတယ္ဆိုရင္ ဒီ Shift Lock Release Button ေလးကို Emergency အေနနဲ႔ အသုံးျပဳၿပီး Gear Position ေတြေျပာင္းလဲရႏိုင္ပါတယ္ ။

ဂီယာသေကၤတ P, R, N, D, 2 စတဲ့ဂဏန္းေတြရဲ႕ အေပၚမွာ ေဘးမွာရွိတတ္ပါတယ္ ။ တခ်ိဳ႕အမ်ိဳးအစား ကားေတြမွာ ဘုေလးေတြအျဖစ္ရွိေနၿပီး ၊ တခ်ိဳ.ကားေတြမွာေတာ့ ေသာ့တို႔ ၊ ၀က္အူလွည့္တို႔နဲ႔ ထိုးမွ ရတဲ့ အခ်ိဳင့္ေလးေတြ ထဲမွာ တည္ရွိတတ္ပါတယ္ ။ ပုံမွာၾကည့္ႏိုင္ပါတယ္ ။

ဂီယာလက္တံ ေ႐ႊ႕မရတာမ်ိဳးေတြကေတာ့

1. Brake Switch ေတြပ်က္တာ ၊

2. ႀကိဳးလိုင္းေတြပ်က္တာ

3. Shift Solenoid ပ်က္တာ အစရွိသျဖင့္ အမ်ိဳးမ်ိဳးရွိတတ္ပါတယ္ ။

ကားေမာင္းဖို႔ စက္ႏႈိးၿပီး စစထြက္ဖို႔ ကားဂီယာထိုးမရေတာ့ဘူး ဆိုတဲ့အခ်ိန္ ဘရိတ္နင္း ဒီခလုတ္ေလးကို ဖိထားၿပီး ဂီယာကို D ေ႐ႊ႕ရသလို ( ဒါမွမဟုတ္ ) ကားကို တေနရာရာမွာ ရပ္ထားၿပီး ေသာ့ဖြင့္မရ စက္ႏႈိး မရေတာ့တဲ့အခ်ိန္ ကားကိုေနရာေ႐ႊ႕ဖို႔ လိုလာတယ္ဆိုရင္

ဒီ Shift Lock Release Button ေလးကို ႏွိပ္ၿပီး ကားကို N ( Neutral ) မွာထားၿပီး ကားကိုတြန္း ေ႐ႊ႕လို႔ရပါတယ္ ။

ဒါေလးေတြကလည္း ကားမွာပါတဲ့ Safety Lock ေလးနဲ႔ ဆက္စပ္ၿပီး သိသင့္သိထိုက္တဲ့ အေရးႀကီး အခ်က္ေလးေတြပါ ။ ဒီအခ်က္ေလးေတြကို သိထားျခင္းျဖင့္ မေတာ္တဆ ႀကဳံေတြ႕လာရရင္ ကိုယ္တိုင္ ေျဖရွင္းႏိုင္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းမွာျဖစ္ပါတယ္။

Credit – Lynn Za Nee PTU

 

Leave a Comment