ကစောသီး ငပိထောင်း ထောင်းနည်း
ထောင်းစားချင်လို့သူများဆီက ကူးလာမိပြီး…ခုက ရာသီချိန်ဆိုတော့….
စိတ်ဝင်စားသူတွေထောင်းစားကြည့်ပါနော်….
ခရမ်းကစော့ သီး လေး ငပိထောင်း
ငပိထောင်းဖို့လိုအပ်တာက. ငရုပ်သီးစိမ်းတောင့် “မျှင်ငပိ ” ခရမ်းကတော်သီး ” ကြက်သွန်ဖြူ ” သံပုရာသီး ” ပုဇွန်ခြောက် သို့မဟုတ် ပုဇွန်အစိမ်း ၂ကောင်၃ကောင်လောက်ကို
အခွံခွာပြီးလှော်ထားပါ “ဆား ၊အချိုမှုန်၊့ ငပိကို အရင် မီးကင်ထားပါ ” ပုဇွန်ကို လှော်ထားပါ ပုဇွန်ခြောက်ဆိုရင်ရေစိမ်ထားပါ ”
ကြက်သွန်ဖြူ ကို အခွံခွာ အရှည်လိုက်လေး မပါးတစ်ပါးလေးလှီးထားပါ ငရုပ်သီးစိမ်းကို အညှာချွေ ခရမ်းက​စော့သီး ကို အညှာချွေ သံပုရာသီးတစ်စိတ်
ခရမ်းကစော့ သီးရယ် ငရုပ်သီးစိမ်းရယ် ကြက်သွန်ဖြူရယ်အကုန် အိုးတစ်လုံးထဲ ထည့်ပြီး လှော်ပေးပါ
အကုန်အညို ရောင်သမ်းသည်အထိ လှော်ပေး ပါ အညိုရောင်သမ်းပြီး မတူးတစ်တူးလေး ဆို ရပါပြီ
စထောင်းမယ် လှော်ထားတဲ့ပုဇွန် သို့မဟုတ် ရေစိမ်ထားတဲ့ပုဇွန်ခြောက်အရင်ထောင်းပါ ပြီးရင်ငရုပ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ကိုထည့်​မညက်တစ်ညက်လေးထောင်းပါ
ပြီးရင် ကင်ထားတဲ့ ငပိ ကို ထည့်ထောင်းပါ အကုန်စီးပြီး အရမ်းကပ်မနေစေဖို့ဆီးလေးနည်းနည်းလေးထည့်ထောင်းပါ ငပိတွေအကုန်နှံပြီးဆိုရင်ခရမ်းကတော်သီးလေးတွေ ထည့်ထောင်းပါ
အချိုမှုန့်လေးထည့်ပါ ဆားလေးနည်းနည်းပဲသုံးပါ ငပိက အငံဓာတ်ပါပြီးသားမို့ပါ လိုမှထပ်ထည့်ပါ အကုန် မညက်တစ်ညက်လေး ဖြစ်ပြီးဆိုရင် သံပုရာသီးညှစ်ထည့်ပါ
ကိုယ်လိုချင်တဲ့အချဉ်ပမာဏ ထည့်ပါ ပြီးရင်တစ်ချက်နှစ်ချက်နှံထောင် ထောင်းလိုက်ပါ အပေါ့ငံမည်း ကိုယ့် အကြိုတ်အတော်နေရပြီးဆိုရင် ရပါပြီး ခရမ်းကစော့သီး ငပိထောင်း
ခရမ်းကစော့ သီးမရှိရင်သရက်သီးနဲ့လည်းထောင်း လို့ရသလို နံနံပင်နဲ့ လည်းထောင်းလို့ရပါတယ်ထောင်းနည်းကအတူတူပါ
သရက်သီးနဲ့နံနံပင်က တော့ ထည့်လှော်ပြစ်စရာမလိုဘူးပေါ့ရှင့် ထမင်းမိန်ပါတယ် ထောင်းစားကြည့်နော်။ ။
moe sandar myint
Zawgyi
moe sandar myint